ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၆ ဦး ပြန်လည်ရောက်ရှိမှု
ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၆ ဦး ပြန်လည်ရောက်ရှိမှု
Ministry of Home Affairs/ နေပြည်တော် / March 08, 2019

ကော့သောင်းမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၆ ဦး ပြန်လည်ရောက်ရှိမှု
******************************************************************************
၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ၁၄၀၀ အချိန် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မြို့မ တံတားသို့ ပဲ့ချိတ်စက်လှေ ၃ စီးဖြင့်ရောက်ရှိလာသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမား ၈၆ ဦး(ကျား ၆၉၊ မ ၁၇)တို့အား ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးစီးမှူး ဦးသန့်ဇင်၊ ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောမိုးရှေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့ပြီး ၎င်းတို့အား အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသကခန်းမ၌ ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဟန်ဘိုဘိုထွန်း ဦးစီးပူးပေါင်းအဖွဲ့က စိစစ်ဆောင်ရွက်ခဲ့ကာ ၁၇၀၀ အချိန်တွင် 4F/×××× “ရွှေမြိတ်အောင်” မှန်လုံခရီးသည်ယာဉ်ဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
