ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အီတလီဒုတိယနိုင်ငံခြားရေးဝန်ကြီးအား ဂုဏ်ပြုတည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ခြင်း


Ministry of Foreign Affairs/ Nay Pyi Taw / July 15, 2019


(၁၅-၇-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်သည် ၃-၇-၂၀၁၉ ရက်တွင် အီတလီသံအမတ်ကြီး နေအိမ်၌ ကျင်းပသော ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင်ခရီး ရောက်ရှိနေသည့် အီတလီနိုင်ငံခြားရေး ဒုတိယဝန်ကြီး Honarable Manlio Di Stefano အား ဂုဏ်ပြုတည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းဧည့်ခံပွဲ၌ မြန်မာသံအမတ်ကြီးက အီတလီသံအမတ်ကြီးအား မြန်မာနိုင်ငံက အချို့နိုင်ငံများသို့ ပေးဆပ်ရန်ရှိသော ကြွေးမြီများအနက် အီတလီနိုင်ငံသည် ယင်းကြွေးမြီများကို ချေးငွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့သော ပထမဦးဆုံးနိုင်ငံများတွင် ပါဝင်ကြောင်း ပြောကြားဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။