ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှု


Ministry of Home Affairs/ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် / January 06, 2019


ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှု

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ၀၇၄၅ အချိန်မှ ၁၆၃၀ အချိန်ထိ ဟိုပုံးမြို့နယ်၊ ပန်လျန်း ကျေးရွာ၏ တောင်ဘက် ၆ ဖာလုံခန့်အကွာ ခန့်မှန်း(အယ်လ်စီ-၂၂၆၉၃၀)၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၅ ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့မှ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ဆီဆိုင်မြို့နယ် နောင်တဘန်ကျေးရွာ၌ ဘိန်းစိုက်ခင်း ၈ ဧကအား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။