တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး


Ministry of Information/ ​နေပြည်တော် / April 04, 2019
image_latest


နေပြည်တော် ဧပြီ ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက် (ဘ်) ကူးမားအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက် နေမှု အခြေအနေများနှင့် ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မာ စေရေး အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အဆင့်အလိုက် ချစ်ကြည်ရေးအဖွဲ့များ အပြန်အလှန် စေလွှတ်နေမှု အခြေအနေနှင့် ပင်လယ်ရေကြောင်း တိုင်းတာရေး အပါအဝင် နှစ်နိုင်ငံရေတပ်များအကြား ပူးပေါင်း ဆောင်ရွက်နေမှု အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး