ကလေးစာပေပွဲတော် (ပဲခူး) တွင် တိုင်းရင်းသားရိုးရာ အကအလှ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်


Ministry of Information/ ​နေပြည်တော် / March 29, 2019
image_latest


ပဲခူး မတ် ၂၉

မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၃) ရက်တိုင် ကျင်းပလျက်ရှိသည့် ကလေးစာပေပွဲတော် စာအုပ်စာပေနှင့် စာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ ဖျော်ဖြေရေး အစီအစဉ်တွင် တိုင်းရင်းသားတို့၏ ရိုးရာအက အလှများ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား ရိုးရာအကများအနေဖြင့် ကယားတိုင်းရင်းသားတို့၏ ဖားစည်သံချိုလှတယ်နှင့် ကေဘိုးတိုး ပွဲ တော်သီချင်း၊ ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ရိုးရာပွဲနှင့် ချည်ဖြူဘွဲ့မင်္ဂလာသီချင်း၊ အရှိုချင်းတိုင်းရင်းတို့က ရိုးရာပါးညှပ်အကနှင့် တောင်ဇလပ်ပန်းသီချင်း၊ မွန်တိုင်းရင်းသားတို့က ၁၂ မျိုး မွန်ယိမ်းအကနှင့် တပင်တိုင် ယိမ်းအက၊ ရှမ်းတိုင်းရင်းသားတို့က လမုန့်ရိုးရာ အကနှင့် ဘဝတိုက်ပွဲသီချင်းအက၊ ပအိုဝ်းတိုင်းရင်းသားတို့က ယဉ်ကျေးမှုပို့သ မေတ္တာတော်အကနှင့် သမိုင်းအမွေနှစ် ချစ်မြတ်နိုး သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဝေလျှံ