ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှု
ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှု
Ministry of Home Affairs/ နေပြည်တော် / January 08, 2019

ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှု
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ၀၇၄၅ အချိန်မှ ၁၂၃၀ အချိန်ထိ ဟိုပုံးမြို့နယ်၊ ပန်လျန်း ကျေးရွာ၏ တောင်ဘက် ၁ မိုင် ၂ ဖာလုံ ခန့်အကွာ ခန့်မှန်း (အယ်လ်စီ-၂၂၃၉၂၅)၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၁၇ ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့မှ ဖျက်ဆီးခဲ့ ကြောင်း သိရှိရပါသည်။
အလားတူ ဆီဆိုင်မြို့နယ် ထီတန်းကျေးရွာ၌ ဘိန်းစိုက်ခင်း ၁၃ ဧကအား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။