ရွှေတိဂုံစေတီတော် (၅၇၃) ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / July 03, 2019
image_latest


ရန်ကုန် ဇူလိုင် ၂

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော (၅၇၃) ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

 

ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံ ရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ငါးပါးသီလဆောက်တည်

 

ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ညောင်တုန်းပါဠိ တက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

လှူဒါန်းခဲ့

 

ယနေ့ပြုလုပ်သော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၁၆၄ ဦးထံမှ ရွှေပြားပေါင်း ၁၇၇ ချပ်၊ ရင်ပြင်တော်အခင်း ကျောက်ပြားအလှူရှင် ၇၅၁ ဦးက ကျောက်ပြားချပ် ၂၂၅၃၇ ချပ်လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၁၂ ဦးအပါအဝင် လှူဒါန်းငွေ စုစုပေါင်းငွေကျပ်ကျပ် ၅၃၁၆၁၃၇၅၀ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်