ထာဝရငြိမ်းချမ်းရေးစေတီတော်၌ တင်လှူပူဇော်မည့် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့် တို့အား ရွှေတိဂုံစေတီတော်ရင်ပြင်သို့ ပင့်ဆောင်ပူဇော်
ထာဝရငြိမ်းချမ်းရေးစေတီတော်၌ တင်လှူပူဇော်မည့် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့် တို့အား ရွှေတိဂုံစေတီတော်ရင်ပြင်သို့ ပင့်ဆောင်ပူဇော်
Ministry of Information/ ရန်ကုန် / April 10, 2019

ရန်ကုန် ဧပြီ ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်၌ တင်လှူပူဇော်မည့် ရတနာ စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များအား ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်သို့ ပင့်ဆောင်ပူဇော် သည့် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကမ္ဘာအေးစေတီတော်အရှေ့ဘက်မုခ် မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ ကမ္ဘာအေးစေတီတော် မင်္ဂလာမဏ္ဍပ်တွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွားသရဇ္စျာယ်ကြပြီး ဆရာတော်သံဃာတော် များ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၊ ကမ္ဘာအေးစေတီတော် ဂေါပက အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဆရာတော်သံဃာတော်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကမ္ဘာအေးစေတီ တော်ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များက ကမ္ဘာအေး စေတီတော် အား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်သည်။
ယင်းနောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဆရာတော် သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မစေတီလမ်း၊ အာဇာနည်ဗိမာန်လမ်းမှ တဆင့် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်သို့ ပင့်ဆောင်ကြသည်။ ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်တွင် ရွှေတိဂုံစေတီ တော် ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဒေဝါဝင်း၊ ရာဇာဝင်း၊ နရီအဖွဲ့ များဖြင့် ကြိုဆိုပင့်ဆောင်၍ ရွှေတိဂုံစေတီ တော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ကာ ချမ်းသာကြီးတန်ဆောင်တွင် တိုင်းဒေသကြီး သံဃ နာယက ဥက္ကဋ္ဌနှင့် ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ဆောင်ရွက်ကြပြီး ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့အား ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ငွေ့ခိုလှုံကာ အပူဇော်ခံ ထားရှိသည်။
(ဟန်လင်းနိုင်)