အနုပညာရပ်ဝန်း၌ အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်း၏ အစိတ်အပိုင်းတချို့ ဆက်တင်အခမ်း အနားများ ပြင်ဆင်ဆောင်ရွက်မှုများကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကြည့်ရှု


Ministry of Information/ ​နေပြည်တော် / December 15, 2019
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၅

 

သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အမှတ် (၅၀) ရွေတောင်ကြားလမ်းရှိ အနုပညာရပ်ဝန်း၌ အောင်ဆန်း ရုပ်ရှင်ဇာတ်ဝင်ခန်း၏ အစိတ်အပိုင်းတချို့ ရိုက်ကူးရန်အတွက် ဆက်တင် အခမ်းအနား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေး ဒါရိုက်တာ ဦးလူမင်းနှင့် ဘဏ္ဍာရေးနှင့် စစ်ဆေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင်တို့က အနုပညာရပ်ဝန်းအတွင်း၌ အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးရန်အတွက် ဆက်တင်အခမ်းအနားများ ပြင်ဆင်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရုပ်ရှင်ပြခန်းအတွင်း အောင်ဆန်းရုပ်ရှင်အတွက် ဝတ်စုံဒီဇိုင်းများ ဆောင်ရွက်ပေးခဲ့ သည့် ဒီဇိုင်နာအဖွဲ့များနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး အနုပညာရပ်ဝန်းရှိ စတူဒီယိုများ အတွင်း ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။

အနုပညာရပ်ဝန်း၌ အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းတွင် ပါဝင်သော တရုတ်နိုင်ငံ အမွိုင်မြို့ ကူလန်စုရပ်ကွက်သို့ သခင်အောင်ဆန်းနှင့် သခင်လှဖေတို့ ရောက်ရှိလာသော ဇာတ်ဝင်ခန်း များကို ရိုက်ကူးသွားမည်ဖြစ်သည်။ အဆိုပါ ဇာတ်ဝင်ခန်းများ ရိုက်ကူးနိုင်ရေး ဆက်တင် ပြင်ဆင်မှုများကို ဒီဇင်ဘာ ၂ ရက်မှ စတင် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)