မြန်မာ့စာတိုက်လုပ်ငန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်စာတိုက်ကြီး (၁၂)နှစ်ပြည့် ချည်ရတုအခမ်းအနားကျင်းပ
မြန်မာ့စာတိုက်လုပ်ငန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်စာတိုက်ကြီး (၁၂)နှစ်ပြည့် ချည်ရတုအခမ်းအနားကျင်းပ
Ministry of Information/ နေပြည်တော် / June 28, 2019
နေပြည်တော် ၂၇ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် နေပြည်တော်စာတိုက်ကြီး၏ (၁၂)နှစ်ပြည့် ချည်ရတုအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဗဟိုစာတိုက်ကြီးတွင် ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြန်မာ့စာတိုက်လုပ်ငန်းကို မိမိ၏ကိုယ်ပိုင်စီးပွားရေးကဲ့သို့မှတ်ယူ၍ သုံးငွေများကို စိစိစစ်စစ်သုံးစွဲပြီး ဝင်ငွေများတိုးတက်ရရှိစေရန် အစဉ်အမြဲ နည်းလမ်းရှာဖွေစဉ်းစား ဆောင်ရွက်ကြရန်၊ လုပ်ထုံးလုပ် နည်းများ၊ လုပ်ငန်းသစ်များကို သင်တန်းပို့ချရန်၊ မိမိ၏ အလုပ်အားစေတနာ ထားဆောင်ရွက်ကြရန်နှင့် စည်းကမ်းမဖောက်ဖျက်ကြရန် လုပ်ငန်းဆောင်ရွက်ရာတွင် မိမိအရည်အသွေး တိုးတက်စေရေးအတွက် မိမိကိုယ်မိမိ အတတ်ပညာဝမ်းစာ (ကွန်ပျူတာနှင့် အိုင်တီနည်းပညာ) များကို အစဉ်ဖြည့်ဆည်းဆောင် ရွက်ထားရန်၊ ဝန်ထမ်းသည်တာဝန်ကို ရွေးချယ်ခွင့်မရှိဘဲ တာဝန်က ဝန်ထမ်းကို ရွေးချယ်နေသည်ကို အမြဲတမ်း မှတ်ယူထားရန်၊ အရှုံးများနေရာမှ အရင်းကျေသော မြန်မာ့စာတိုက်အဖြစ် ရှင်သန်ရပ်တည် နိုင်ရန်အတွက် ကိုယ်စီတာဝန်ကျေပွန်စွာဖြင့် ယခုထက်ပို၍ ကြိုးစားဆောင်ရွက်ကြရန်၊ ပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်ဆဲကာလတွင် အထူးသဖြင့် ဝန်ထမ်းများ၏ စိတ်ဓာတ်ပြုပြင်ခြင်းနှင့် အားပေးတိုက် တွန်းမှုများကို အောက်ခြေဝန်ထမ်းအထိ ဆောင်ရွက်ပေးရန်၊ Myanmar Post Vision အတိုင်း “လူတိုင်းအတွက် မြန်မာ့စာတိုက်” Myanmar Post For Everyone ဖြစ်စေရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ဗဟိုစာတိုက်ကြီး (၁၂)နှစ်ပြည့် ချည်ရတုအထိမ်းအမှတ် အခမ်းအနားအဖြစ် ကျင်းပသော မြန်မာနိုင်ငံ တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များနှင့် ပူးပေါင်း ပြသသည့် တံဆိပ်ခေါင်းသမိုင်းများ ခေတ်အဆက်ဆက် ရှားပါးတံဆိပ်ခေါင်းများအား လှည့်လည်ကြည့် ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်