ပျဉ်မနား ပါရာဒီဆို အဆင့်မြင့်ရုပ်ရှင်ရုံသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Information/ နေပြည်တော် / December 24, 2018
image_latest


နေပြည်တော်၊ ဒီဇင်ဘာ ၂၄

Paradiso Cinema Co.,Ltd ၏ ပျဉ်းမနား ပါရာဒီဆို အဆင့်မြင့်ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ပျဉ်းမနားမြို့ ရွှေချီရပ်ရှိ အဆိုပါ ရုပ်ရှင် ရုံသစ်၌ ကျင်းပ သည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ နေပြည် တော်ကောင် စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူနှင့် အမြဲ တမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ပျဉ်းမနားပါရာဒီဆို အဆင့်မြင့် ရုပ်ရှင်ရုံသစ်ကို ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ရုပ်ရှင်ရုံသစ်အတွင်း ဆက်လက် ကျင်း ပရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ့ရုပ်ရှင်လုပ်ငန်းပြန် လည် ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် ရုပ်ရှင်ကား ၉ ကားသာ ထုတ်လုပ်ရန် ခွင့်ပြုနိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၅၈ ကား နှင့် ၂၀၁၈ ခုနှစ် တွင် ယခုအချိန် အထိ ၁၂၉ ကား ထုတ်လုပ် ခွင့်ပြုထားခဲ့ပြီးဖြစ်ပါကြောင်း။
ပြသမှုပိုင်းတွင်လည်း ၂၀၁၃ ခုနှစ်တွင် ဒီဂျီတယ်စနစ်ဖြင့်ပြသနိုင်သည့် ရုပ်ရှင်ရုံ ၁၉ ရုံ၊ ပိတ် ကား ၁၉ ခုသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ် ယခုအချိန်အထိ စုစုပေါင်း ရုပ်ရှင်ရုံ ၁၂၄ ရုံ၊ ပိတ်ကား ပေါင်း ၁၄၀ အထိတိုးတက်လာခဲ့ပြီးဖြစ်ပါကြောင်း။
ရုပ်ရှင်ရိုက်ကူးထုတ်လုပ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံမေးမြန်း ခန်းများ၊ သင်တန်း ပို့ချခြင်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ကျင်းပပေးလျက် ရှိပါကြောင်း၊ ရုပ်ရှင်ကားသစ်များ ရုံမတင်မီ အထူးပွဲပြသသည့်အခါ နိုင်ငံပိုင်မီဒီယာများမှ အများပြည်သူ သိရှိနိုင်ရန် ဇာတ်ကား အကြောင်းအရာကို မိတ်ဆက် ထည့်သွင်း ဖော်ပြပေးနေပါကြောင်း။
တစ်ချိန်တည်းမှာပင် နေပြည်တော်ကို ရုပ်ရှင်ရိုက်ကူးသည့် စတူဒီယိုမြို့တော် အဖြစ်ပြောင်း လဲရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာ့ ရုပ်ရုင်လုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေး ကြိုးပမ်းဆောင် ရွက်ရာတွင် အနု ပညာရှင်များ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ ရုပ်ရှင်ဝါသနာရှင်ပြည်သူများ အားလုံးက ဝိုင်း ဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် Paradiso Cinema Co.,Ltd မှ ဒါရိုက်တာ ဦးသူရ(ခ) ဦးဇာဂနာ က ကျေးဇူး တင်စကား ပြောကြားပြီး ရုပ်ရှင်ဇာတ်ကားနမူနာများကိုပြသသည်။
ပျဉ်းမနား ပါရာဒီဆို 3D အဆင့်မြင့်ရုပ်ရှင်ရုံတွင် တစ်ယောက်ထိုင်ခုံ ၃၁၀ နှင့် နှစ်ယောက် တွဲထိုင်ခုံ ၁၇ ခုံပါဝင်သည်။ တနလာၤနေ့မှ သောကြာနေ့အထိ အပတ်စဉ် မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၃ နာရီခွဲနှင့် ညနေ ၆နာရီခွဲတို့တွင်ပြသပေးသွားမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေနှင် အစိုး ရရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီ၊ မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၃နာရီခွဲ၊ ညနေ ၆ နာရီခွဲ နှင့် ည ၈နာရီ မိနစ် ၅၀ တို့တွင်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။ Paradiso ရုပ်ရှင်ရုံ များတွင် ပြသလျက်ရှိသည့် ရုပ်ရှင် ဇာတ်ကားများနှင့် အခြားသတင်းအချက်အလက်များကို Paradiso Cinema Co.,Ltd Face book page တွင် ဝင်ရောက်ကြည့်ရှုလေ့ လာနိုင် ကြောင်း သိရသည်။
Paradiso Cinema Co.,Ltd သည်မှော်ဘီ၊ မုံရွာ၊ ဖျာပုံ၊ အောင်ပန်း၊ ကျောက်ပန်း တောင်း၊ သထုံ၊ ရွှေဘို၊ ဘိုကလေး၊ မတ္တရာ၊ မော်လမြိုင်၊ ကလေး၊ မအူပင်၊ အေးသာယာ၊ ရမည်း သင်းနှင့် ဟသာၤတမြို့တို့တွင် ရုပ်ရှင်ရုံများကို ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနား ပါရာဒီဆို 3D အဆင့် မြင့်ရုပ်ရှင်ရုံသစ် မှာ ကုမ္ပဏီ၏ ၁၆ ရုံမြောက်ဖြစ်ကြောင်း သိရသည်။
(မင်းမင်းဇော် - သတင်းစဉ်)