ရွှေတောင်မြို့နယ်၌ ရုပ်ပွားတော် ၇၅ ဆူ တွေ့ရှိမှု


Ministry of Home Affairs/ နေပြည်တော် / October 16, 2018
ရွှေတောင်မြို့နယ်၌ ရုပ်ပွားတော် ၇၅ ဆူ တွေ့ရှိမှု


ရွှေတောင်မြို့နယ်၌ ရုပ်ပွားတော် ၇၅ ဆူ တွေ့ရှိမှု
    ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ ၁၂၃၀ အချိန် ရွှေတောင်မြို့နယ်၊ ပေကုန်း ကျေးရွာ ရှေးဟောင်းရဟန္တာ(၈၀) ဘုရားဝင်းအတွင်းရှိ စေတီများအား ဘုရားဂေါပကဥက္ကဌ ဦးမောင်ဝမ်းပါ ၂ ဦးမှ သန့်ရှင်းရေးပြုလုပ်စဉ် စေတီဟောင်းအတွင်းမှ ဌာပနာထားသည်ဟုယူဆရသော ဉာဏ်တော်အမြင့် ၄ လက်မခန့်ရှိ ငွေဖြင့် သွန်းလုပ်ထားသည့် တင်ပလ္လင်ခွေရုပ်ပွားတော် ၁ ဆူ၊ ဉာဏ်တော်အမြင့် ၂ လက်မခန့်ရှိ ခဲဖြင့်သွန်းလုပ်ထားသည့် ရုပ်ပွားတော် ၄၂ ဆူ၊ ဉာဏ်တော်အမြင့် ၄ လက်မခန့်ရှိ ခဲဖြင့်သွန်းလုပ်ထားသည့် ရုပ်ပွားတော် ၃၁ ဆူ၊ ဉာဏ်တော်အမြင့် ၄ လက်မခန့်ရှိ ခဲဖြင့် သွန်းလုပ်ထားသည့် ကျောင်းဆောင်တွဲလျက် ရုပ်ပွားတော် ၁ ဆူ၊ စုစုပေါင်းရုပ်ပွားတော် ၇၅ ဆူအား တွေ့ရှိ ခဲ့၍ အဆိုပါ ရုပ်ပွားတော်များအား ဘုရားဂေါပကရုံးခန်း၌ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိပါ သည်။