ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူများ ပုသိမ်ပညာရေးကောလိပ်၊ ပုသိမ်တက္ကသိုလ်များသို့ သွားပြီး Facility Quarantine Cantre ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / June 18, 2020
image_latest


ပုသိမ်  ဇွန်  ၁၈

ဧရာဝတီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID – 19) နှင့်ပတ်သက်ပြီး ရောဂါရောက်ရှိ ပြန့်ပွားခြင်းမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အရှိန်အဟုန်မြှင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၁) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ကြီးကြပ်ရေး ဦးစီးကော်မတီဝင်များလိုက်ပါလျက် ပုသိမ်ပညာရေးကောလိပ်သို့ သွားရောက် ပြီး Facility Quarantine Centre များတွင် ထားရှိသူများအား ကျွေးမွေးရန် ထမင်းနှင့်ဟင်းများ ပြင်ဆင်ထားရှိမှုများအားကြည့်ရှုပြီး ကူညီဆောင်ရွက်ပေးနေသော Volunteer များအား ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင်နှင့် တေဇဆောင်တို့တွင် ဖွင့်လှစ်ထားရှိသော Facility Quarantine Centre များသို့ သွားရောက်ကာ Quarantine Centre ရှိ တာဝန်ရှိသူများမှ Quarantine Centre တွင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး Quarantine Centre တွင် ကူညီဆောင်ရွက်ပေးနေသော Volunteer များအား ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ပုသိမ်ပညာရေးကောလိပ်ဝန်ဆောင် Facility Quarantine Centre တွင် ကျား/မ ၃၉ ဦး၊ ပမ္မဝတီဆောင် Facility Quarantine Centreတွင် ကျား/မ ၁၈ ဦး၊ ချယ်ရီဆောင် Facility Quarantine Centre တွင် ကျား ၂၊ စုစုပေါင်း ၅၉ ဦး၊ နန္ဒဆောင် Facility Quarantine Centre တွင် ကျား/မ (၆၄) ဦးနှင့် တေဇဆောင် Facility Quarantine Centre ကျား/မ (၉၀) ဦးတို့အား Quarantine ထားရှိကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)