၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဧပြီလအထိ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်အခြေအနေ
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဧပြီလအထိ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်အခြေအနေ
Ministry of Information/ နေပြည်တော် / June 27, 2019

နေပြည်တော် ဇွန် ၂၆
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဧပြီလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၄၁ ဒသမ ၆၄ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၀၇ ဒသမ ၈၉ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၄၉ ဒသမ ၅၃ သန်းဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂၅၂ ဒသမ ၂၃ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၄၄ ဒသမ ၉၀ သန်းနှင့် စုစုပေါင်းသွင်း ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၄၉၇ ဒသမ ၁၃ သန်းဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဧပြီလအတွက် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၄၆ ဒသမ ၆၆ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၀ သန်းဖြစ်ပေါ်ခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဧပြီလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၂၅၈ ဒသမ ၃၂ သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၄၄၅ ဒသမ ၃၈ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၇၀၃ ဒသမ ၇၀ သန်းဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၆၀၉ ဒသမ ၉၂ သန်း၊ နယ်စပ် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၆၉၃ ဒသမ ၄၁ သန်းနှင့် စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၃၀၃ ဒသမ ၃၃ သန်းဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တို ဘာလမှ ဧပြီလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂၀၀၀၇ ဒသမ ၀၃ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅၉၉ ဒသမ ၆၃ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။
သတင်းစဉ်