ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို


Ministry of Information/ ​နေပြည်တော် / May 03, 2019
image_latest


နေပြည်တော် မေ ၂

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက် ရှိနေသော လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ Major General Pasith Thiengthamအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith Thiengtham တို့သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေး သည်။ ၎င်းနောက် ဂုဏ်ပြုတပ်ဖွဲ့က ချီတက်အလေးပြုထွက်ခွာသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြားရှိပြီး ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ရေး၊ သင်တန်း နှင့် လေ့ကျင့်ရေးဆိုင်ရာ အပြန်အလှန်တိုးမြှင့်ဆောင်ရွက် ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံ ရေးအပါအဝင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အပြန်အလှန်သတင်းဖလှယ်ခြင်း၊ တားဆီးရေးနှင့် ပူး ပေါင်းဆောင်ရွက်ရေး၊ သဘာ၀ဘေးအန္တရာယ်နှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အပြန် အလှန်စေလွှတ်၍ အသိပညာများမျှဝေခြင်းနှင့် လက်တွေ့လေ့ကျင့်ရေး၊ မဲခေါင်မြစ်ကြောင်း လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စအပါအဝင် ယဉ်ကျေးမှုနှင့် အားကစား အဖွဲ့များ အပြန်အလှန်စေ လွှတ်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Aureum Palace ဟိုတယ်၌ ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး