ရှေးဟောင်း မြန်မာ့သစ်သား ဘုန်းတော်ကြီး ကျောင်းများကို မန္တလေး မြို့တော်အတွင်း လေ့လာနိုင်


Ministry of Information/ ​နေပြည်တော် / April 07, 2019
image_latest


မန္တလေး ဧပြီ ၆

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးတည်ရှိရာ မန္တလေး မြို့တော် အတွင်း၌ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ပြယုဂ်အဖြစ် ကုန်းဘောင်ခေတ်နှောင်း၊ အင်း၀၊ အမရပူရနှင့် ရတနာပုံခေတ် ဗိသုကာ အနုပညာလက်ရာများဖြင့် တည်ဆောက်လှူဒါန်းခဲ့ကြသည့် ရှေးဟောင်းမြန်မာ့သစ်သား ဘုန်းတော် ကြီး ကျောင်းများကို ခေတ်အဆက်ဆက် တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်လာရာ ယနေ့တိုင် ခံ့ညားထည်ဝါစွာ တွေ့မြင် လေ့လာနိုင် ကြောင်း သိရသည်။

ဂုဏ်ယူဝင့်ကြွားစွာ တွေ့ မြင်နိုင်

မန္တလေး မြို့တော်အတွင်း၌ ခေတ်အဆက်ဆက် တည်ဆောက် လှူဒါန်းခဲ့ ကြသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာ သစ်သား ကျောင်းတော်ကြီးများအား တွေ့မြင်နိုင်သော်လည်း မြန်မာ့ယဉ်ကျေးမှုပြယုဂ် အဖြစ် အဆောင်ဖွဲ့စည်းမှုများ ပါဝင်သော စံပြမြန်မာ့သစ်သား ဘုန်းတော်ကြီး ကျောင်းများကို မဟာအောင် မြေမြို့နယ်အတွင်းရှိ ရွှေအင်ပင်ကျောင်း၊ ကင်းဝန်မင်းကြီး ကျောင်းတိုက်အတွင်းရှိ သာကဝန်ကျောင်း၊ ဒေးဝန်း အနောက်ရပ်ကွက်ရှိ သင်္ဂဇာကျောင်း၊ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ ဗန်းမော်ကျောင်း၊ အောင်မြေသာစံမြို့နယ် အရှေ့ပြင် မဟာဝိသုဒ္ဓါရာမ ကျောင်းတိုက်အတွင်းရှိ ကြေးမြင် မိဖုရားကျောင်း၊ ရမည်းသင်း ကျောင်း နှင့် ချမ်းမြ သာစည်မြို့နယ် အတွင်းရှိ မဟာမင်းထင် ကျောင်းတို့ကို ဂုဏ်ယူဝင့်ကြွားစွာ တွေ့မြင် နိုင်ကြမည်ဖြစ်ပေသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)၊ ဓာတ်ပုံ-အောင်ဖြိုးကျော်