၃(က) ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၂ ရက်တွင် ရုံတင်ပြသမည်
၃(က) ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၂ ရက်တွင် ရုံတင်ပြသမည်
Ministry of Information/ ရန်ကုန် / December 24, 2019

ရန်ကုန် ဒီဇင်ဘာ ၂၃
ဖြစ်ရပ်မှန်ဘဝများကို သရုပ်ဖော် ရိုက်ကူးထားသည့် ၃(က) ရုပ်ရှင် ဇာတ်ကား၏ စာနယ်ဇင်း အပ်နှံပွဲနှင့် နေ့လယ်စာတည်ခင်းဧည့်ခံပွဲ အခမ်း အနားကို ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဤဇာတ်ကားတွင် ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အောင်ချမ်းလူ၊ တွဲဖက်ဒါရိုက်တာ ကောင်းမြတ်သူကျော်၊ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ နန်းဆုဦး၊ စိုးမြတ်သူဇာ၊ ထူးခြား၊ ဇင်မျိုး၊ဒေါင်းဝေ၊ မျိုးမျိုးခိုင်၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံနှင့် သရုပ်ဆောင်များစွာတို့က ပါဝင်သရုပ် ဖော်ထားပြီး စိန်ဌေးရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။
“၂၀၁၅ ခုနှစ်က ဇာတ်လမ်းတိုလေးတွေ စရေးတယ်။ မနက်ပိုင်း အပြေးလေ့ကျင့်ရင်း မနက်ခင်းတစ်ခုမှာ ဈေးတွေရောက်တယ်။ ကားဂိတ်တွေ ရောက်တယ်။ အပြင်မှာ မြင်တွေ့တဲ့ လူတွေရဲ့ ကာရိုက်တာတွေကို ထိုင်ကြည့်ဖြစ်တယ်။ နောက် နေ့တိုင်း သွားကြည့်မိတယ်။ ညဆိုရင် ဘာမြင် ရမလဲဆိုပြီး ညသန်းခေါင်နောက်ပိုင်း သွားကြည့်တယ်။ ထပ်ဖြည့်ရင်းဖြည့် ရင်းနဲ့ တော်တော်ရှည်တဲ့ ရုပ်ရှင်ကြီး ဖြစ်သွားတယ်။ ရုံတင်တဲ့အခါ တချို့ ဇာတ်ဝင်ခန်းတွေတော့ ဖြတ်လိုက် ရတယ်”ဟု ဒါရိုက်တာ အောင်ချမ်းလူ က ပြောသည်။
“ဒီကာရိုက်တာလေးက နန်းဆု အတွက်က ပထမဆုံးပါ။ ပရိသတ် ကြည့်ပြီးရင် နန်းဆုတို့ ဘာကို အဓိက ထားပြီး ပြချင်တာလဲ။ ဘယ်လို အကြောင်းအရာလေးတွေကို ပညာ ပေးချင်တာလဲဆိုတာ သိသွားမှာပါ။ တချို့အကြောင်းအရာတွေကို အပြင်မှာ သတိမထားမိတာတွေရှိတယ်။ ဒီဇာတ်ကောင်ကာရိုက်တာရဲ့စိတ်ကိုဖြစ်ဖို့အတွက် အဲဒီစိတ်နဲ့ နေထိုင်ရ တယ်။ ဇာတ်ကားထဲက ကောင်မလေး ရဲ့ ဘဝက ပျော်ရွှင်စရာမဟုတ်ဘဲ အခက်အခဲတွေများစွာနဲ့ လျှောက် လှမ်းနေတယ်။ ကူကယ်ရာမဲ့ဖြစ် တယ်။ သူက Single Mother တစ်ဦး ဖြစ်ပါတယ်”ဟု နန်းဆုဦးက ပြောသည်။
၃(က) ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၇ ရက်တွင် အထူးပွဲရုပ်ရှင် ပြသ၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဟု သိရသည်။
သန့်ဇင်ဝင်း