ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် စားသောက်ဆိုင် မီးလောင်မှုသတင်း


Ministry of Home Affairs/ နေပြည်တော် / November 19, 2018
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် စားသောက်ဆိုင် မီးလောင်မှုသတင်း


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် စားသောက်ဆိုင် မီးလောင်မှုသတင်း

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ ၂၁၃၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကမ်းနားလမ်း၊ သိမ်ဖြူမီးရထားဝန်းရှိ ပိုင်ရှင် ဦးစိုးမြင့်၊ မန်နေဂျာ ဦးဇော်မင်းထွန်း၏  SPORT BAR  စားသောက်ဆိုင်(၁၅၀×၆၀)ပေ၊ သွပ်မိုး၊ အုတ်ကွန်ပို့စစ် မှန်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ်တွင် စတိတ်စင်အနီးရှိ ဝါယာကြိုးများ အပူလွန်ကဲ ရာမှ နံရံတွင်ကပ်ထားသော ဖော့ပြားများအား မီးစွဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း ၂၁၄၂ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးငြှိမ်းသတ်ယာဉ်စုစုပေါင်း (၂၈)စီး၊ ရေသယ်ယာဉ်(၁၁)စီး၊ အုပ်ချုပ်မှုယာဉ်(၈)စီး၊ သန္ဓေ(၂၆၇)ဦး၊ အရန်(၅၁)ဦးတို့ဖြင့် ရေဂါလန် (၁၄၀၀၀၀)အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၂၂၀၆ အချိန် မီးငြိမ်းပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၁၅၀×၆၀)ပေ၊ သွပ်မိုး၊ အုတ်ကွန်ပို့စစ်မှန်ကာ၊ ကွန်ကရစ်ခင်း (၁)ထပ် မီးလောင်ခံရပြီး၊ ဆုံးရှုံးမှုတန်ဖိုး၁,၃၅၀,၀၀ဝိ/-(ကျပ်တစ်ဆယ့်သုံးသိန်းငါးသောင်း) ခန့်ဖြစ်ကြောင်းနှင့် မန်နေဂျာ ဦးဇော်မင်းထွန်းအား ဗိုလ်တစ်ထောင်မြို့မရဲစခန်းမှ (ပ)၄၉၇/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။