ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေး စတုတ္ထအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ ကျင်းပ


Ministry of Information/ နေပြည်တော် / December 26, 2018
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးရှိ ထာဝရ ငြိမ်းချမ်းရေး စေတီတော် တည်ဆောက် ရေးအတွက် စတုတ္ထအကြိမ် အလှူတော် ငွေပေးအပ်လှူဒါန်းပွဲ အခမ်း အနား ကို ယနေ့နံနက် ၉ နာရီတွင် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင် ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ ရွှေပါရမီတောရ ဆရာတော် ဘဒ္ဒန္တဆန္ဒာဓိက (ဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ)၊ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ဦးနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရွှေပါရမီတောရ ဆရာ တော် ဘဒ္ဒန္တဆန္ဒာဓိက (ဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာသဒ္ဓမ္မဇောတိက ဓဇ)ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သာသနာရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ နှင့် အလှူရှင်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရွှေပါရမီတောရဆရာတော် ဘဒ္ဒန္တ ဆန္ဒာဓိက (ဓမ္မကထိက ဗဟုဇန ဟိတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ)ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း သည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေး အတွက် စတုတ္ထအကြိမ် အလှူတော်ငွေ ပေးအပ် လှူဒါန်းပွဲ ဆက်လက် ကျင်းပရာ ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ဆောက် ရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ဆောက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ဦးနှင့် သက်ဆိုင် ရာ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများမှ အလှူရှင် ၇၅ ဦး လှူဒါန်းသည့် အလှူတော်ငွေများကို လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းတော် များ ပြန်လည်ပေးအပ် သည်။
ယင်းနောက် ရွှေပါရမီတောရဆရာ တော် ဘဒ္ဒန္တဆန္ဒာဓိက (ဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာသဒ္ဓမ္မဇောတိက ဓဇ)ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အလှူရှင်များက အနုမောဒနာ တရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေသည်။
ယနေ့လှူဒါန်းသည့် အလှူရှင် ၇၁ ဦး၏ ငွေသား လှူဒါန်းငွေမှာ ၄၅၆၈၇၁၃ဝဝ ကျပ်ဖြစ်ပြီး အလှူရှင် လေးဦး၏ ရတနာ ပစ္စည်း တန်ဖိုးမှာ ငွေကျပ် ၁၃၃ဝဝဝဝဝ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်