(၃၁)ကြိမ်မြောက် သာသနာ့ဝန်ဆောင်သာမဏေကျော် စာတော်ပြန်ပွဲဖြေဆိုနေသည့် သံဃာတော်များ၊ ရှင်သာမဏေများနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး မိသားစုက နေ့ဆွမ်းဆက်ကပ်လှူဒါန်း


Ministry of Information/ နေပြည်တော် / December 19, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၈

သာသနာ့ဝန်ဆောင်အသင်းက ဦးစီးကျင်းပသည့် (၃၁)ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော် စာပြန်ပွဲကို ဒီဇင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက် မုခ်ရှိ တပ်မတော်ဓမ္မာရုံ၊ ရှင်သာမဏေဓမ္မာရုံ၊ မင်္ဂလာဗျူဟာဓမ္မာရုံ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော်များ၊ သာမဏေများနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

နေ့ဆွမ်းဆက်ကပ်

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သံဃာတော်များ၊ ရှင်သာမဏေ များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၏ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဗဟန်းမြို့နယ်ရှိ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်မှ တိုက်ကြပ်ဆရာတော် ဒွိပိဋကဓရပါဠိပါရဂူ ဘဒ္ဒန ၱဝဇိရပါဏီ လင်္ကာရာဘိဝံသ အမှူးပြုသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

လှူဒါန်း

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များနှင့် တပ်မတော်အရာရှိကြီး များက စာဖြေသံဃာတော်များနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်