(၆၄)နှစ်မြောက်ကရင်ပြည်နယ်နေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 17, 2019


ဘားအံ အောက်တိုဘာ ၁၆

 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို အစဉ်အလာမပျက် နိုဝင်ဘာလ(၇)ရက် နေ့မှ (၁၁)ရက်နေ့ထိ စည်းကမ်းတကျဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ကရင်ပြည်နယ်နေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှ သိရသည်။

 လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်နေ့ကျင်းပရေး အထောက်အကူပြုလုပ်ငန်းကော်မတီများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့်အစီအမံများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြခန်းများ၊ ကုန်စည်ပြပွဲကြီးများ၊ ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ဇာတ်သဘင်အကအလှ၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် အားကစား ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကရင်ရိုးရာ အစားအစာနှင့်မုန့်ဈေးရောင်းပွဲတော်များဖြင့် ယခင် နှစ်များနှင့်မတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။