ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်း မြို့နယ်၊ ရွှေတောင်စုရပ်ကွက်၊ ထန်းငါးပင်ကွင်းရှိ လယ်ကွင်း အတွင်း အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှုသတင်း


Ministry of Home Affairs/ နေပြည်တော် / November 19, 2018
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်း မြို့နယ်၊ ရွှေတောင်စုရပ်ကွက်၊ ထန်းငါးပင်ကွင်းရှိ လယ်ကွင်း အတွင်း အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှု


ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်း မြို့နယ်၊ ရွှေတောင်စုရပ်ကွက်၊ ထန်းငါးပင်ကွင်းရှိ လယ်ကွင်း အတွင်း အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှုသတင်း

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ ၁၅၄၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်၊ ထန်းငါးပင်ကွင်းရှိ လယ်ကွင်းအတွင်းတွင် ပိုင်ရှင် ဦးအောင်ဆန်းဦး၏ စပါးချွေရိတ်စက် အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၁၅၅၀ အချိန် သတင်းရရှိသဖြင့်  ကြံခင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေ(၈)ဦး၊ အရန် (၁၀)ဦး ရေဂါလန်(၈၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၁၆၀၀ အချိန် မီးငြိမ်းပါသည်။
အဆိုပါမီးလောင်မှုကြောင့် စပါးချွေရိတ်စက်အင်ဂျင်နှင့် တာယာများမီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၅၀၀,၀၀ဝိ/-(ကျပ်ငါးသိန်း)ခန့် ဖြစ်ကြောင်းနှင့် စပါးချွေရိတ်စက် မောင်းနှင်သူ ဦးအောင်ဆန်းဦးအား ကြံခင်းမြို့နယ်ရဲစခန်းမှ (ပ) ၅၆၆/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။