ငါး/ပုစွန်မွေးမြူရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း သဘာဝအခြေခံကောင်းများနှင့်အတူ ဒေသဖွံ့ဖြိုးရေး ကြိုးပမ်း ဆောင်ရွက်နေသည့် တနင်္သာရီတိုင်းဒေသကြီး


Ministry of Information/ ​နေပြည်တော် / May 01, 2019
image_latest


သာယာလှပသော ကမ်းခြေနှင့် နေဝင်ချိန် ဆည်းဆာအလှကို ခံစားနိုင်သဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်စားစွာ လာရောက်လည်ပတ်လေ့ရှိသော မောင်းမကန်ကမ်းခြေသည် မြန်မာပြည် တောင်ဘက် အဖျားစွန်း ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာများ ပေါကြွယ်ဝသည့် တိုင်းအလှ တနင်္သာရီတွင် တည်ရှိသည်။

မီးခိုးမထွက်သော စက်ရုံအဖြစ် တင်စားခေါ်ဝေါ်သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဟိုတယ် ၃၀ နှင့် တည်းခိုရိပ်သာ ၁၀ ခု ဖွင့်လှစ်ထားရှိပြီး ခရီးသွားလာရေးကုမ္ပဏီ ၉၄ ခုတို့ဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ကော့သောင်းမြို့ ၌ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပပြုလုပ် ခဲ့သည့် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်တွင် တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသများဖြစ်သော ကျွန်းစုဒေသ ခရီးသွားလုပ်ငန်းများကို အဓိက မိတ်ဆက်ပြသခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၏ ခရိုင်အလိုက် ခရီးသွားများ လေ့လာလည်ပတ်စရာ အထင်ကရ နေရာများအနေဖြင့် ထားဝယ်ခရိုင်တွင် ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင်ဘုရားများ (ရှင်ပင်ခရု၊ ရှင်တောက်ထိန်၊ ရှင်တောင့်ပုံ၊ ရှင်ဇလွန်၊ ရှင်မုတ္ထီး၊ ရှင်ဓာတ်ဝဲ၊ ရှင်ဥဩ၊ ကလိန်အောင်ရှင်ဆံတော်နှင့် မြတ်ရှင်မော်)၊ ရွှေတောင်စားစေတီတော်နှင့် လောကမာရဇိန် ဘုရားကြီး၊ မျှော်ရစ်စေတီတော်၊ မောင်းမကန် ကမ်းခြေ၊ မြင်းခွာအော် ကမ်းခြေ၊ ဖိုးဖိုးကျောက် ကမ်းခြေ၊ စမ်းလှမ်းကမ်းခြေ၊ မောင်းမကန် aရပူစမ်း၊ ထားဝယ်ရိုးရာ ပုဆိုး၊ လုံချည် လက်ရက် ကန်း လုပ်ငန်း၊ ထားဝယ်ရိုးရာ အိုးမျိုးစုံလုပ်ငန်း၊ ပလတ်စတစ်ခြင်းတောင်းရက် လုပ်ငန်းနှင့် သဘော့ဖျာရက်လုပ်ငန်း၊ မြိတ်ခရိုင်တွင် လေးကျွန်းဆီမီး သိမ်တော်ကြီး၊ အတုလရံသီ(ပထက်တောင်) ရွှေသာလျောင်း လျောင်းတော်မူဘုရားနှင့် ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းများ၊ ကော့သောင်းခရိုင်တွင် ပြည်တော်အေးဘုရား၊ မလိဝမ်းရေတံခွန်၊ ၅၅၅ တောင်ကုန်း၊ ဘုရင့်နောင် ကုန်းမြေနှင့် ဘုရင့်နောင်အငူ၊ ကျွန်းဖီလာ၊ ဗိုလ်ရွှဲ၊ ငမန်းကျွန်း၊ ငခင်ညိုကြီးကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ကျွန်းအမှတ်(၁၁၅)၊ ခရင်းခွကျွန်း၊ ဘားလားကျွန်း (ခ) သံယုတ်ကျွန်း၊ ဖိုးနီကျွန်း (ခ) ဗိုလ်ရာညွန့်ကျွန်း၊ ဗိုလ်နက်ကျော်ကျွန်း၊ လိုဏ်ဂူကျွန်း၊ ငထွေးရူးကျွန်း စသည့် ကျွန်းအခြေပြုခရီးသွား လုပ်ငန်းများမှာ ခရီးသွားများ လေ့လာလည်ပတ် စရာ အထင်ကရနေရာများ ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်ဟူ၍ ခရိုင် သုံးခု၊ မြို့နယ် ၁၀ ခု တို့ဖြင့် ဖွဲ့စည်းထားပြီး တိုင်းဒေသ ကြီး၏ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကို တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်အောင် ဆောင်ရွက်ရေး ဆိုသည့် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။

▲ ရည်မှန်းချက်များ ▲

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်နိုင် ခြင်းမရှိသည့် မြေယာများကို ဒေသခံတောင်သူ များအား ပြန်လည်ပေး လုပ်ကိုင်ရေး၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး၊ ရေထွက် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး၊ တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ ဒေသတွင်းလုံခြုံရေးနှင့် တရားဥပဒေအရ အကာအကွယ်ပေးမှုများ အပြည့်အဝရရှိရေး၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းချိုသာစွာ ရရှိနိုင်ရေး စသည့် ရည်မှန်းချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

▲ လုပ်ငန်းစဉ်များ ▲

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိ ရေးအတွက် နိုင်ငံရေးပြဿနာများကို စစ်ရေး နည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာသွားရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီအလိုက် ခံစားသင့် ခံစားထိုက်သော အခွင့်အရေးများနှင့် လူမျိုး ရေးဆိုင်ရာ စုပေါင်းအခွင့်အရေးများ၊ ဒေသန္တရ ဖွံ့ ဖြိုးရေးဆိုင်ရာများ၊ မြေယာနှင့် သဘာ၀ သယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာများတွင် လုပ်ငန်းစဉ်များချမှတ်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

▲ မဏ္ဍိုင်(၃)ရပ် ▲

တိုင်းဒေသကြီး အစိုးရအဖွဲ့သည် (၃)နှစ်တာ ကာလအတွင်း ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး အထိ ဥပဒေ(၁၄)ခု အသစ်ပြဋ္ဌာန်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ထုတ်ပြန် ထားရှိသည့် ဥပဒေများအပေါ် နည်းဥပဒေ နှစ်ခု တို့ကို အတည်ပြု ထုတ်ပြန်နိုင်ခဲ့သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်ထောင်စု ဗဟိုရုံးများ၏ လက်အောက်ခံရုံး လေးခု၊ ဝန်ကြီး ဌာန ၂၀ ၏ လက်အောက်ခံရုံး ၉၀ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လက်အောက်ခံရုံး နှစ်ခုတို့ကို ဗဟို အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများ၏ လုပ်ငန်းများ အကောင်အထည်ဖော် နိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၁၊ ပုဒ်မခွဲ(ခ) အရ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရုံး တစ်ခု၊ ခရိုင်ရုံးသုံးခုနှင့် မြို့နယ်ရုံး ၁၀ ခုတို့ဖြင့် လွတ်လပ်သော တရားစီရင်ရေးစနစ်ဖြင့် အမှီအခိုကင်းစွာ စီရင်ဆုံးဖြတ်နိုင်ရေးအတွက် ကြီးကြပ် ထိန်းကျောင်းပေးလျက်ရှိသည်။

▲ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ▲

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ၃ နှစ်တာကာလ အတွင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် သန်း ၃၆၉၉၀ ဒသမ ၆၈၆၇ သန်းဖြင့် နယ်စပ် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်း ၃၅၁ ခုနှင့် ပြည်ထောင်စု ရန်ပုံငွေကျပ်သန်း ၁၀၈၁၈ ဒသမ ၇၉၄၅ သန်းဖြင့် နယ်စပ်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ၁၇၉ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၁၆- ၂၀၁၇ ခုနှစ်မှ ၂၀၁၈ - ၂၀၁၉ ခုနှစ် အထိ ၄၉၁၇၉၁ ဧက စိုက်ပျိုးခဲ့ရာ တင်းပေါင်း ၄၉၈၄၇၀၉၇ တင်းထွက်ရှိခဲ့ပြီး နွေစပါး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၉၃၀၃ ဧက စိုက်ပျိုးခဲ့ရာ တင်းပေါင်း ၁၂၃၂၇၁၉ တင်း ထွက်ရှိခဲ့ပြီး ဆောင်းသီးနှံစိုက်ပျိုးနိုင်မှု အနေဖြင့် ၂၅၅၈၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။

ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၈ - ၂၀၁၉ ခုနှစ် အထိ စိုက်ပျိုးပြီး ၁၀၄၁၆၆၅ ဧကအပေါ်တွင် အစေးလှီးဧက ၄၃၆၀၁၂ ရှိပြီး စုစုပေါင်း ၂၄၄၇၄၅၀၀၅ ပေါင် ထွက်ရှိခဲ့ပြီး ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၁၈ - ၂၀၁၉ ခုနှစ်အထိ စိုက်ဧက ၁၁၉၂၀၃၅ အပေါ်တွင် အသီးခူးဧက ၄၂၂၄၈၄ ဧကရှိပြီး ၁၀၉၂၃၅၆ တန် ထွက်ရှိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၏ အရေးကြီးသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု ဖြစ်သည့် ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ် လိုင်စင် ထုတ်ပေးမှုအနေဖြင့် ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၂၂၀၅၄ စင်း ထုတ်ပေးနိုင်ခဲ့ပြီး ကမ်းဝေးငါးဖမ်းရေယာဉ် လိုင်စင်ထုတ်ပေးမှု အနေဖြင့် ငါးဖမ်းရာသီတွင် ၄၂၈၉ စင်း ထုတ်ပေးနိုင်ခဲ့သည်။ ၎င်းအပြင် ကမ်းနီး/ကမ်းဝေး/အခြား ရေလုပ်သားကတ် ထုတ်ပေးနိုင်မှုအနေဖြင့် ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၁၈ - ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၁၄၄၂၀၇ ဦးကို ထုတ်ပေးနိုင်ခဲ့သည်။

ငါး/ပုစွန် မွေးမြူထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၈ - ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကုန်ချိန် ၆၅၄၅၃၅၆ တန်၊ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၈၉၇ သန်း တင်ပို့နိုင်ခဲ့ပြီး ငါး/ပုစွန် ရေထွက်ပစ္စည်းတင်ပို့မှုမှာ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၁၈ - ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကုန်ချိန် ၇၈၀၁၂၅ ဒသမ ၄၄ တန်၊ အမေရိကန် ဒေါ်လာ ၇၄၄ ဒသမ ၀၇၂ သန်း၊ မြန်မာငွေကျပ်ကျပ် ၆၉၈၁ ဒသမ ၅၀၃ သန်း ရရှိ ခဲ့သည်။ အအေးခန်းစက်ရုံများမှ ကုန်ချော ထုတ်လုပ်တင်ပို့ရောင်းချနိုင်မှုမှာ ကုန်ချိန် ၁၇၂၂၁ ဒသမ ၄၇ တန်၊ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၀၈ သန်း တင်ပို့နိုင်ခဲ့သည်။

ဒေသဖွံ့ ဖြိုးတိုးတက်ရေး၌ အခြေခံ အဆောက်အအုံဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် (၃)နှစ်တာကာလအတွင်း ထားဝယ်ခရိုင်တွင် ၅၇၇၇၉၃၆ ယူနစ် ထုတ်လုပ် ပေးနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၂၈၁၂၈၁၅ ယူနစ်၊ မြိတ်ခရိုင်တွင် ၃၅၂၂၄၆၁ ယူနစ် ထုတ်လုပ်ပေး နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၂၀၁၆၂၉၆ ယူနစ်၊ ကော့သောင်းခရိုင်တွင် ၁၄၈၆၉၀၉ ယူနစ် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၄၄၅၁၂၆ ယူနစ် ပိုမိုထုတ်လုပ်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ (၃)နှစ်တာကာလတွင်း ထားဝယ်ခရိုင်တွင် လျှပ်စစ်မီးသုံးစွဲသူ အိမ်ထောင်စု ၁၀၄၀၉၂ စု ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၄၀ ရာခိုင်နှုန်း၊ မြိတ်ခရိုင်အတွင်း အိမ်ထောင်စု ၁၃၂၉၁၉ စု ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၄၈ ရာခိုင်နှုန်း၊ ကော့သောင်းခရိုင်အတွင်း အိမ်ထောင်စု ၄၆၀၈၈ စု ရာခိုင်နှုန်း အားဖြင့် ၁၆ ဒသမ ၀၉ ရာခိုင်နှုန်း တိုင်းဒေသကြီးအတွင်း စုစုပေါင်းအိမ်ထောင်စု ၂၈၃၀၉၉ စု ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၂၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ အနေဖြင့် ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးရေး ကိရိယာများဖြင့် တိုင်းတာစိစစ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ (၃)နှစ်တာ ကာလအတွင်း ပုဂ္ဂလိကစက်မှု လုပ်ငန်း ၆၀၇ ခုကို မှတ်ပုံတင်ဆောင်ရွက်ပေးနိုင် ခဲ့သည်။

အစိုးရသက်တမ်း (၃)နှစ်တာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၅၇၈၂ ဒသမ ၃၇ သန်းဖြင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ၁၅ ခုကို အကောင် အထည်ဖော် ဆောင်ရွက် ပေးနိုင်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး ၆၃၁ မိုင် ၃ ဖာလုံနှင့် တိုင်းဒေသကြီးလမ်း ၄၄၈ မိုင် ၁ ဒသမ ၅ ဖာလုံ၊ ပေ ၅၀ အောက် တံတား ၉၅၉ စင်း၊ ပေ ၅၀ နှင့် ၁၀၀ အောက်တံတား ၁၀၅ စင်း၊ ပေ ၁၀၀ နှင့် ၁၈၀ အောက်တံတား ၃၆ စင်း၊ ပေ ၁၈၀ နှင့် အထက် တံတား ၂၄ စင်း၊ ရေပြွန်နှင့် ပိုက်များ ၂၃၇၁ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

တိုင်းဒေသကြီးအတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ကျေးလက်လမ်းများ ဆောင်ရွက်မှုအနေဖြင့် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း၊ အမာခံလမ်း ဖောက် လုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တံတားလုပ်ငန်းများ အနေဖြင့် ၁၀ ပေ မှ ပေ ၅၀ အထက် တံတား ၅၇ စင်း၊ ပေ ၅၀ မှ ပေ ၁၈၀ အထက် တံတား ၁၄ စင်း နှင့် Box Culvert / ရေပြွန် ၁၆၁ စင်းဆောက်လုပ်ဆောင်ရွက်ပေးနိုင်ခဲ့သလို ရာသီမရွေး သွားလာနိုင်သောလမ်း ၈၄၃ မိုင် ၃ ဒသမ ၆၈ ဖာလုံသို့ တိုးချဲ့ဖောက်လုပ်ပေးနိုင်ခဲ့သည်။

မြို့ ပြလမ်းလုပ်ငန်းများ ဆောင်ရွက်မှု အနေဖြင့် (၃)နှစ်တာကာလတွင် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း၊ မြေသားလမ်း၊ ကတ္တရာလမ်းပေါက်ဖာ စုစုပေါင်း ၉၇ မိုင် ၅ ဒသမ ၇၇ ဖာလုံကို ကုန်ကျငွေကျပ် ၁၂၀၄၉ ဒသမ ၇၅၂၅ သန်း၊ မြို့ ပြတံတားလုပ်ငန်းများ ဆောင်ရွက်မှု အနေဖြင့် ကုန်ကျငွေကျပ် ၁၁၀၄ ဒသမ ၂၈၆၂၅ သန်း၊ မြို့ ပြရေပေးရေးလုပ်ငန်းများအတွက် ကုန်ကျငွေကျပ် ၂၅၆ ဒသမ ၁၂၃ သန်း ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီး အမှတ်(၂) သတ္တုတွင်း လုပ်ငန်းအနေဖြင့် Mini Budget စီမံကိန်း ရည်မှန်းချက်အရ ၂၀၁၈ - ၂၀၁၉ ခု ဘဏ္ဍာရေး နှစ်တွင် ခဲမဖြူနှင့် အဖြိုက်နက်ရောရာ သတ္တု ၈၃၄ ဒသမ ၈၁၆ မက်ထရစ်တန် ထုတ်လုပ်ရန် ရည်မှန်း ထားပြီး ၂၉၅ ဒသမ ၀၃၃ မက်ထရစ်တန် ထုတ်လုပ် နိုင်ခဲ့သည်။

ပုလဲနှင့် မုတ်ခွံ ထုတ်လုပ်နိုင်မှုအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ပုလဲထုတ်လုပ်ရန် လျာထား ချက် မိုမီ ၃၈၇၀၀၀ တွင် ၃၃၆၉၅၅ ဒသမ ၃၂ မိုမီနှင့် မုတ်ခွံထုတ်လုပ်ရန်လျာထားချက် ၁၄၂ မက်ထရစ်တန်တွင် ၈၉ ဒသမ ၀၄ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အထိ (၃)နှစ်တာကာလအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိမှုမှာ မြန်မာငွေကျပ် ၁၄၇၇၂၀ ဒသမ ၈၃၆ သန်း၊ ထိုင်းဘတ်ငွေ ၁၀၀ ဒသမ ၇၉၇ သန်း၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၅၆ သန်း ကောက်ခံ ရရှိခဲ့သည်။

တိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၃)နှစ်တာကာလအတွင်း ကုန်သွယ်ရေးစခန်း များ၏ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၈၂ ဒသမ ၇၅၃ သန်း ရရှိ အောင် ဆောင်ရွက်နိုင်ခဲ့သည်။

အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP)မှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၃) နှစ်တာကာလအတွင်း ငွေကျပ် ၅၄၅၀၉၂၀ ဒသမ ၉ သန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လူတစ်ဦးချင်း ဝင်ငွေရရှိမှုအနေဖြင့် နှစ်အလိုက် ဈေးနှုန်းများအရ ငွေကျပ် ၂၉၄၁၂၂၅ ရရှိရန် ရည်မှန်းထားသည်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေ နိုင်ရေးနှင့် ကျောင်းထွက်သူပပျောက်ရေးအတွက် နှစ်စဉ် မေလ ၂၅ ရက်မှ မေလ ၃၀ ရက်အထိ ကာလကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအလိုက်/မြို့နယ်အလိုက်၊ ကျောင်းအပ်နှံရေးအခမ်းအနားများကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားများတွင် နိုင်ငံ တော်နှင့် စေတနာရှင်ပြည်သူများမှ ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ငွေကျပ်၊ ကျောင်းသုံး စာရေးကိရိယာ၊ ကျောင်းသုံးပရိဘောဂများနှင့် ကျောင်းဝတ်စုံများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၉၆ ဒသမ ၀၇၂၄ သန်းခန့် ထောက်ပံ့ပေးနိုင်ခဲ့သည်။

လစ်လပ်လျက်ရှိသော မူလတန်းပြရာထူး နေရာများတွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဒေသခံဘွဲ့ရ ပြင်ပပုဂ္ဂိုလ် ၂၇၉ ဦးကို ခန့်ထားပေးခဲ့ပြီး မူလတန်းဆရာ အတတ်သင် တစ်လသင်တန်း တက်ရောက်ကာ မူလတန်းပြ အမြဲတမ်းဝန်ထမ်းများအဖြစ် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် ခန့်ထားပေးနိုင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ ၂၀၂၃၇ ဦး အနက် ၆၁၇၄ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက် ၃၀ ဒသမ ၅၁ ရာခိုင်နှုန်း တိုးတက် ရရှိခဲ့သည်။

တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၀ မြို့နယ်၌ ဆင်းရဲချို့တဲ့သည့် အခြေခံပညာ မူလတန်းကျောင်း ၁၀ ကျောင်းမှ သူငယ်တန်း(KG)နှင့် ပထမတန်း (Grade-1) ကျောင်းသား ကျောင်းသူများကို ကျောင်းအလိုက် အာဟာရကျွေးမွေးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ ငွေကျပ် ၁၄၂၇၆၀၀၀၀ ကို ထောက်ပံ့ပေးခဲ့သည်။

တိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လွှမ်းခြုံနိုင်မှုအနေဖြင့် ကျေးလက်ကျန်းမာရေး ဌာနနှင့် လူဦးရေအချိုးမှာ ၁ အချိုး ၂၂၀၃၁ ၊ ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် လူဦးရေအချိုးမှာ ၁ အချိုး ၄၈၇၃၊ သားဖွားဆရာမ နှင့် လူဦးရေ အချိုးမှာ ၁ အချိုး ၃၈၁၄ ဖြစ်သည်။ လူဦးရေနှင့် ဆရာဝန်အချိုးမှာ ၁ အချိုး ၇၆၇၉ ၊ လူဦးရေနှင့် သူနာပြုအချိုးမှာ ၁ အချိုး ၂၄၆၉ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ပေးရန် ဘာသာရပ်အလိုက် သင်တန်းများ၊ မွမ်းမံသင်တန်းများကို ပို့ချပေးလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွင်း တိုင်းဒေသကြီးအဆင့် သင်တန်း စုစုပေါင်း ရှစ်ကြိမ်၊ ၂၀၁၇ ခုနှစ်အတွင်း သင်တန်း စုစုပေါင်း ၁၄ ကြိမ်၊ ၂၀၁၈ ခုနှစ်အတွင်း သင်တန်း စုစုပေါင်း ၁၉ ကြိမ် သင်တန်းပို့ချပေးနိုင်ခဲ့ပြီး ထားဝယ်သူနာပြု သင်တန်းကျောင်းမှ သူနာပြု ဆရာ ဆရာမ ၁၈၂ ဦး၊ မြိတ်သားဖွားသင်တန်း ကျောင်းမှ ၂၀၁ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။

တိုင်းဒေသကြီးအတွင်း တိုင်းအဆင့်၊ ခရိုင်/မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပမှု အနေဖြင့် (၃)နှစ်တာကာလတွင် အားကစားနည်း ၁၈ နည်း ကျင်းပနိုင်ခဲ့ပြီး မြို့နယ်များတွင် အားကစားပြိုင်ပွဲ ၃၀၂ ပွဲ ကျင်းပပေးနိုင်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ်၌ အားကစားနည်း ၃၂ နည်း ကျင်းပခဲ့ပြီး ဆုရရှိမှုအနေဖြင့် ရွှေ ၃၁ ခု၊ ငွေ ၂၇ ခု ၊ ကြေး ၂၇ ခု ရရှိခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆင့်(၃) ရရှိခဲ့သည်။

▲ ပြည်သူ့အကျိုးပြု ▲

တနင်္သာရီတိုင်းဒေသကြီးအတွင်း နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း(ထားဝယ်)၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း(မြိတ်)၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ကော့သောင်း) တို့ကို ဖွင့်လှစ်၍ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများကို သင်ကြား ပို့ချပေးလျက်ရှိရာ (၃)နှစ်တာကာလအတွင်း သင်တန်း ၅၆ ကြိမ်နှင့် သင်တန်းသား သင်တန်းသူ ဦးရေမှာ ၁၃၉၆ ဦးကို သင်ကြားပို့ချပေးနိုင်ခဲ့သည်။

ပညာသင်ကြားရေးတွင် အခက်အခဲရှိသည့် ဒေသခံတိုင်းရင်းသားလူငယ်များကို အလယ်တန်းပညာ၊ အထက်တန်းပညာများသင်ကြားနိုင်ရေး ဆောင်ရွက်ပေးမည့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ဖွင့်လှစ် နိုင်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး မြိတ်မြို့တွင် နယ်စပ် ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းဖွင့်နိုင်ရန်မြေနေရာရရှိရေး ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို အားပေး ဆောင်ရွက်လျက် ရှိသကဲ့သို့ တနင်္သာရီ တိုင်းဒေသကြီးတွင် တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်မှုမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ (၃)နှစ်တာကာလတွင် မိုးရာသီ (စပါး) စိုက်ပျိုးစရိတ်အတွက် ထုတ်ချေးငွေကျပ် ၅၁၇၇၈ ဒသမ ၆၅၀ သန်း၊ နွေစပါးနှင့် အခြား သီးနှံအတွက် ငွေကျပ် ၄၀၃ ဒသမ ၉၅ သန်း၊ ပြည်ပဂျပန်နှစ်ဆင့်ချေးငွေ JICA (TSL) (၅နှစ် ၅ ရစ်) နှစ်ရှည် လယ်ယာသုံးစက် ချေးငွေကျပ် ၁၄၁၅ ဒသမ ၇၅ သန်း၊ ပြည်တွင်းမြန်မာ့စီးပွားရေး ဘဏ် နှစ်ဆင့်ချေးငွေ MEB (TSL) (၃ နှစ် ၆ ရစ်ဆပ်)၊ နှစ်တိုလုပ်ငန်း ချေးငွေကျပ် ၆၇ ဒသမ ၃၁၅ သန်း ထုတ်ချေးနိုင်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်မှုစနစ် ကောင်းမွန်ရန် ကျေးလက်ဒေသ များတွင် မိုဘိုင်းစခန်းအသစ်များ တပ်ဆင် ဆောင်ရွက်ပေးခဲ့သည်။ အစိုးရသစ်၏ (၃)နှစ် တာကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ မိုဘိုင်း BTS စခန်း စုစုပေါင်း ၁၂၈ ခု ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့ပြင် အများပြည်သူ ခရီးသွားလာမှု၊ လူမှုစီးပွားဘ၀ အဆင့်မြှင့်တင်နိုင်ရေးနှင့် ကုန်စည် ပို့ဆောင်မှု လွယ်ကူချောမွေ့ရေးအတွက် တိုင်း ဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ထားဝယ်မြို့ ဆန်းချီရပ်ရှိ မြို့သစ် ၄ လမ်းနှင့် ၆ လမ်း များကို အဆင့်မြှင့်တင် ဆောင်ရွက်ပြီး မြို့သစ် ၅ လမ်းနှင့် ၇ လမ်း များကို အသစ်ဖောက်လုပ်ပေးခဲ့သည်။

အဆိုပါလမ်းများမှ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် မောင်းမကန်ဒေသဖွံ့ဖြိုးတိုးတက်ရေးဇုန်များသို့ အချိန်တိုအတွင်း ရောက်ရှိနိုင်သည့်အပြင် ထားဝယ် - ရေး - ရန်ကုန် လမ်းမကြီးနှင့် ထားဝယ် - မြိတ် လမ်းမကြီးများသို့ အချိန်တိုအတွင်း သွားလာနိုင်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်များဖြစ်သော တနင်္သာရီမြို့နယ်တွင် FM ရေဒီယိုလွှင့်စက်၊ ဘုတ်ပြင်းမြို့နယ်တွင် ရုပ်မြင်သံကြားလွှင့်စက်၊ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာတွင် ရုပ်မြင်သံကြား လွှင့်စက်နှင့် စက်ရုံတစ်ရုံ တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သည်။

ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စမ်းလှမ်း ကျေးရွာတွင် အိပ်ခန်း လေးခန်းပါ အိပ်ဆောင် နှစ်ဆောင်၊ စားသောက်ဆောင် တစ်ဆောင်ဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် မကြုံဂလက်ကျေးရွာများအား အစဉ်တိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ ကျေးရွာများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ကျန် ဆလုံ ကျေးရွာများ တွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် အတွက် ထားဝယ်မြို့တွင် ဆိပ်ကမ်းသာ ကစားကွင်း၊ မြိတ်မြို့တွင် ဦးမြတ်လေး ပန်းခြံကစားကွင်း အသစ်များ တိုးချဲ့ဆောင်ရွက်ပေး နိုင်ခဲ့သည်။ ၎င်းအပြင် ထားဝယ်မြို့တွင် ပြည်သူများ မြစ်အလှကို ကြည့်ရှုပြီး အပန်းဖြေအနားယူနိုင်ရေး အတွက် ဆိပ်ကမ်းသာလမ်းတွင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း Bored Pile အခြေပြု ကျောက်စီနံရံဆောက်လုပ်ခြင်း၊ ၁၈ ပေ အကျယ် ရှစ်လက်မထု ကွန်ကရစ်ခင်းခြင်း၊ RCC Box Culvert နှစ်စင်း ဆောက်လုပ်ခြင်း၊ လမ်းလယ်ကျွန်းတွင် ရေမြောင်းနှင့် လမ်းဘေးကပ်တုံးများ ပြုလုပ်ခြင်း၊ ရောင်စုံဘလောက်တုံးဖြင့် ပလက်ဖောင်း ပြုလုပ်ခြင်းကို မြောင်းပုလဲတံတားမှ အာဇာနည်လမ်းပိုင်းကြားတွင် ပထမအဆင့် အနေဖြင့် ဆောင်ရွက်ပြီးဖြစ်သည်။

မြိတ်မြို့ ကန်တော်မင်္ဂလာ(ရေကန်ဘောင်) တွင် ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေ အနားယူနိုင်ရေး အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရေကန်ပေါင်ပတ်လမ်း ရေမြောင်း ကျောက်စီခြင်း၊ ရေကန် ပေါင် အဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ ရေကန်ပေါင်ပတ်လမ်း ရေမြောင်းတွင် ရေမြောင်းအဖုံးပြုလုပ်ခြင်း၊ ရေကန်ပေါင်ပတ်လမ်း သံပန်းတပ် သစ်သား ကြမ်းခင်းထိုင်ခုံများ ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးနိုင် ခဲ့သည်။

▲ သဘာ၀ဘေးအန္တရာယ် ▲

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်အထိ သဘာ၀ဘေးသင့်ပြည်သူများ အတွက် ငွေကျပ်၁၅၁၄၆၀၃၁၁ ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် သဘာ၀ဘေး အန္တရာယ်ဖြစ်ပွားမှုများကြောင့် ဘေးသင့် အိမ်ထောင်စုများနှင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၂၃၄ ဒသမ ၁၂၈ သန်း ထောက်ပံ့ပေးခဲ့ သည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် Tanintharyi Regional Development Plan ရေးဆွဲနိုင်ရေးအတွက် JICA အဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရေးအတွက် VSI Thai Union Co.,Ltd (Thailand) နှင့် ပူးပေါင်းဆွေးနွေးခြင်း၊ Development Planning in Tanintharyi Region and Dawei SEZ ခေါင်းစဉ်ဖြင့် Master Plan ရေးဆွဲထားရှိမှု Draft Plan နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများ နှင့်စပ်လျဉ်း၍ JICA အဖွဲ့နှင့်ပူးပေါင်း ဆွေးနွေးခြင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းဆိုင်ရာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမဝင် သစ်ထုတ်လုပ်မှုများ လျော့နည်းပပျောက်နိုင်ရေး အတွက် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တရားမဝင် သစ်ထုတ်လုပ်မှု ဖမ်းဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလ အထိ ကျွန်းသစ် ၀ ဒသမ ၄၈၂ တန်၊ အုပ်စု (၁) သစ်ခွဲသား ၂၉ ဒသမ ၆၆၄၃ တန်၊ အုပ်စု (၂) အခြားသစ်လုံး ၄၀ ဒသမ ၇၆၁၃ တန်၊ အုပ်စု(၂) အခြားခွဲသား ၃၂၁ ဒသမ ၀၇၉၇ တန်ကို ဖမ်းဆီး ရမိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ လူထု၊ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လူကုန်ကူးမှုဆိုင်ရာ အသိပညာဗဟုသုတများ ဖံြ႕ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ NGO, INGOs များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ၊ လူစည်ကားရာ နေရာများတွင် အသိပညာပေး Bill Board များ စိုက်ထူခြင်းများအပြင် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏စီစဉ်မှုဖြင့် UD Counder (၁၀) ဘီးယာဉ် အသုံးပြု၍ ဝေးလံခေါင်းပါးသည့် နေရာများအထိရောက်အောင် အသိပညာပေး လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်လျက် ရှိသည်။

လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း

ဖြေလျှော့မှုများအနေဖြင့် ယခင်က ဓာတ်အားလိုင်းခွဲရုံ (ထရန်စဖော်မာ)များကို စစ်ဆေးပြီးပါက လျှပ်စစ်စစ်ဆေးရေးမှူးချုပ်၊ လျှပ်စစ်စစ်ဆေးရေးဌာန (ရုံးချုပ်) နေပြည်တော်မှ ခွင့်ပြုလက်မှတ် ထုတ်ပေးခဲ့သော်လည်း ယခု ဘဏ္ဍာရေးနှစ်များတွင် ဓာတ်အားလိုင်းခွဲရုံ (ထရန်စဖော်မာ) ကို ၄၀၀ ကေဗွီအေနှင့် အောက်လျော့နည်းပါက တိုင်းဒေသကြီး လျှပ်စစ် စစ်ဆေးရေးမှူးမှ ခွင့်ပြုလက်မှတ် ထုတ်ပေးပိုင်ခွင့် ပြုခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် လုပ်ငန်းရှင်များ ချေးငွေရယူရန်အတွက် ယခင်က လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက် Recommendation Letter ကို နေပြည်တော်(ရုံးချုပ်) မှ ထောက်ခံချက် ထုတ်ပေးခဲ့ပြီး ယခုအခါ ငွေကျပ် သိန်း ၁၀၀၀ အောက် ဘဏ်ချေးငွေရယူလိုသော လုပ်ငန်းရှင်များကို တိုင်းဒေသကြီးဦးစီးဌာနမှူးမှ ထောက်ခံချက်ဖြင့် ထုတ်ပေးနိုင်အောင် လုပ်ငန်း ဖြေလျှော့ပေးလျက်ရှိသည်။

▲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ▲

ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း CDEF နှင့် မြိတ်ခရိုင်အခြေစိုက် ငါတို့ အနာဂတ် အရှေ့ဆောင် OTF တို့ ပူးပေါင်းဆောင်ရွက်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြိတ်ခရိုင် မြိတ်မြို့နယ် Green Eye ဟိုတယ်တွင် လာမည့် အောက်တိုဘာလတွင် ကျင်းပရန် ခွင့်ပြု ပေးခဲ့သည်။

တိုင်းဒေသကြီးအတွင်း ထားဝယ်ခရိုင် ထားဝယ်မြို့နယ်အတွင်းရှိ မောထ၊ အမြှား၊ ထီးထ နှင့် ဆင်ဖြူတိုင်ကျေးရွာများတွင် စစ်ရေးပဋိပက္ခ ကြောင့် နေရပ်စွန့်ခွာပြီး ပြန်လည်အခြေချနေထိုင်သော ဒေသခံတိုင်းရင်းသားများ၏ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အခက် အခဲများဆောင်ရွက်ရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားရန် စီစဉ်ထားကြောင်း သိရ သည်။

တိုင်းဒေသကြီးအတွင်း အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ နေထိုင်မှု အဆင့်အတန်း တိုးတက်ကောင်းမွန်ရန်၊ အကျဉ်း ထောင်အတွင်း သောက်ရေသုံးရေ သန့်ရှင်းလုံလောက်မှုရှိရန်၊ အနံ့အသက်များကင်းစင်ပြီး သန့်ရှင်းမှုရှိရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများ အလုံအလောက် ပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီများ ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် သင်္ဂဟဂျန်ဒါတို့ပူးပေါင်းပြီး “လူဖြစ်ခွင့်ပေးပါ” လှုပ်ရှားမှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် “မတူကွဲပြား အကြမ်းမဖက်ရေး မိမိကစ ပါဝင်ပေး” လှုပ်ရှားမှုတို့ကို ကျင်းပပေးနိုင်ခဲ့သည်။

▲ အကျိုးသက်ရောက်မှုများ ▲

တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံတော်၏ မဟာဓာတ်အားလိုင်း မရောက်ရှိမီက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များ၊ ဒီဇယ်ဓာတ်အားပေးစက် များ၊ အသေးစားရေအားစက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိစက်တပ်ဆင်နိုင်မှု အင်အားအနေဖြင့် ဓာတ်အား ပေးစက် ၄၈ လုံး တပ်ဆင်အင်အား ၃၀ ဒသမ ၈၃ မဂ္ဂါဝပ် တိုးချဲ့ တပ်ဆင်နိုင်ခဲ့သည်။

ကျောင်းများ အဆင့်တိုးမြှင့်မှုအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း ၃၇၄ ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့သလို ဆေးရုံ၊ ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း ၇၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အားကစားကဏ္ဍ တိုးတက်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ခုနှစ်၌ တိုင်းဒေသကြီး အတွင်း ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းတွင် ကစားသမားတည်းခိုဆောင် နှစ်ဆောင်၊ ကွန်ကရစ် ရေစင် တစ်လုံး၊ အမိုးပါအုတ်ရေကန် နှစ်လုံး တည်ဆောက်ခြင်း၊ ရေဖြူမြို့ အားကစားကွင်း နယ်နိမိတ် ခြံစည်းရိုးကာရံခြင်း၊ သရက်ချောင်းမြို့ အားကစားကွင်းပြေးလမ်းမြေဖြည့်ခြင်း Inner Fence ကာရံခြင်းနှင့် ခြောက်ခန်းတွဲ အိမ်သာ ဆောက်လုပ်ခြင်း၊ မြိတ်မြို့ အားကစားခန်းမ နယ်နိမိတ် ခြံစည်းရိုးကာရံခြင်း၊ မီတာ ၄၀၀ ပြေးလမ်း ကျောက်မှုန့်ခင်းခြင်းနှင့် တင်းနစ်ကွင်းပွဲကြည့်စင်ဆောက်လုပ်ခြင်း၊ ကျွန်းစုမြို့ အားကစားကွင်း ပြေးလမ်း ကျောက်မှုန့်ခင်းခြင်း၊ဖြတ်ရေမြောင်းပြုလုပ်ခြင်း၊ ကပ်တုံးပြုလုပ်ခြင်း၊ ရေလမ်းကြောင်းတူးဖော်ခြင်းနှင့် ကွင်းအတွင်း မြေကြီးတူးထုတ်ခြင်း၊ ပုလောမြို့ အားကစားကွင်း Inner Fence ကာရံခြင်း၊ တနင်္သာရီမြို့ (မောတောင်) အားကစားကွင်း နယ်နိမိတ် ခြံစည်းရိုးကာရံခြင်း၊ ဘုတ်ပြင်းမြို့ အားကစားခန်းမ ပတ်လည် ခြံစည်းရိုးကာရံခြင်းတို့ကို ဆောက်လုပ် ပေးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် တိုနှင့် ပလကျေးရွာတို့ကို ပေါင်း၍ ပလမြို့သစ် Town Plan နှင့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ဒေသရှိ မောင်းမကန် Town Plan ကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒသမအကြိမ် ပုံမှန်အစည်းအဝေးတွင် အတည်ပြု ခဲ့ပြီးဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းအစီအစဉ်နှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံသား အသက်(၉၀)နှစ် ပြည့်ပြီးသူ ဘိုးဘွားများကို လူမှုရေးပင်စင် အစီ အစဉ်အရ တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ထောက်ပံ့လျက်ရှိသလို တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် မသန်စွမ်းသူများ လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရေးအတွက် Right to Play အခမ်းအနားများကို ကျင်းပ ပေးခဲ့သည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူများအတွက် တရားရုံးထောက်ပံ့စရိတ် ငွေကျပ် တစ်သိန်းစီနှင့် ၁၇ ဦးကို ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပစ္စည်းများ ဝယ်ယူရန် ငွေကျပ် ငါးသိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၀၉ သိန်း ထောက်ပံ့ပေး ခဲ့သည်။

တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ(၄)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၇) ဆုံးဖြတ်ချက် အရ မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီမြို့ဟောင်းကို ရှေးဟောင်းနေရာ တည်နေရာဇုန် နှင့် ကာကွယ် ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (ICH) ၉၆ ခုအနက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ရှင်မာလဲပွဲတော်၊ နှစ်ကျိပ် ရှစ်ဆူဘုရားပွဲတော်၊ ထားဝယ်မုန့်ကာလာမဲလုပ်ငန်း၊ ထားဝယ်ခေါက်မုန့် လုပ်ငန်း၊ ကောက်ညှင်းကျည်တောက်လုပ်ငန်း၊ ထားဝယ်မုန့်လက်သုပ်၊ ဝါးခမောက်လုပ်ငန်း၊ သကျက်ဖျာလုပ်ငန်း၊ ရေဖြူလှေလှော်ပြိုင်ပွဲ၊ ခေါသရပ်ပွဲတော်၊ တနင်္သာရီ မင်္ဂလာဆောင်ဓလေ့၊ ထားဝယ်မင်္ဂလာဆောင် ဓလေ့၊ ဓနိပွင့်ယိုလုပ်ငန်း များကို ယူနက်စကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် UNESCO သို့ မှတ်တမ်းတင် ပေးပို့နိုင်ခဲ့သည်။

ထိုကဲ့သို့ အမွေအနှစ်များသည် တနင်္သာရီ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွဲဆောင်မှုများပင် ဖြစ်သည်။ ခရီးသွားလုပ်ငန်း အပါအဝင် တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ အဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့မှ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ဆောင်းပါး- နန္ဒာဝင်း၊ ဓာတ်ပုံစုစည်း- အေးသန်း