ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်း အနား ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 07, 2019
image_latest


နေပြည်တော် ဇွန် ၆

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီး ထာဝရငြိမ်းချမ်းရေး စေတီတော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ဆောက် ရေးအတွက် အမှတ်(၁၂၇/အေ) ဓမ္မစေတီလမ်း (၁၀)ရပ်ကွက် ကမာရွတ်မြို့နယ် ရန်ကုန်မြို့နေ ဒေါက်တာအောင်ကျော်ဝင်း+ ဒေါက်တာသက်သက်ခိုင်တို့မှ အလှူငွေကျပ် သိန်း ၃၅၀နှင့် သာသာနပြု ဆေးပဒေသာ ပင်အတွက် ရန်ပုံငွေကျပ် သိန်း ၃၅၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ အလှူငွေများ လက်ခံရ ယူခဲ့သည်။

အဆိုပါ အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာ တော် ထွန်းကားပြန့်ပွားရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)