သမိုင်းဆိုင်ရာအတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပမည်
သမိုင်းဆိုင်ရာအတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပမည်
Ministry of Information/ နေပြည်တော် / May 24, 2019
နေပြည်တော် မေ ၂၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “သမိုင်း ဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲ” ကို အမျိုးသားပြတိုက် (ရန်ကုန်)၊ ပထမထပ်ရှိ အမျိုးသားစာကြည့်တိုက်ခွဲ (ရန်ကုန်) ၌ ဇွန်လပထမပတ်မှစ၍ လေးလလျှင်တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး ပထမအကြိမ် စကားဝိုင်းဆွေးနွေးပွဲကို ဇွန် ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဒေါက်တာကျော်ဝင်း၊ အတွင်းရေးမှူး၊ မြန်မာသမိုင်းအဖွဲ့ (သမိုင်းပါမောက္ခ (ငြိမ်း)၊ ရန်ကုန်တက္ကသိုလ်)က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး မြန်မာသမိုင်းအဖွဲ့ဝင်များဖြစ်သော ဦးသန်းလွင်နှင့် ဦးဂျယ်ရီကြိုင် တို့က ပါဝင် ဆွေးနွေးသွားကြမည်ဖြစ်သည်။
ထို့အတွက် သမိုင်းဆိုင်ရာ အသိပညာဗဟုသုတများကို စိတ်ပါဝင်စားသူ အများပြည်သူများအနေဖြင့် မည်သူမဆိုပါဝင် တက်ရောက်နိုင်ပါကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
