ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်


Ministry of Information/ နေပြည်တော် / January 19, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေး ပစ္စည်းများ သိုလှောင်ရုံသို့ ရောက်ရှိ ကြပြီး ဘေးအန္တရာယ် ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၁၇ -၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးများ ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်များ ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရသလို ပြန်လည်ထူထောင် ရေးလုပ်ငန်းသည်လည်း အရေးကြီးကြောင်း၊ ထို့အတွက် ကမ်းပြိုဘေး၊ လေဘေးများကြောင့် နေအိမ်များ ရွှေ့ပြောင်းရခြင်း၊ ပျက်စီးခြင်းများအတွက် ငွေကြေးထောက်ပံ့မှုအပြင် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး အစီအစဉ်များ ချမှတ်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသော ဟင်္သာတခရိုင် မြို့နယ်များ အတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ မိခင်ဝိုင်းများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ အတွက်ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ငွေများ ပေးအပ်ရာ ဟင်္သာတ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၅,၉၆၁,၀၀၀) - ငါးဆယ့်ကိုးသိန်းခြောက်သောင်း တစ်ထောင်၊ ဇလွန်မြို့နယ် သပြုကွင်း ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေ ကျပ်( ၇,၄၀၁,၀၀၀) - ခုနှစ်ဆယ့်လေးသိန်း တစ်ထောင်၊ လေးမျက်နှာမြို့နယ် ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေ ကျပ်(၉,၁၆၅,၀၀၀)- ကိုးဆယ့်တစ်သိန်းခြောက်သောင်း ငါးထောင်၊ မြန်အောင် ပရဟိတအဖွဲ့ အတွက် ထောက်ပံ့ငွေကျပ် (၃၂,၅၃၈,၀၀၀) -သုံးရာနှစ် ဆယ့်ငါးသိန်း သုံးသောင်းရှစ်ထောင်၊ ကြံခင်း မျောက်ချောကုန်းပရဟိတအဖွဲ့အတွက် ထောက်ပံ့ ငွေ ကျပ်(၁၅,၄၈၆,၀၀၀) - တစ်ရာငါးဆယ့်လေးသိန်း ရှစ်သောင်း ခြောက်ထောင်၊ ကြံခင်းမေတ္တာရှင် ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ( ၂,၂၁၄,၀၀၀) - နှစ်ဆယ့်နှစ်သိန်း တစ်သောင်း လေးထောင်၊ ဇလွန် မဟာနာဂဝံသ လူငယ်ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေ ကျပ်(၂,၇၅၄,၀၀၀) - နှစ်ဆယ့် ခုနှစ်သိန်း ငါးသောင်းလေးထောင်၊ မြန်အောင် စေတနာမူ ညကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၃၃၅,၀၀၀) - သုံးသိန်းသုံးသောင်း ငါးထောင် တို့ကို ထောက်ပံ့ခဲ့ပြီး ဟင်္သာတမြို့၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၄,၄၆၁)ဦး အတွက် ထောက်ပံ့ငွေကျပ် (၁၃၃,၅၆၀,၀၀၀) - တစ်ထောင်သုံးရာ သုံးဆယ့်ငါးသိန်း ခြောက်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၈၅၀,၀၀၀) - ရှစ်သိန်းငါးသောင်း ဟသာၤတ ခရိုင်အတွင်း အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွား (၆၉၂၇)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၂၀၇၈၁၀,၀၀၀) -သိန်း နှစ်ထောင့် ခုနှစ် ဆယ့် ရှစ်သိန်းတစ်သောင်းတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်းသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊ မြို့တော်ခန်းမ၌ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွား(၅၇၉)ဦးအတွက် ထောက်ပံ့ ငွေကျပ် (၁၇ ၃၇၀,၀၀၀) - တစ်ရာခုနှစ်ဆယ့်သုံးသိန်း ခုနှစ်သောင်း၊ မသန်စွမ်းသူ (၈၃၂)ဦး အတွက် ထောက်ပံ့ငွေကျပ် ( ၂၄,၉၆၀,၀၀၀) - နှစ်ရာလေးဆယ့်ကိုးသိန်း ခြောက်သောင်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေ (၈၇၅,၀၀၀)ရှစ်သိန်းခုနှစ် သောင်းငါးထောင်တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များနှင့် ကျောင်းကုန်း မြို့နယ်အတွင်း ထောက်ပံ့ငွေ စုစုပေါင်းမှာ ကျပ် (၄၆၁,၅၄၉,၀၀၀)- လေးထောင့်ခြောက်ရာ တစ်ဆယ့်ငါးသိန်းလေးသောင်း ကိုးထောင်) ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)