ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို တင်ဆက်သော ''ရှုတိုင်းယဉ် ဆင်တိုင်းလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ'' တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို တင်ဆက်သော ''ရှုတိုင်းယဉ် ဆင်တိုင်းလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ'' တက်ရောက်
Ministry of Information/ နေပြည်တော် / June 28, 2019
ရန်ကုန် ဇွန် ၂၈
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်က စီစဉ်တင်ဆက်သော" ရှုတိုင်းယဉ်ဆင်တိုင်းလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ"ကို ယနေ့မွန်းလွဲပိုင်းတွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဂုဏ်ပြုတေးသီချင်းကို တေးသံရှင်ပိုးမီက သီဆိုခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ပြုသီချင်း "အင်အားသစ် များနှင့်အတူ" တေးသီချင်းကို တေးသံရှင် စိုးပြည့်သဇင်နှင့် ကေကေတီတို့ ကလည်းကောင်း၊ ဒီဇိုင်နာမေမြတ်ဝါဆို၏" ပန်းပန်းချီရေး၊ မြင်သူငေး" မြန်မာ့ရိုးရာ ဆင်ယဉ်ထုံးဖွဲ့မှုကို လည်းကောင်း၊ ဒီဇိုင်နာစုစုဝေ၏ "မောင်မယ်တွဲဖက်၊ လက်ချင်းယှက်" ဆင်ယဉ်ထုံးဖွဲ့မှုကို လည်းကောင်း၊ "မီးအိမ်ရှင်" တစ်ခန်းရပ်ပြဇာတ်ကိုလည်းကောင်း၊ ဒီဇိုင်နာသျှတ္တရ၏" ကြာနွယ်ဖြင့် ဆင်း၊ ခေတ် ဆန်းယဉ်" ဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊ ဒီဇိုင်နာ ယုံးယုံး၏ "ပုလဲကုံးသီသံစဉ်ညီ၊ ချိုမြတေး ပန်းချီ"တို့ဖြင့် လည်းကောင်း၊ တစ်ခန်းရပ် ဟာဒယရွှင် ဆေးဖြင့်လည်းကောင်း၊ ဒီဇိုင်နာမျိုးမင်းစိုး၏ "လက်ဆင့်ကမ်းဝေ၊သာသနာအမွေ" ကိုလည်းကောင်း၊ "ဘယ်သူပိုမိုက်လည်း" ပြဇာတ်တို့ဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုပန်းခြင်းများကို ပေးအပ် သည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြု ပန်းခြင်းများ ဆက်လက်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
