ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်


Ministry of Information/ Nay Pyi Taw / February 02, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁

၂၀၁၈ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲများ ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ရာ ဝတ္ထုတို ၆၄ ပုဒ်၊ ဆောင်းပါး ၁၅၆ ပုဒ်၊ ကဗျာ ၁၀၅ ပုဒ်နှင့် ဓာတ်ပုံ ၄၇၂ ပုံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်များ၏ ဝတ္ထုတိုပြိုင်ပွဲတွင် ဦးဆန်းဦး (မင်းလပြည့်၊ ဟားခါး) က ဒီဇင်ဘာချစ်သူဖြင့် ပထမ၊ ဒေါ်ခိုင်ဝါဝါကျော် (ခိုင်ဝါကျော်-ဘောဂဗေဒ) က ပင်စင်စားတို့စကားဝိုင်းဖြင့် ဒုတိယ၊ ဖြူဇင်မိုး (မြန်စာဂုဏ်) က သင့်အသက် သင့်လက်ထဲတွင်ရှိသည်ဖြင့် တတိယ၊ အောင်ကိုကိုဦး (ထက်ဝေအောင်- စစ်ကိုင်း)၊ ဦးမောင်မောင်လွင် (မောင်မောင်လွင်-ရွှေဘိုသား)၊ ဦးမြင့်မောင် (မောင်စူးရှ-အနောက်ရိုးမ) တို့က နှစ်သိမ့်ဆု၊ ဆောင်းပါးပြိုင်ပွဲတွင် အောင်လင်းသူ (ကွန်ပျူတာ) က အားကစားစိတ်ဓာတ်အကြောင်း သိကောင်းစရာဖြင့် ပထမ၊ ဦးဇင်မင်းဝင်းက ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြင့် ဒုတိယ၊ ဦးဘုန်းကြိုင် (မင်းလူ) က ကျန်းမာစေကြောင်း နည်းလမ်းကောင်း စုပေါင်းဆင်နွှဲ လူထုလမ်းလျှောက်ပွဲဖြင့် တတိယ၊ ဦးရဲညွန့် (ရဲရဲထွန်းတောက်-မွှေးလုံး)၊ ဦးစိန်ဝင်း (ပန်းမြိုင်လယ် စိန်ဝင်း)၊ ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး) တို့က နှစ်သိမ့်ဆု၊ ကဗျာပြိုင်ပွဲ တွင် ဦးသန်းဝင်း (မင်းယဉ်စု) က အားကစားဖြင့် နိုင်ငံဂုဏ်မြှင့်လူမျိုးတင့်ဖြင့် ပထမ၊ ဦးဝင်းရွှေ (မောင်ယဉ်ဝင်း-ဒေါပုံ) က ကျန်းမာပျော်ရွှင်နေလိုလျှင်ဖြင့် ဒုတိယ၊ ဦးကျော်ဆန်း (ဖိုးကျော်-ပခုက္ကူ) က ဘဝညီမျှခြင်း မာရသွန်ဖြင့် တတိယ၊ ဦးသိန်းဇော် (ကြည်သိန်းဇော်)၊ ဦးခင်မောင်ထွန်း (မင်းသွေးနွယ်-ဇီးကုန်း)၊ ဦးခင်မောင်ဌေး (ချမ်းမြအေး- ညောင်တုန်း) တို့က နှစ်သိမ့်ဆု၊ ဓာတ်ပုံပြိုင်ပွဲတွင် မဟယ်လင်က ပထမနှင့် ဒုတိယ၊ ကိုဇော်မင်း(မန်းတောင်) က တတိယ၊ အောင်မျိုးထွန်း (ရွှေပြည်သစ်) က နှစ်သိမ့်ဆု (၁)၊ မင်းဇာနည်ဇော်က နှစ်သိမ့်ဆု (၂)၊ ကိုဇော်မင်း (မန်းတောင်) က နှစ်သိမ့်ဆု (၃)၊ အထူးဆုများအဖြစ် ယမင်းဝင်းလှိုင်၊ ဌေးဝင်း (ရမ္မာဝတီ)၊ ကျော်မျိုးထွန်း၊ ဇော်ဇော်ဝေ (ဆင်ဖြူကျွန်း)၊ မင်းဇာနည်ဇော်၊ အောင်မြင့်ထွေးတို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁) ၌ ကျင်းပမည် ဖြစ်ပါ၍ ဆုပေးပွဲကျင်းပမည့်ရက်အား ဆုရရှိသူများထံ ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၆၇-၈၁၀၄၃၃၄၊ ၀၆၇-၈၁၀၄၃၃၅၊ ၀၉-၄၂၉၀၃၅၃၅၀၊ ၀၉-၂၀၀၂၁၉၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်