အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် အမျိုးသားမှတ်ပုံတင်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် အမျိုးသားမှတ်ပုံတင်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
Ministry of Information/ နေပြည်တော် / April 26, 2020

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနသည် အလုပ်သမား များ၏ အရေးကိစ္စအ၀၀အတွက် ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် လိုအပ်သည့် နိုင်ငံသားအထောက်အထားများ၊ တိကျသည့်လူသားအရင်းအမြစ် စာရင်းဇယား များကို ပြုစုပေးလျက်ရှိသည့် ဝန်ကြီးဌာန တစ်ခု ဖြစ်သည်။
နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ဖြတ်သန်းမှုများတွင် ဝန်ကြီးဌာန၏ လုပ်ငန်း စဉ်များကို တိုးမြှင့်ကာ အလုပ်သမားများ အတွက် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးခြင်း နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက် နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ကို မြင်တွေ့ရ သည်။
ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲမှုများ၊ ဦးစားပေးလုပ်ငန်းစဉ်များထားရှိ ဆောင်ရွက် နေမှုများကို သိရှိနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည် -
မေး ။ ။ စတုတ္ထ (၁) နှစ်တာအတွင်း အလုပ် သမားအရေးကိစ္စနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေအကြောင်း ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်း တွေနဲ့ ပတ်သက်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ပြည်တွင်းအလုပ် အကိုင်အတွက် အလုပ်အကိုင်နဲ့ အလုပ်သမား ရှာဖွေရေးရုံးတွေကနေ အလုပ်သမား ၂၆၀၀၀၀ ကျော်ကို အလုပ်အကိုင်ရရှိအောင် ချိတ်ဆက် ပေးနိုင်ခဲ့ပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် အလုပ်သမားအရေအတွက် ၆၀၀၀၀ ကျော် အလုပ်အကိုင် ပိုမိုတိုးတက်ရရှိလာခဲ့ ပါတယ်။
ပြည်ပအလုပ်အကိုင်ရရှိမှုအနေနဲ့ ပြည်ပ နိုင်ငံ ကိုးနိုင်ငံကို ၂၀၁၈ ခုနှစ်မှာ အလုပ်သမား ဦးရေ ၂၀၀၀၀ ကျော် စေလွှတ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အလုပ်သမား ၂၉၀၀၀၀ ကျော် စေလွှတ်နိုင်ခဲ့တဲ့အတွက် ၇၀၀၀၀ ခန့် ပိုမို စေလွှတ်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် ထိုင်း၊ မလေးရှား နဲ့ ကိုရီးယားနိုင်ငံတို့မှာ အလုပ်သမား သံအရာရှိတွေ ခန့်အပ်ထားပြီး အလုပ်သမား ရေးရာ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေဖို့ ရည်ရွယ်ပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် ဧပြီလ မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အလုပ် အကိုင်အခွင့်အလမ်းပြပွဲ ရှစ်ကြိမ်ခန့်ကျင်းပ ခဲ့ပြီး လူဦးရေ ၂၂၅၉ ဦးကို အလုပ်အကိုင်တွေ ပေးအပ်နိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူများစောင့်ရှောက်ရေးဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်စေလွှတ်ခွင့်ပြုခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ ၉၆၂ ဦး စေလွှတ်ခဲ့ပြီး ဖြစ်ပါ တယ်။ စင်ကာပူနိုင်ငံကို အိမ်တွင်းအထောက် အကူလုပ်သားတွေ စေလွှတ်နိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်နဲ့ စင်ကာပူအေဂျင်စီအဖွဲ့ချုပ်တို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးဖို့ ပြင်ဆင်နေပါတယ်။ မေး ။ ။ ရွှေ့ပြောင်း လုပ်သားတွေအတွက် လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှု ဖြစ်လာဖို့ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို သိပါရစေရှင့်။
ဖြေ ။ ။ ရွှေ့ပြောင်းအလုပ်သမားများ ကူညီ ထောက်ပံ့ရေးဗဟိုဌာန (MRC) ရုံး တွေကို ၂၀၁၉ ခုနှစ်အတွင်း တာချီလိတ်မြို့နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဟင်္သာတမြို့တို့မှာ ရုံးသစ်တစ်ရုံးစီကို ILO နဲ့ IOM တို့ ပူးပေါင်း ဖွင့်လှစ်ပေးခဲ့လို့ ယခုအခါ ၁၆ ရုံးခန့်ရှိပါပြီ။ ဆက်လက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးသွားရောက်တဲ့ ဒေသတွေဖြစ်တဲ့ မြဝတီ၊ မြစ်ကြီးနားနဲ့ မြိတ်မြို့တို့မှာ IOM နဲ့ ပူးပေါင်းပြီး ဖွင့်လှစ်တာရှိပါတယ်။ ထပ်မံပြီး ( လွိုင်ကော်၊ အောင်လံနဲ့ မိုးညှင်းမြို့တွေမှာ ILO နဲ့ ပူးပေါင်းဖွင့်လှစ်ဖို့ လျာထား ပါတယ်။ ဒါမှ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် လိုအပ်တဲ့ သတင်းအချက်အလက် တွေကို ပိုမိုကူညီထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါ တယ်။
မေး။ ။ ကျွမ်းကျင်လုပ်သားတွေကို စံစနစ် သတ်မှတ်ဆောင်ရွက်တာနဲ့ ပတ် သက်ပြီး ဘယ်လိုစံသတ်မှတ်ပြီး စစ်ဆေး အကဲဖြတ်နေတယ်ဆိုတာ သိပါရစေရှင့်။
ဖြေ ။ ။ မြန်မာနိုင်ငံသားများ ကျွမ်းကျင်မှု သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ “စံ” ဖြစ်တဲ့ NSSA ကို အမျိုးသားအဆင့် ကျွမ်းကျင် မှု စစ်ဆေးအကဲဖြတ်ရေးဌာနတွေကနေ အလုပ်အကိုင်အမျိုးအစား ၂၅ မျိုးအတွက် ကျွမ်းကျင်လုပ်သားအဆင့်(၁)တွင် ၃၄၂၅ ဦးနဲ့ ကျွမ်းကျင်မှုအဆင့်(၂) တွင် ၂၆၉ ဦး စုစုပေါင်း ( ၃၆၉၄ဦးကို အောင်မြင်အောင်သင်ကြားပေးပြီး ယခုနှစ်အတွင်းမှာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။
မေး ။ ။ အနည်းဆုံးအခကြေးငွေ သတ်မှတ် ဆောင်ရွက်နေမှုတွေကို ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာ ပြောပြပေးစေလို ပါတယ်ရှင့်။
ဖြေ ။ ။ အနည်းဆုံးအခကြေးငွေကို (၂)နှစ် တစ်ကြိမ်သတ်မှတ်ဖို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ သတ်မှတ်ကာလအတွင်း အချိန်မီပြင်ဆင် သတ်မှတ်နိုင်ဖို့အတွက် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်ကော်မတီတွေအနေနဲ့ စာရင်း စစ်တမ်းကောက်ယူနေပြီး အလုပ်ရှင်တွေက ပေးနိုင်တဲ့နှုန်းထားနဲ့ အလုပ်သမားတွေက တင်ပြထားတဲ့ နှုန်းထားတွေကို လေ့လာ ဆန်းစစ်ပြီး အဆင့်ဆင့် တွက်ချက်နေပါတယ်။ သတ်မှတ်သင့်တဲ့ အနည်းဆုံး အခကြေးငွေ နှုန်းထားကို အမျိုးသားကော်မတီသို့ ပြန်လည် တင်ပြရန် အကြောင်းကြားထားပြီး အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး အမျိုးသားကော်မတီအစည်းအဝေးကို ကျင်းပ ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ။
မေး ။ ။ လုပ်သားအင်အားစာရင်း စစ်တမ်း ကောက်ယူမှု အခြေအနေတွေကို သိပါရစေ။
ဖြေ ။ ။ လုပ်သားအင်အားစာရင်း စစ်တမ်း ကောက်ယူခြင်းတွေကို ၂၀၁၇ ခုနှစ် ကနေ စတင်ပြီး ရာသီအလိုက် အလုပ်အကိုင် ခုနစ်ခုကနေ စတင်ကောက်ယူခဲ့တာပါ။ နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ် နိုင်ငံတော်ဘတ်ဂျက်နဲ့ ကောက်ယူနေပါတယ်။ စာရင်းဇယားတွေကို မိမိတို့ဌာနတွင် မဟုတ်ဘဲ အခြားဆက်စပ် ဝန်ကြီးဌာနတွေရဲ့ လိုအပ်တဲ့စာရင်းဇယားတွေ ကိုပါ ပုံမှန်ကောက်ယူပြီး နိုင်ငံတော်ရဲ့ စာရင်း ဇယားအဖြစ် ဖြည့်ဆည်းပေးနေပါတယ်။
မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နဲ့ ပူးပေါင်းပြီး အလုပ်သမားအရေးကိစ္စ ဆောင်ရွက်နေမှုတွေကို သိချင်ပါတယ်။ ။ ။ ဝန်ကြီးဌာနက ILOနဲ့ နီးနီးကပ်ကပ်
ပူးပေါင်းဆောင်ရွက် နေပါတယ်။ နှစ်စဉ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပ တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် မြန်မာကိုယ်စားလှယ်အဖွဲ့က ပုံမှန် တက်ရောက်ပြီး တင်ပြဆွေးနွေးလျက်ရှိပါတယ်။ ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံက ILO ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အဓိက ပြဋ္ဌာန်းချက် ရှစ်ခုအနက် အငယ်ဆုံး အသက် ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ (၁၉၇၃) (Minimum Age Convention No.138, 1973) ကို လက်ခံကျင့်သုံးဖို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ရဲ့ ထောက်ခံချက်ရတဲ့အတွက် ပြည်သူ့ လွှတ်တော်မှာ တင်ပြသဘောတူ အတည်ပြု ခဲ့ပြီးဖြစ်လို့ မကြာမီ လက်ခံကျင့်သုံးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် သင့်လျော်ကောင်းမွန် သော အလုပ်အကိုင်ဌာနေအစီအစဉ် {Decent Work Country Programme - DWCP (20182021)} ကို အကောင်အထည်ဖော်ဖို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ILO တို့ MoU လက်မှတ်ရေးထိုးပြီး ဦးစားပေး လုပ်ငန်းစဉ်(၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ Action Plan ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မူဝါဒ ချမှတ်ဖို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီကို ဝန်ကြီးဌာန ၁၆ခုနဲ့ ဖွဲ့စည်းထား ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အပါအဝင် ကိုယ်စားလှယ် ၂၆ ဦး ပါဝင်ပါ တယ်။ လက်ရှိမှာ အမျိုးသားအဆင့် အဓမ္မခိုင်း စေမှုတိုင်ကြားမှုယန္တရား(NCM)ကို ၂ဝ၂ဝ ပြည့် နှစ် ဖေဖော်ဝါရီလမှာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အဓမ္မခိုင်း စေမှုတွေနဲ့ ပတ်သက်ပြီး မည်သူမဆို တိုင်ကြား နိုင်ကြောင်း အများပြည်သူကို အသိပေးထုတ် ပြန်ထားပြီး ဖြစ်ပါတယ်။
မေး ။ ။ ဥပဒေပြင်ဆင်ခြင်းတွေ၊ အသစ် ရေးဆွဲခြင်းလုပ်ငန်းတွေနဲ့ ပတ်သက် ပြီး ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ လက်ရှိမှာ အလုပ်သမားရေးရာနဲ့ သက်ဆိုင်တဲ့ ဥပဒေ ခုနစ်ခု ကျင့်သုံး လျက်ရှိပါတယ်။ ဒီနေရာမှာ ခေတ်ကာလနဲ့ လျော်ညီအောင် ပြင်ဆင်တာ၊ ဖျက်သိမ်းပြီး အသစ်ရေးဆွဲတာတွေရှိပါတယ်။ နိုင်ငံခြားသား အလုပ်သမားဥပဒေ(မူကြမ်း)ကို ဥပဒေအသစ် ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို အကြံပြု ချက်တွေ တောင်းခံထားပြီး ဝန်ကြီးဌာနအနေ နဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးကော်မတီကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ တင်ပြထားပြီး ဖြစ်ပါ တယ်။ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေပြင်ဆင်ရေးမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ၊ အလုပ်ရှင်တွေရဲ့ လိုလား ချက်တွေကို အလေးထားစဉ်းစားပြီး နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ လျော်ညီစေဖို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်တဲ့ အလုပ်သမားရေးရာဥပဒေများ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ (TWG-LLR) ဖွဲ့စည်းပြီး ပြင်ဆင်နိုင်ရေး ညှိနှိုင်း ရေးဆွဲလျက်ရှိပါတယ်။
မေး ။ ။ လူမှုဖူလုံရေးအဖွဲ့ကနေ အလုပ် သမားတွေအတွက် အကျိုးရှိစေမယ့် လူမှုဖူလုံရေး စောင့်ရှောက်မှုတွေအကြောင်းကို သိလိုပါတယ်ရှင့်။
ဖြေ။ ။ SSTC အစီအစဉ်အရ ဖွံ့ဖြိုးဆဲ နိုင်ငံ အချင်းချင်း လူမှုဖူလုံရေးလုပ်ငန်းစဉ် တွေနဲ့ စပ်လျဉ်းပြီး အတွေ့အကြုံတွေ၊ အခက် အခဲတွေနဲ့ ဗဟုသုတတွေ မျှဝေခြင်းကို ILO နဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ အာမခံစနစ် နှစ်မျိုး အတွက် အကျိုးခံစားခွင့် ၁၂ မျိုးရှိပြီး စတုတ္ထ (၁) နှစ်တာကာလအတွင်း အကျုံးဝင်အာမခံ အလုပ်သမားဦးရေ ၁၄ သိန်းကျော်အတွက် ဆေးကုသမှုကုန်ကျစရိတ်တွေနဲ့ ငွေကြေး အကျိုးခံစားခွင့်အဖြစ် ငွေကျပ် ၁၆ ဘီလီယံ နီးပါးကို ဥပဒေနဲ့အညီ ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
လူမှုဖူလုံရေးအဖွဲ့ အနေနဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ အလုပ်ဌာနပေါင်း ၃၄၀၀၀ ကျော် ရှိပါတယ်။ အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၁၄သိန်းကျော် ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းအနေနဲ့ လက်ရှိအလုပ်သမားဆေးရုံကြီး သုံးရုံ၊ လူမှု ဖူလုံရေးဆေးခန်း ၉၆ ခု၊ ဌာနကြီးဆေးခန်း ၆၀၊ လူမှုဖူလုံရေး - ကဲဝဲလ် ဆေးခန်း ငါးခု၊ တိုင်းရင်းဆေးကုခန်းတစ်ခန်းနဲ့ ရွေ့လျား ဆေးကုသယာဉ် နှစ်စီးတို့အပြင် ကျန်းမာရေး ဝန်ဆောင်မှု ပေးသူနဲ့ ကျန်းမာရေးဝန်ဆောင်မှု ဝယ်ယူသူ ခွဲခြားတဲ့စနစ် (ProviderPurchaser Split) အသုံးပြုပြီး စမ်းသပ်ဆောင်ရွက်နေတဲ့ ဆေးခန်း ခုနစ်ခန်းတို့အပြင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်မှာရှိတဲ့ အာမခံအလုပ်သမားတွေ ကို ဆေးကုသမှုတွေ တိုးချဲ့ ဆောင်ရွက်နေပါ တယ်။ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးခန်း ၁၂ ခန်း ကို အဆင့်မြှင့်တင်ဖို့အတွက် လျာထားဆောင် ရွက်နေပါတယ်။ PPS စနစ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်မှာ ဆေးခန်း နှစ်ခန်းထပ်မံဖွင့်လှစ်သွားမှာဖြစ်သလို အခြား ဒေသတွေမှာ PPSဆေးခန်းဖွင့်လှစ်လိုကြောင်း ကို အဆိုပြုတင်ပြလာတဲ့ ဆေးရုံ/ဆေးခန်း တွေနဲ့ ပူးပေါင်းပြီး တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်ပါ တယ်။
ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်
လူမှုဖူလုံရေးစီမံကိန်းအကြောင်း ပိုမိုသိရှိ စေဖို့ အသိပညာပေးခြင်းလုပ်ငန်းတွေကို တိုးမြှင့်နေသလို SSB Mobile Application, SSB Website, SMS တို့နဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လူမှုဖူလုံရေး အကျုံးဝင် နယ်မြေကို တိုးချဲ့ သွားဖို့ရှိပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ မြို့နယ် ၂၁ မြို့နယ်ကို တိုးချဲ့ အကျုံးဝင်သတ်မှတ်နိုင်ဖို့ ပြင်ဆင်နေ ပါတယ်။ အာမခံအလုပ်သမားတွေအတွက် အကျိုးခံစားခွင့်တွေကို ထိရောက်မြန်ဆန်စွာ ပေးနိုင်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ILO ရဲ့ နည်းပညာအကူအညီနဲ့ ဆောင်ရွက်
နေပါတယ်။ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (IT Reform)၊ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Medical Reform)၊ စီမံ ခန့်ခွဲမှုဆိုင်ရာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Administrative Reform)နဲ့ ဥပဒေရေးရာ ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Legal Reform) တွေကို ဆောင်ရွက်နေပါတယ်။
လူမှုဖူလုံရေးအဖွဲ့ မှာ အလုပ်ဌာနတွေ အကျုံးဝင်မှတ်ပုံတင်ခြင်း၊ အလုပ်သမားတွေ ( မှတ်ပုံတင်ခြင်း၊ ထည့်ဝင်ကြေးပေးသွင်းခြင်းနဲ့ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ် ပေးခြင်းတွေ ပိုမိုလွယ်ကူစေဖို့ e-Service လုပ်ငန်းတွေနဲ့ ဆောင်ရွက်လျက်ရှိ ပါတယ်။
မေး ။ ။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ စတုတ္ထ (၁) ၂ နှစ်တာ ဆောင်ရွက်မှုတွေကိုသိချင်ပါတယ်ရှင့်။
ဖြေ။ ။ အလုပ်ရုံစစ်ဆေးရေး အရာရှိတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စက်ရုံ၊ အလုပ်ရုံ တွေမှာရှိတဲ့ အလုပ်သမားတွေ အပါအဝင် တာဝန်ရှိသူတွေကို လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ဆိုင်ရာ အသိပညာနဲ့ ဗဟုသုတရရှိစေဖို့စက်ရုံ၊ အလုပ်ရုံ ၁၈၃၀ကအလုပ်သမား အရေအတွက် ၃၆၀၀၀ ကျော်ကို သင်တန်း ၁၀၅၈ ကြိမ် ပို့ချ နိုင်ခဲ့ပါတယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ ကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီး ဥပဒေအာဏာ အသက်ဝင်တာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက် နည်းဥပဒေတွေ ရေးဆွဲလျက်ရှိပါ တယ်။
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးအစီအစဉ်အဖြစ် ဒုတိယသမ္မတ ဦးဆောင်တဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီကို ဖွဲ့စည်းထား ပြီး အစည်းအဝေး သုံးကြိမ် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးတွေကနေ လုပ်ငန်းအဆင့် လုပ်ငန်းစီမံချက် ပထမ (၅) နှစ်စီမံကိန်း(၂၀၁၉ - ၂၀၂၃) နဲ့ ပတ်သက်ပြီး လုပ်ငန်းစီမံချက် (မူကြမ်း)ရေးဆွဲပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလက စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ကလေးအလုပ်သမားဆိုင်ရာ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များ စာရင်းအမိန့်ကြော်ငြာစာ (မူကြမ်း) ကို အမျိုးသားအဆင့် သုံးပွင့်ဆိုင် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီး ILO ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေနဲ့ ဌာနအတွင်း ပြန်လည်စိစစ်ရေးဆွဲပြီး လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေကို ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေနဲ့ စစ်ဆေးစည်းကြပ် ပေးနေပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကော်မတီကို ဥပဒေအရ မဖြစ်မနေ ဖွဲ့စည်းခြင်း မဟုတ်ဘဲ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးစီမံခန့်ခွဲမှုစနစ်ကို အလုပ်ရှင်၊ အလုပ်သမားတွေ ကိုယ်တိုင်ဆောင်ရွက်နိုင် ရေး စည်းရုံးတိုက်တွန်းပြီး ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် ၂၀၁၉ခုနှစ် ဧပြီလကနေ ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီလအထိလုပ်ငန်းခွင်ဘေးအန္တရာ ယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကော်မတီ ၅၆ ဖွဲ့ထပ်တိုး ဖွဲ့စည်းနိုင်တဲ့အတွက် စုစုပေါင်း ကော်မတီ ၁၃၄၁ ဖွဲ့အထိ ဖွဲ့စည်းပြီး ဖြစ်ပါ တယ်။
မေး ။ ။ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနရဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနေတာတွေကို ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ အလုပ်သမားရေးရာ အငြင်းပွားမှု တွေကို ဖြေရှင်းရာမှာ ဥပဒေက ပြဋ္ဌာန်းထားတဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို ခေတ် ကာလနဲ့ လျော်ညီစေဖို့အတွက် အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၀၁၉ ခုနှစ် ဇွန်လမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ နည်းဥပဒေ တွေ ထုတ်ပြန်နိုင်ရေးအတွက် နည်းဥပဒေ (မူကြမ်း)ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပါတယ်။ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့တွေမှာ ပါဝင်မယ့် အဖွဲ့ဝင် ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ရေးအတွက် ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ရေးအတွက် ၊ လုပ်ထုံးလုပ်နည်းတွေ (မူကြမ်း) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့ပြီး ဥပဒေ အကြံဉာဏ်နဲ့ သဘောထားမှတ်ချက်တွေ တောင်းခံပြီး ဆက်လက် ဆောင်ရွက်လျက်ရှိ ပါတယ်။
အလုပ်သမားရေးရာ အငြင်းပွားမှုတွေဖြေရှင်း အလုပ်သမားရေးရာ အငြင်းပွားမှုတွေ ဖြေရှင်းပေးရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ပေါင်း ၃၂၅ ဖွဲ့ကို ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ် ဧပြီလကနေ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အငြင်းပွားမှု ပေါင်း ၉၄၃ မှုအနက် အမှုပေါင်း ၈၁၀ (၈၆ ရာခိုင်နှုန်း)ကို ပြေငြိမ်းမှုရရှိအောင် ဖျန်ဖြေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် တွေမှာ ခုံသမာဓိအဖွဲ့ ၁၅ ဖွဲ့ကို ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ် ဧပြီလကနေ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အငြင်းပွားမှုပေါင်း ၁၁၇ မှု အနက် အမှုပေါင်း ၁၀၁ မှု(၈၆ ရာခိုင်နှုန်း)ကို ဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ခုံသမာဓိကောင်စီမှာ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အငြင်းပွားမှု ပေါင်း ၃၈ မှု လက်ခံရရှိခဲ့ပြီး ၃၆ မှုကို ဆုံးဖြတ် ချက်ချမှတ်နိုင်ခဲ့ပါတယ်။ ။
အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုတွေ ကို ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရာမှာ အခြေခံကျတဲ့ နေရာမှာရှိနေတာက အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖြစ်ပါတယ်။ WCC ကို မြန်မာနိုင်ငံ တစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံနဲ့ အလုပ်ဌာနတွေမှာ အဖွဲ့ ၂၅၈၁ ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ယခင်နှစ်ကထက် အဖွဲ့ ၁၂၉၀ အထိ တိုးချဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ပါ တယ်။
ရွှေ့ပြောင်း အလုပ်သမားတွေကူညီ
အိမ်နီးချင်းနဲ့ ပြည်ပနိုင်ငံတွေကို အလုပ် သမားတွေ စေလွှတ်တဲ့နေရာမှာ စနစ်ကျ အောင် ပိုမိုပြီး အရေအတွက်အရသော်လည်း ကောင်း၊ အရည်အချင်းအရ သော်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ပြည်ပရောက် အလုပ်သမားတွေအတွက် ဆိုက်ရောက် နိုင်ငံ တွေမှာ သံအမတ်ကြီးတွေနဲ့ သံရုံးဝန်ထမ်း တွေ၊ အလုပ်သမားသံအရာရှိတွေအပြင် အလုပ်သမားရေးရာ ဆောင်ရွက်သူတွေရဲ့ အကူအညီနဲ့ အလုပ်သမားတွေရဲ့ အကျိုး စီးပွားကို ဆောင်ရွက်ပေးနိုင်လာပါတယ်။
အဓိကအနေနဲ့ ရွှေ့ပြောင်းအလုပ်သမား တွေ အများဆုံးရှိတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ် သမားတွေကို တရားဝင်လုပ်သား (MOU)တွေ အဖြစ် ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် အဲဒီနိုင်ငံမှာ ရှိတဲ့ အလုပ်သမားဥပဒေနဲ့အညီ အကျိုးခံစား ခွင့်တွေ ရရှိလာတာကိုကြည့်ရင် အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့တာကို သိရှိရမှာပါ။ မေး။ ။ ဝန်ကြီးဌာနအနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ကို သိပါရစေရှင့်။ ဖြေ ။ ။ လာမယ့်နှစ်မှာ ယခုရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ကြောင့် လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမားတွေအပေါ် သက်ရောက်လာ မယ့် ကိစ္စတွေကို ကြိုတင်ပြီးသုံးသပ်ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှလည်း သုံးသပ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီအနေအထားအပေါ် မူတည်ပြီး အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းခွင်မပျက် ဆောင်ရွက်နိုင်ဖို့၊ တိုးချဲ့ဆောင်ရွက်နိုင်ဖို့၊ အလုပ်သမားတွေကို အလုပ်အကိုင်အခွင့် အလမ်းတွေရရှိဖို့၊ ထိုက်သင့်တဲ့ လုပ်ခလစာ တွေရရှိဖို့ကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူမှုဖူလုံရေးအဖွဲ့က အလုပ်သမားတွေ အတွက် ငွေကြေးအကျိုးခံစားခွင့် အပါအဝင် ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် e - Services လုပ်ငန်းတွေနဲ့ ပိုမိုတိုးချဲ့ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးကိစ္စတွေကို ပိုမို လျင်မြန်စွာနဲ့ တိကျစွာ ဆောင်ရွက်နိုင်ဖို့၊ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကို အလုပ်ရှင် တွေ၊ အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေကို ပညာပေးဆွေးနွေးမှုတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို ILO နဲ့ IOM တို့ရဲ့ အကူအညီနဲ့ ဆက်လက်ပြီး ဆောင်ရွက် သွားမှာဖြစ်သလို အလုပ်သမားတွေ ကျွမ်းကျင် မှုအဆင့်အတန်း ပိုမိုမြင့်မားလာရေးအတွက်ကို ဦးစားပေးလုပ်ငန်းအနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းတွေထဲက ပြည်ဝင်ခွင့်ဗီဇာသတ်မှတ်တဲ့ကိစ္စကို ရှင်းပြ ပေးပါဦး။
ဖြေ ။ ။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုး နဲ့ လာရောက်တဲ့ နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ဗီဇာဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန ဖြစ်ပြီး သတ်မှတ်ပြည်ဝင်ဗီဇာ (၁၄) မျိုးကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တာဝန်ယူပြီး ပြည်ပနိုင်ငံတွေရှိ မြန်မာသံရုံး/ ကောင်စစ် ဝန်ရုံးတွေက ခွင့်ပြုပေးပါတယ်။ မိမိတို့ ဝန်ကြီး ဌာနက ဆိုက်ရောက် ဗီဇာ၊ e-Visa စနစ်နဲ့ ဝင်ရောက်ခွင့်ပေးပါတယ်။ သတ်မှတ်ထားတဲ့ ပြည်ဝင်ခွင့် ဗီဇာ ၁၄ မျိုးရှိပြီး လာရောက်မယ့် နိုင်ငံခြားသားတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ထီးခီး၊ တမူးနဲ့ ရိခေါဒါရ်စတဲ့ အပြည်ပြည် ဆိုင်ရာနယ်စပ်ဂိတ်တွေကနေ ခွင့်ပြု ပေးနေပြီး မြန်မာ - လာအို နယ်စပ်မှာရှိတဲ့ ကျိုင်းလပ်စီအင်ကောက်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ။
လက်ရှိ ပြည်ဝင်ဗီဇာ ၁၄ မျိုးအနက် (လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေး ဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်းများ ဗီဇာ၊ ပညာရေးဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာ၊ သံတမန် ၏ ဧည့်သည်များ ပြည်ဝင်ဗီဇာနှင့် သံတမန် မဟုတ်သည့် သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ပြည်ဝင်ဗီဇာ) စတဲ့ ပြည်ဝင်ဗီဇာ ရှစ်မျိုးကို တစ်ကြိမ်တည်းမှာ သုံးလ၊ ခြောက်လ၊ တစ်နှစ် နေခွင့်သက်တမ်းရှိ တဲ့ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာတွေအဖြစ် တိုးမြှင့်ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ ပြည်ပြန်ဝင်ခွင့် ဗီဇာ သုံးမျိုးကို ပြည်ပတွင် ခွင့်ပြုနေခွင့်ကာလ အတွင်းနဲ့ ပြည်ပနေခွင့်ခြောက်လ စသည်ဖြင့် သတ်မှတ်အခငွေများ ကောက်ခံခွင့်ပြုနေလျက် ရှိပါတယ်။ ။
ဆိုက်ရောက်ဗီဇာ (Visa On Arrival - VOA) စနစ်ကို ယခုအခါ နိုင်ငံပေါင်း ၅၅ နိုင်ငံ က နိုင်ငံသားတွေ လုပ်ငန်းဗီဇာ၊ အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ၊ ဖြတ် သန်းဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာတွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြည်ပြည် ဆိုင်ရာ လေဆိပ်သုံးခုမှာ VOA ဖြင့် ခွင့်ပြုပေး လျက်ရှိပြီး ယခုနှစ်အတွင်းမှာ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်တဲ့ တရုတ်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဆွစ်ဇာ လန်နဲ့ ရုရှား စတဲ့ရှစ်နိုင်ငံ၊ ဩစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နဲ့ နယူးဇီလန် စတဲ့ ငါးနိုင်ငံ စုစုပေါင်း နိုင်ငံ ၁၃ နိုင်ငံက ကမ္ဘာလှည့် ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ (VOA) ( အနေနဲ့ ထပ်မံခွင့်ပြုပေးခဲ့ပါတယ်။
တိုးတက်ခွင့်ပြုပေး
နိုင်ငံတော်အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာ ကာလအတွင်းမှာ နိုင်ငံခြားသားခရီးသည် ၄၉၇၀၀၀ ကျော်ကို ဆိုက်ရောက်ဗီဇာ (VOA) ဖြင့် ခွင့်ပြုခဲ့ပါတယ်။ e-Visa (Tourist) ကမ္ဘာ လှည့်ဗီဇာနဲ့ နိုင်ငံပေါင်း ၁၀၀ ၊ Visa (Business) လုပ်ငန်းဗီဇာနဲ့ နိုင်ငံပေါင်း ၅၅ နိုင်ငံ ခွင့်ပြုပေးထားတဲ့အပြင် Express e-Visa (Tourist) ကို ၂၄ နာရီအတွင်းထပ်မံခွင့်ပြုပေး ခဲ့တာကြောင့် ယခုနှစ်အတွင်းမှာ e-Visa နဲ့ နိုင်ငံခြားသားခရီးသည် ၅၂၉၀၀၀ ကျော်ကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ သံတမန်နိုင်ငံကူး လက်မှတ်နဲ့ အထူး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၄နိုင်ငံနဲ့ စာချုပ်ချုပ်ဆို ဆောင်ရွက်နေပါတယ်။ ။
စာချုပ်အသက်ဝင်ရက် အတည်မပြုနိုင် သေးတဲ့ အစ္စရေးနိုင်ငံမှအပ ကျန် ၃ နိုင်ငံကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြုပေးနိုင်ခဲ့ ပြီး မလေးရှားနိုင်ငံမှအပ ကျန်အာဆီယံ ရှစ် နိုင်ငံက သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူတွေ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ် နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဟောင်ကောင်နှင့် မကာအိုတို့က သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူ(ကမ္ဘာလှည့်ခရီး သွား)တွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ ခွင့်ပြုပေး နိုင်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေနဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေမှာ MRTD စနစ် နဲ့ ခရီးသည်ဆိုင်ရာ အချက်အလက်ရယူတဲ့ Border Control System(BCS) စနစ်ကိုတိုးချဲ့ အသုံးပြုလျက်ရှိပါတယ်။ ဒီစနစ်ကို နိုင်ငံ တကာစံချိန်မီစနစ်တစ်ခု ဖြစ်စေရေးအတွက် ပထမဦးစားပေး Network တည်ထောင်ပြီး ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ လူတစ်ဦး ချင်းစီရဲ့ အချက်အလက်တွေကို Biometric စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်သလို တတိယ အဆင့်က e-passport တွေနဲ့ Auto Gate တွေမှာ စစ်ဆေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
မေး ။ ။ အမည်မည်းစာရင်းရေးသွင်းခြင်းနဲ့ မြန်မာနိုင်ငံသားဟောင်းတွေ နိုင်ငံ သားအဖြစ် ပြန်လည်လက်ခံတာနဲ့ PR စနစ် သတ်မှတ်တာတွေကို သိပါရစေရှင့်။
ဖြေ။ ။ အကြောင်းအမျိုးမျိုးနဲ့ အမည် မည်းစာရင်း ရေးသွင်းထားသူတွေကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ စိစစ် ဖြေလျှော့ပြီး သစ္စာစီမံချက်နဲ့ Black List ပယ်ဖျက်ပေးတာကို (၄)နှစ်တာကာလအတွင်း မြန်မာနိုင်ငံသား ၃၃၅ ဦးနဲ့ နိုင်ငံခြားသား ၄၆၉ ဦးတို့ကို ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံ တကာက လာရောက်မယ့် ခရီးသည်ဆိုင်ရာ အချက်အလက်တွေကို တစ်ဖက်နိုင်ငံ
လေကြောင်းလိုင်းတွေဆီဝင်ရောက်စဉ်ကပင် (အမည်မည်းစာရင်း (Black List) တွေ ကြိုတင် စစ်ဆေးနိုင်သည့်စနစ် MAPPS (Myanmar Advanced Passenger Processing System) ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၈ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပါတယ်။
မြန်မာနိုင်ငံသားဟောင်းတွေ မြန်မာနိုင်ငံ သားအဖြစ် ပြန်လည်ခံယူခွင့်ပြုရေးအတွက် ၂၀၁၂ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ယခု အချိန်အထိ လျှောက်ထားသူ ၄၀၁ ဦးအနက် (၃၀၆ ဦးကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည် ခံယူခွင့်ပြုပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ PR လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်စနစ်အနေနဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်ကနေ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ အထိ လျှောက်ထားသူ စုစုပေါင်း ၆၆၃ ဦးရှိခဲ့ ပါတယ်။ ဒီအထဲက ခွင့်ပြုပြီးသူ ၅၉၁ ဦးကို နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လက်မှတ် ထုတ် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မေး။ ။ နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေ ကို ပြောပြပေးစေလိုပါတယ်ရှင့်။
ဖြေ ။ ။ ဝန်ကြီးဌာနအနေနဲ့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုက ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်သွားတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ တောင်ပြို (လက်ဝဲ) ပြန်လည်လက်ခံရေးစခန်း နဲ့ ငါးခူရပြန်လည်လက်ခံရေး စခန်း နှစ်ခု ဖွင့်လှစ်ပြီး အခြားဆက်စပ်ဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ပြန်လည်လက်ခံရေး စခန်းတွေမှာ မိမိသဘောအလျောက် ပြန်လည် ဝင်ရောက်လာသူတွေ များပြားနေပြီ ဖြစ်ပါ တယ်။ ဆောင်ရွက်တဲ့အခါမှာ UNDP၊ UNHCR စတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သလို ရခိုင်ပြည်နယ်အတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနိုင်ဖို့အတွက် UNHCR UNDP တို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါ တယ်။ ဒီလုပ်ငန်းတွေကို လာမယ့်ကာလတွေ မှာဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အမျိုးသားမှတ်ပုံတင်ရေးနဲ့ နိုင်ငံသား မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက် မှုကို ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံ သားမှတ်ပုံတင်လုပ်ငန်းကို အမျိုး သားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာနက ဆောင်ရွက်နေပါတယ်။ ပြည်သူတွေ အမှန် တကယ်လိုအပ်နေတဲ့ အိမ်ထောင်စုလူဦးရေ စာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို လွယ်ကူမှန်ကန်ပြီး မြန်မြန်ဆန်ဆန် ထုတ် ပေးဖို့ အစိုးရသစ် တာဝန်ယူချိန်ကစပြီး သစ္စာ စီမံချက်မှာ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ နိုင်ငံ အတွင်းနေထိုင်တဲ့ ပြည်သူတွေအားလုံး ကိုင်ဆောင်သင့်တဲ့ ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ဖို့ ဥပဒေနဲ့အညီ ဖြေလျှော့မှုတွေ ပြုလုပ်ပေး ခဲ့ပါတယ်။
စတုတ္ထ (၁) နှစ်တာကာလအတွင်း သစ္စာ စီမံချက်နဲ့ ပြည်သူ ၂၆၈၀၀၀၀ ကျော်ကို နိုင်ငံ သားစိစစ်ရေးကတ်ပြားတွေ ပေးအပ်နိုင်ခဲ့ပြီး ကျေးရွာတွေအထိ အရောက်သွားတဲ့ Mobile Team တွေနဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်း
တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စာရင်းဇယားကောက် ယူတာ၊ လက်ဝယ်သို့ အခမ်းအနားနဲ့ ထုတ်ပေး တာတွေကို ၂၀၁၉ ခုနှစ်အတွင်းမှာ ထူးထူး ခြားခြား ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူတွေကို စနစ်တကျ စိစစ်ထုတ်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရရဲ့ (၄) နှစ်တာအတွင်း ဗဟို အဖွဲ့ အစည်းအဝေး အကြိမ် (၂၀) ပြုလုပ်ပြီး နိုင်ငံသားအဖြစ် ၃၀၆ ဦး၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ် ၁၄၀၇၅ ဦးနဲ့ ဧည့်နိုင်ငံသားအဖြစ် ၁၂၇ ဦး အပါအဝင် စုစုပေါင်း ၁၄၅၀၈ဦးကို ဆုံးဖြတ် ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။
မေး ။ ။ ပြည်တွင်းရွှေ့ ပြောင်းနေထိုင်သူတွေအနေနဲ့ အလုပ်ရုံ၊ စက်ရုံတွေက အလုပ်သမားတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုကို သိပါရစေ။
ဖြေ ။ ။ စတုတ္ထ (၁) နှစ်တာအတွင်း ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေ နဲ့ အလုပ်သမားတွေကို ရောက်ရှိတဲ့ဒေသမှာ အိမ်ထောင်စု၈၁၀၃၂စုကိုအိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးနိုင်ခဲ့သလို ရွှေ့ပြောင်းနေထိုင် သူ ၂၅၄၇ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒေသအသီးသီးမှာရှိတဲ့ စာသင်ကျောင်းတွေမှာ အသက်ပြည့်မီသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၁၅၈၁ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ပေးအပ်နိုင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းက မြို့နယ် ၁၄မြို့နယ်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ အလုပ်ဌာနတွေက လုပ်သား ၉၂၀၅ ဦးကို လုပ်ငန်းခွင်မပြတ်သစ္စာစီမံချက်နဲ့ နိုင်ငံ သားစိစစ်ရေးကတ်ပြားတွေ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ပါတယ်။
မေး ။ ။ နိုင်ငံသားစိစစ်မှုခံယူဖို့ လိုအပ်သူတွေ အတွက်ဥပဒေနဲ့အညီ နိုင်ငံသားစိစစ် ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား NV Card ထုတ်ပေးနိုင်ရေးလုပ်ငန်းစဉ်ကို သိပါရစေရှင့်။
ဖြေ ။ ။ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေ အနက် နိုင်ငံသားစိစစ်မှုခံယူဖို့ လိုအပ်ရင် ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ခံရ မည့်သူရဲ့ သက်သေခံကတ်ပြား (NV Card) တွေ ထုတ်ပေးလျက်ရှိပါတယ်။ စတုတ္ထ (၁) နှစ်တာအတွင်းမှာ စုစုပေါင်း ၂၃၃၄၅ ဦးကို NV Card ထုတ်ပေးခဲ့ပါတယ်။ သူတို့ကို ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုး ရရှိဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ IDP စခန်း ၈၉ ခု၊ ခရစ်ယာန်ဘာသာရေး ကျောင်းတွေနဲ့ တိုက်ပွဲရှောင် ခေတ္တနေရပ်စွန့်ခွာနေထိုင်သူ တွေကို (၄)နှစ်တာကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး မိတ္တူ ထုတ်ပေးခြင်း၊ အသစ်လျှောက်ထားခြင်းတွေ အတွက် စုစုပေါင်း ၃၂၃၇၇ ဦး ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ်ရှိ IDP စခန်း ၁၈ ခုမှာ နေရပ်စွန့်ခွာနေထိုင်လျက်ရှိသူ ၅၅၂၅ ဦးကို ကိုင်ဆောင်သင့်တဲ့ ကတ်ပြား အမျိုးအစားတွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒေသအသီးသီးမှာရှိတဲ့သာသနာဝင်/သာသနာ နွယ်ဝင် စိစစ်ရေးကတ်ပြား ထုတ်ပေးမှုကို စတုတ္ထ (၁) နှစ်တာအတွင်း သာမဏေ ၄၁၁၇ ( ပါး၊ ရဟန်းအပါး ၈၈၈၀ နဲ့ သီလရှင် ၁၆၈၆ ပါး စုစုပေါင်း ၁၄၆၈၃ ပါး ရှိပါတယ်။
မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ e-ID စနစ်ကို အကောင်အထည်ဖော်နေမှုကိုသိပါရ စေရှင့်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ e-Government စနစ်ရဲ့ အခြေခံအကျဆုံးလုပ်ငန်း ဖြစ်တဲ့ e-ID စနစ် အကောင်အထည်ဖော်ဖို့ ID စနစ် လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဝန်ကြီးဌာနက အဘက်ဘက်ကနေ လေ့လာ သုံးသပ်ဆောင်ရွက်နေပါတယ်။ e-ID စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ
ဩစတြီးယား နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ ဝန်ကြီးဌာနနဲ့ ဩစတြီးယားနိုင်ငံကကုမ္ပဏီတို့ အကြား လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုဖို့ရှိပြီး ချုပ်ဆိုပြီးခဲ့ရင် ဆက်လက် ဆောင်ရွက်ရမယ့် အရေးကြီးတဲ့ လုပ်ငန်းစဉ် အများအပြားရှိပါတယ်။ e-ID စနစ်လုပ်ငန်းဟာ ပြည်တွင်းမှာရှိတဲ့လူအားလုံးကို လူတစ်ဦးချင်း 8o. Biometric Data e Biographic Data တွေ ကောက်ယူမှာဖြစ်ပြီး Unique ID နံပါတ် တစ်ခုစီပေးမှာဖြစ်လို့ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ စီမံကိန်းအဆိုပြု လွှာအရ ID စနစ်စီမံကိန်းကို (၂) နှစ်တာ ကာလအတွင်း အဆင့် သုံးဆင့်နဲ့ အကောင် အထည်ဖော်သွားဖို့ရှိတာကို အသိပေး ပြော ကြားလိုပါတယ်။
မေး ။ ။ သန်းခေါင်စာရင်းလို့ခေါ်တဲ့ ပြည်သူ့ အင်အားစာရင်း ကောက်ယူရေး ဆိုင်ရာဆောင်ရွက်မှုတွေကို သိလိုပါတယ်ရှင့်။
ဖြေ ။ ။ သန်းခေါင်စာရင်း ကောက်ယူခြင်း လို့ခေါ်တဲ့ ပြည်သူ့အင်အားစာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းကို ပြည်သူ့ အင်အားဦးစီးဌာနက ဆောင်ရွက်ပြီး မြန်မာ နိုင်ငံမှာ ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ရရှိလာတဲ့ သန်းခေါင် စာရင်းအချက်အလက်တွေကို ဆန်းစစ် လေ့လာပြီး အစီရင်ခံစာနဲ့ သုတေသနစာတမ်း ၁၃ စောင်ကို အဆင့်ဆင့် ထုတ်ပြန်ဖြန့်ဝေနိုင် ခဲ့ပြီးဖြစ်ပါတယ်။ Website နဲ့ Facebook လူမှု ကွန်ရက်တွေမှာလည်း လွှင့်တင်ထားပါတယ်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း အချက်အလက်တွေ နဲ့ လက်ရှိအခြေအနေ ပြောင်းလဲမှုတွေကို နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ဖို့၊ နောက်ထပ်တစ်ကြိမ် ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူမယ့် ၂၀၂၄ ခုနှစ် မတိုင်ခင် ကြားကာလမှာ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း၊ အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ကို အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့အညွှန်း ကိန်းတွေ ရရှိနိုင်ဖို့၊ ၂၀၂၄ ခုနှစ်မှာ ကောက်ယူ မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းလုပ်ငန်း အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင် ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပါတယ်။ ။
နမူနာကောက်ကွက်ရွေးချယ်
ကြားဖြတ်သန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစတင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် လေးသုတ်ခွဲပြီး ခရိုင်အဆင့် ကိုယ်စားပြု နမူနာကောက်ကွက်ပေါင်း ၄၃၀၀ ခန့်ကိုရွေးချယ်ပြီး Computer - Assisted Personnel Interviewing (CAPI) နည်းစနစ်နဲ့ Mobile Tablet သုံးပြီး အောင်မြင်စွာ ကောက်ယူပြီး ဖြစ်ပါတယ်။ ကြားဖြတ်သန်း ခေါင်စာရင်းကို လုပ်ငန်းစဉ် လေးရပ်နဲ့ ဆောင် ရွက်ရာမှာ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ် ခြင်းနဲ့ အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်း တွေနဲ့ ပတ်သက်ပြီး စတုတ္ထ (၁) နှစ်တာအတွင်း အောင်မြင်မှုရရှိခဲ့တဲ့ လုပ်ငန်းစဉ်တွေကို သိပါရစေ။
ဖြေ ။ ။ အအောင်မြင်ဆုံးက ပြည်ပနိုင်ငံတွေ က ခရီးသွားတွေကို ဆိုက်ရောက် ဗီဇာတွေ တိုးချဲ့ပေးတာ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Tourist Visa တွေကို လွယ်ကူလျင်မြန် စွာနဲ့ e-Tounst Visa တွေဆောင်ရွက်ပေးနိုင်တာ၊ ဗီဇာတွေကို ( ဖြေလျှော့ပေးတာတွေဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီး အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံသား တွေကို ပြန်လည်ပြီး PR လက်မှတ်တွေ ထုတ်ပေးတာ၊ မည်သည့်လက်မှတ်မှ ကိုင် ဆောင်ထားခြင်း မရှိတဲ့သူတွေကို NV ကတ် ထုတ်ပေးတာတွေကို ဝန်ကြီးဌာနက အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး စီမံချက်ချမှတ် ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာသူတွေကို အချိန် မရွေးပြန်လည်လက်ခံနိုင်ဖို့ ဝန်ကြီးဌာန တွေနဲ့ အခြားဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး တောင်ပြို (လက်ဝဲ)နဲ့ ငါးခူရတို့မှာ နှစ်လုံး ပေါက် စခန်းဖွင့်ထားတာ ဖြစ်ပါတယ်။ ဒါကို ဆက်လက်ဖွင့်လှစ်ပြီး အချိန်မရွေးလက်ခံနိုင် အောင် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် မဲပေးနိုင်ခွင့်ရှိသူတွေ အားလုံး လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲကော်မရှင်၊ အစိုးရအဖွဲ့၊ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး မဲပေးနိုင်ခွင့်ရှိသူ အားလုံးမဲပေးခွင့်မဆုံးရှုံး နိုင်အောင်နဲ့ မဲပေးနိုင်အောင် စီမံချက်တွေ ချမှတ် ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။
ဒီကာလအတွင်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစတင်ပြီး တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေမှာ အောင်မြင်စွာ ကောက်ယူနိုင်ခဲ့တာကလည်း လာမယ့် ၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် အတွေ့အကြုံရော အချက်အလက်တွေပါ အများကြီး ရရှိတဲ့ အတွက် ထူးခြားတဲ့ဆောင်ရွက်ချက်တစ်ခုလို့ ပြောကြားလိုပါတယ်။
မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လာမယ့်နှစ်အတွင်း ဦးစား ပေးဆောင်ရွက်မယ့် လုပ်ငန်းတွေကို သိပါရ စေရှင့်။
ဖြေ ။ ။ ဦးစားပေးအနေနဲ့ NVကတ်ထုတ်ပေး နိုင်ရေးကိစ္စတွေ ဆောင်ရွက်သွားဖို့ -ရှိသလို မြန်မာနိုင်ငံသားဟောင်းတွေကို PR -လက်မှတ်ထုတ်ပေးရေးကို ဆောင်ရွက်သွား မှာပါ။ အခြားဝန်ကြီးဌာနတွေနဲ့ ဆက်စပ်ပြီး ဗီဇာဖြေလျှော့မှုလုပ်ငန်းတွေကို နိုင်ငံတော် အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
E-ID စနစ် လုပ်ငန်းအကောင်အထည် ဖော်ရေးလုပ်ငန်းကို ဦးစားပေးလုပ်ငန်းအဖြစ် လာမယ့်ကာလတွေမှာ ဆက်စပ်ဝန်ကြီးဌာန တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဝန်ကြီးဌာနအနေနဲ့ မူလရှိပြီးသား မူဝါဒတွေနဲ့ ရည်မှန်းချက်တာဝန်တွေကို အောင်မြင်အောင် ဖော်ဆောင်နေသလိုပြောင်း လဲလာတဲ့အခြေအနေ အချိန်အခါနဲ့ အညီ လိုအပ်တဲ့လုပ်ငန်းတွေကို အခြားသောဆက်စပ် ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ အသင်း အဖွဲ့တွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပါ တယ်။ အဓိကအနေနဲ့ နိုင်ငံတော်က ချမှတ် ထားတဲ့ ရည်မှန်းချက်တာဝန်တွေ အောင်မြင် စေဖို့နဲ့ အခြားသော ဝန်ကြီးဌာနတွေရဲ့ ဆက်စပ်လုပ်ငန်းတွေကို ကူညီပံ့ပိုးနိုင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပြော ကြားလိုပါတယ်။ ။
ခင်ရတနာ၊ ဇင်ဦး၊ ဓာတ်ပုံ - သီဟစည်သူ၊ သော်တာဝင်း