မြဝတီနှင့် တာချီလိတ်မြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၂ ဦး ရောက်ရှိမှု(၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့)


Ministry of Home Affairs/ နေပြည်တော် / May 07, 2019
မြဝတီနှင့် တာချီလိတ်မြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၂ ဦး ရောက်ရှိမှု(၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့)


မြဝတီနှင့် တာချီလိတ်မြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၂ ဦး ရောက်ရှိမှု(၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့)


    ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၉၀၀ အချိန်ထိ မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှ  လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂၆ ဦး(ကျား ၆၈၊ မ ၅၈)တို့သည် မော်တော်ယာဉ် ၇ စီးဖြင့် ရောက်ရှိလာခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ် များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
    အလားတူ ၁၀၅၀ အချိန်မှ ၁၁၂၀ အချိန်ထိ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦး(ကျား ၅၊ မ ၁)တို့သည် ထိုင်းနိုင်ငံ လဝကအရာရှိ ချန်နလွန်ဖူမိပေါ ဦးစီးအဖွဲ့နှင့်အတူရောက်ရှိလာရာ တာချီလိတ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ လဝကမှူး ဦးညီညီ ဦးစီးသည့်အဖွဲ့မှ ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး ၎င်းတို့၏ နေရပ်အသီးသီး သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။