အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ Online Meeting System ဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ Online Meeting System ဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်
Ministry of Information/ Naypyitaw / December 10, 2020
ပဲခူး ဒီဇင်ဘာ ၁၀
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက နေပြည်တော်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဌာနဆိုင်ရာများက Online Meeting စနစ်ဖြင့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်တို့က အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှူး Mr. Ola Almgren က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍လည်းကောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ Deputy Resident Representative , Ms. Dawn Del Rio က အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်းကို လည်းကောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) Country Manager, Mr. Benedikt Hofmann က UNODC Executive Director ၏ Video Message ကို ပြသ၍လည်းကောင်း အသီးသီးတင်ပြခဲ့ကြပြီးနောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မိန်းခွန်းကောက်နှုတ်ချက်နှင့် ပြည်သူတို့၏ စကားသံများအား Video Click ဖြင့် ပြသခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ အထူးဖိတ်ကြားထားသည့် ပြည်တွင်း/ ပြည်ပ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)
