လုံးခင်းရတနာနယ်မြေ၌ ရေမဆေးကျောက်တူးသူတစ်ဦး ကျင်းကမ်းပါးပေါ်မှ ပြုတ်ကျသေဆုံး


Ministry of Information/ ကချင် / February 05, 2020
image_latest


ဖားကန့် ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရတနာနယ်မြေ၊ သာယာကုန်းကျေးရွာအနီး၌ ရေမဆေးကျောက်တူး ကျောက်ရှာသူ အမျိုးသားတစ်ဦးသည် ၎င်းတူးဖော်နေသည့် အမြင့်ပေ (၃၀၀)ခန့်ရှိ ကျင်းကမ်းပါးပေါ်မှ အောက်သို့ ပြုတ်ကျသေဆုံးခဲ့မှု ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဇော်နိုင်ဝင်း၊ (၃၄)နှစ်၊ မှော်စီစာကျေးရွာ၊ အောင်သာယာ(၂)တွင် နေထိုင်သူဖြစ်ပြီး ရေဦး မြို့နယ်မှ လာရောက်အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံးခင်းနယ်မြေရဲစခန်း၌ သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)