မောင်တောမြို့နယ်၌ လုံခြုံရေးဆောင်ရွက်ရန် ထွက်ခွာလာသည့် မော်တော်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ
မောင်တောမြို့နယ်၌ လုံခြုံရေးဆောင်ရွက်ရန် ထွက်ခွာလာသည့် မော်တော်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ
Ministry of Information/ နေပြည်တော် / April 23, 2019

မောင်တော ဧပြီ ၂၂
မောင်တောမြို့နယ် တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်း နယ်မြေရုံးသို့ လုံခြုံရေး လိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီး ယနေ့နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံ ခဲ့ရကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်း နယ်မြေရုံးတို့မှ တပ်ဖွဲ့ဝင်အချို့အား မော်တော်ယာဉ်ဖြင့် တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ ပို့ဆောင်စဉ် မောင်တောမြို့နယ် နယ်မြေ(၄) ဇီးပင်ချောင်းလမ်းဆုံနှင့် လိပ်ရလမ်းဆုံအရောက် နံနက် ၇ နာရီ မိနစ် ၄၀ ခန့် တွင် ARSA အဖွဲ့ နှစ်ဖွဲ့က လမ်း၏ ဝဲ/ယာ တောင်ကုန်းပေါ်မှ ဆွဲမိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိမိတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ် ခဲ့ကြောင်း။
ဖြစ်စဉ်တွင် ယာဉ်မောင်း ဒုတပ်ကြပ် ရှိုင်းထက်အောင်၏ ယာမျက်လုံး ယမ်းငွေ့ ရိုက်သည့်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မော်တော်ယာဉ်မှာ ဦးခေါင်းကြေမွပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါနေရာအား တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်