ကလေးစာပေပွဲတော်(ပဲခူး) သို့ စာပေနှင့် အနုပညာရှင်များ အားပေး ကြည့်ရှု ပါဝင်ဆင်နွှဲ


Ministry of Information/ ပဲခူး / March 30, 2019
image_latest


ပဲခူး မတ် ၃၀

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ပူးပေါင်း ကျင်းပ သည့် ကလေးစာပေ ပွဲတော် စာအုပ်စာပေနှင့်စာအုပ်ဈေးရောင်းပွဲတော်ကို မတ်လ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ပဲခူးတက္ကသိုလ်အတွင်း ကျင်းပလျက်ရှိရာ တတိယနေ့တွင် ပွဲတော်လာသူများဖြင့် အထူးစည်ကားများပြား လျက်ရှိသည်။
အဆိုပါ ကလေးစာပေပွဲတော်(ပဲခူး) တွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ် သည့် အကယ်ဒမီ မေကဗျာ၊ အကယ်ဒမီ နေမင်း၊ မင်းညီ၊ ဖိုးချစ် တို့ကလည်းကောင်း၊ စာပေပညာရှင်များဖြစ်သည့် စာရေးဆရာ မောင်ခြိမ့်၊ အကယ်ဒမီ ငြိမ်းမင်း၊ ဆရာမပုညခင်၊ ဆရာမ မေသသင်္ကြန်ဟိန် (မြစ်မခ)၊ စာရေးဆရာ ခိုင်ချစ်အာင်(ပဲခူး)၊ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး)၊ စာရေးဆရာကံမြင့်မော် တို့က လည်းကောင်း၊ အဆိုတော်များဖြစ်သည့် မိစန္ဒီ၊ ဩရသ၊ ပြည့်ဖြိုး၊ စွမ်းပြည့်အောင်၊ မေမဒီ၊ ဖိုးပြည့်(မင်းသားကြီး)နှင့် နန်းခင်မွှေးတို့က လည်းကောင်း၊ သဘင်အနုပညာရှင်များဖြစ်သည့် မိုးဝင်း၊ နန်းခင်မွှေး တို့က ကလေး စာပေပွဲတော်အတွင်း လှည့်လည်ကြည့်ရှု အားပေး ကာ စာပေဟောပြောဆွေးနွေးခြင်း၊ တေးသီချင်း များသီဆို ခြင်း တို့ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိသည်။
ဝေလျှံ