ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးဒေါ်စိုးစိုးအောင် အင်းစိန်(ဗဟို) အကျဉ်းထောင်အား ကြည့်ရှု စစ်ဆေး


Ministry of Information/ ရန်ကုန် / December 28, 2018
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စိုးစိုးအောင်သည် ရုံးအဖွဲ့မှူး ဒေါ်နွဲ့နွဲ့ဦး၊ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယ ခရိုင်တရားသူကြီး ဦးရဲလွင်၊ အင်းစိန်မြို့နယ် တရားသူကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် အင်းစိန်(ဗဟို) အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တရားသူကြီး ဒေါ်စိုးစိုးအောင်သည် အင်းစိန်(ဗဟို) အကျဉ်းထောင်ရှိ အကျဉ်းသား၊ အချုပ်သားများနှင့် တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများ ခံစားရရှိခွင့် ရှိ မရှိ၊ ၎င်းတို့၏ နေထိုင် စားသောက်ရေး၊ ကျန်းမာရေးနှင့် ပညာသင်ကြားပေးမှု၊ အသက်မွေးမှု၊ အတတ်ပညာ သင်ကြားပေးမှု များကို ဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

(သတင်းစဉ်)