ရေမြေတောတောင် သဘာဝအလှအပများတည်ရှိရာ မွန်တို့ဌာနေ ရာမညတိုင်း


Ministry of Information/ ​နေပြည်တော် / July 25, 2019
image_latest


မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသော   ဘုရင်မ ရှင်စောပုနှင့် သာသနာပြု မင်းကောင်းမင်းမြတ် ဓမ္မစေတီ မင်းတို့ကဲ့သို့  ထင်ရှားသည့်  ပုဂ္ဂိုလ်များသည်   မွန်တိုင်းရင်းသားများဖြစ်သလို   မြန်မာ့လွတ်လပ်ရေး ကြိုးပမ်း မှု သမိုင်းတစ်လျှောက်တွင် မွန်တိုင်းရင်းသားများ လက်တွဲပါဝင်ခဲ့ကြသည်။

မွန်ညီနောင်နှစ်ဦးဖြစ်သည့် သာမလနှင့် ဝိမလတို့က  ဟံသာဝတီပဲခူးမြို့တော်ကို  စတင်ထူထောင် ခဲ့သော သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁)ရက်ကို မွန်အမျိုးသားနေ့အဖြစ်     ၁၉၄၆  ခုနှစ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ၌ကျင်းပသည့်  မွန်အမျိုးသား ညီလာခံက ဆုံးဖြတ်ပြီး နှစ်စဉ် မွန်အမျိုး သားနေ့ အခမ်းအနားများကို ကျင်းပလာခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တပို့တွဲ လပြည့်ကျော် (၁) ရက်  ယခုနှစ်  ဖေဖော်ဝါရီလ ၂၀ ရက်တွင်     မွန်တိုင်းရင်းသားအပေါင်းတို့ အလေးအမြတ် ဂုဏ်ယူတန်ဖိုးထားသည့် နေ့ထူး နေ့မြတ်ဖြစ်သော မွန်အမျိုး သားနေ့ အခမ်းအနား ကို ကျင်းပခဲ့သည်။

စိတ်ဝင်စားဖွယ်နေရာများ

မွန်တိုင်းရင်းသားများသည် မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးတွင် အခြေချ နေထိုင် လျက်ရှိကြသည်။ မွန်ပြည်နယ်ဟုဆိုလျှင် ကျိုက်ထီးရိုးဘုရား၊ ကျိုက်သလ္လံစေတီ၊ ဦးဇိနစေတီ၊ ကျိုက်သုတ်စေတီ၊ ကျိုက္ခမီရေလယ်ဘုရား၊ စက်စဲ ကမ်းခြေနှင့်  ဘီလူးကျွန်း  စသဖြင့်  အထင်ကရ စိတ်ဝင်စားဖွယ် နေရာများကိုတွဲ၍     အမှတ်ရကြသလို  မွန်ပြည်နယ်၏ ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှများကြောင့်လည်း     မြန်မာပြည် အရပ်ရပ်မှ ပြည်တွင်းဘုရားဖူးများအပြင် ကမ႓ာ လှည့်ခရီးသွားများလည်း      အများအပြား လာရောက်လေ့ရှိကြသည်။

မော်လမြိုင် - မုဒုံ ကားလမ်းပေါ်ရှိ တရား အားထုတ်ရာ ဖားအောက်တောရ ဘုန်းတော်ကြီး ကျောင်းသည် ပြည်တွင်းသာမက နိုင်ငံခြားသားများပါ လာရောက်၍ တရားအားထုတ်ကြသလို မွန်ပြည်နယ်ရှိ  ဝင်းစိန်တောရ   လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးမှာ ထင်ရှားသည်။

မွန်ပြည်နယ်သည်   မြန်မာနိုင်ငံ၏    အရှေ့ တောင်ပိုင်းတွင်တည်ရှိပြီး  ကရင်ပြည်နယ်၊  ပဲခူး တိုင်းဒေသ ကြီး၊  မုတ္တမပင်လယ်ကွေ့ ၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ထိုင်းနိုင်ငံတို့က ဝန်းရံထားကာ အကျယ် အဝန်းမှာ ၄၇၄၈ စတုရန်းမိုင်ဖြစ်၍                 ကမ်းရိုးတန်းတစ်လျှောက်တွင်        ကျွန်းငယ်ကလေးများ အစီအရီတည်ရှိသည်။ မွန်ပြည်နယ်မှ မြန်မာနိုင်ငံ အနှံ့အပြားသို့ လွယ်ကူစွာဆက်သွယ် သွားလာနိုင်သဖြင့်  ကုန်စည်စီးဆင်းမှု  အဆင်ပြေ ချောမွေ့သည့် ပြည်နယ်တစ်ခုဖြစ်သည်။

သံကူကွန်ကရစ်တံတား ၁၂ စင်း ဆောက်လုပ်

မွန်ပြည်နယ်တွင် အစိုးရသစ်တာဝန်ယူခဲ့ သည့်  တတိယ (၁) နှစ်တာအတွင်း  ထင်သာ မြင်သာရှိသည့် တိုးတက်ပြောင်းလဲမှုများတွင် ကျိုက်ထီးရိုးဘုရားဖူးကာလ၌ ကျိုက်ထိုမြို့တွင်း အပိုင်းနှင့် ကျိုက်ထို - ကင်မွန်းစခန်း လမ်းအပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုများ  မကြာခဏဖြစ်ပေါ် လျက်ရှိသဖြင့်     ယာဉ်အန္တရာယ် ကင်းရှင်းရန် ကျိုက်ထိုမြို့     မြို့ရှောင်လမ်းကို  ၂၀၁၈  ခုနှစ် (Mini) ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ မြေသားတာပေါင်လုပ်ငန်းနှင့် သံကူကွန်ကရစ် တံတား ၁၂ စင်း ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။

 ထို့ပြင် ကျိုက်မရောမြို့နယ်တွင် အရှည်ပေ ၂၁၀၉ ပေ၊ အကျယ် ၃၁ ပေရှိ သံမဏိ သံပေါင်နှင့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်သော အတ္ထရံမြစ်ကူး     (စံပယ်ဂူ)  တံတားကို   နှစ်နှစ် စီမံကိန်း ဖြင့် လျာထားတည်ဆောက်လျက်ရှိပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကုန်တွင် ၂၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၌    လမ်းမိုင် အရှည်မှာ စုစုပေါင်း ၇၁၅ မိုင်၊   ၆ ဖာလုံနှင့် တံတားစင်းရေ ၂၅၀၈ စင်းကို   မွန်ပြည်နယ် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အာဆီယံ လမ်းမကြီးဖြစ်သော ရန်ကုန် - မြိတ် လမ်းကို ၂၄ ပေမှ ၃၆ ပေအကျယ် ကတ္တရာ ကွန်ကရစ် (AC) လမ်းချဲ့ခင်းခြင်း၊ ကတ္တရာလမ်းမှ ကတ္တရာကွန်ကရစ် (AC) လမ်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး အခြားလမ်းများတွင် ကတ္တရာကွန်ကရစ် (AC) လမ်းချဲ့ခင်းခြင်း၊ အမာခံလမ်းမှ ကတ္တရာခင်းခြင်း၊ အကျယ်ကတ္တရာလမ်းချဲ့ ခြင်းနှင့် သံကူကွန်ကရစ် တံတား အသစ် ၁၃၆ စင်း ပြန်လည်တည်ဆောက် နိုင်ခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍ၌ ၂၀၁၈ ခုနှစ်တွင် နွေစပါး စိုက်ဧက ၄၂၅၃၅ စိုက်ပျိုးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တောင်သူများ၏     ဝင်ငွေတိုးတက်ရေးအတွက် တွေ့ဆုံပွဲများပြုလုပ်ခဲ့ပြီး  နွေစပါးစိုက်ပျိုးရန် လိုအပ်ချက်များ နှင့်   ဆောင်ရွက်ပေးရန်ရှိသည် တို့ကို    ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့၍     ဧက  ၃၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။

ထို့အပြင် ကျိုက်မရောမြို့နယ်တွင် မြေလွတ် များ     အသုံးပြုနိုင်ရေးအတွက်      လယ်ယာမြေ ဖော်ထုတ် ၍ မျိုးချက်ကြံဧက ၄၃၀ ကို စိုက်ပျိုးနိုင် ခဲ့သည့်အပြင် ဘာဘူကုန်းကျေးရွာတွင် အုန်းမွှေး စိုက်ပျိုးခြင်းကို  ဧက ၁၀၀၀ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ချောင်းပိတ် မြောင်းပိတ် လုပ်ငန်း

၂၀၁၈   ခုနှစ်အတွင်း    ရေကြီးနစ်မြုပ်မှု လျော့နည်းရန် ရေနုတ်မြောင်း/ချောင်း တူးဖော် ခြင်း  လုပ်ငန်း ၆၂ ခု၊  ရေငန်တားတမံ   ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၁၆ ခု၊ ရေတံခါး ပြုပြင်တည် ဆောက်ခြင်းလုပ်ငန်း ကိုးခု၊ ရေလှောင် တမံနှင့် ဆည်ရေသောက်စနစ် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်း ကိုးခု၊ နွေစပါး စိုက်ပျိုးရေးအတွက် ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်း ၄၁ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့အပြင်   ၂၀၁၈ ခုနှစ်အတွင်း   မိုးရာသီ ရေကြီးမှုကြောင့် စပါးပင်များပျက်စီးသည့် မြို့နယ် ကိုးခုတွင်    မိုးစပါး ရေကြီးနစ်မြုပ်    ပျက်စီးဧက ၃၁၆၅၇ ကို ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးစပါး ၂၉၅၇၇ တင်း ပံ့ပိုးပေးနိုင်ခဲ့သည်။ စိုက်ပျိုးရေးနည်းပညာ နှင့်စပ်လျဉ်း၍ မြေ၊ မျိုး၊ ပိုး အတွက် အသိပညာပေးခြင်း လုပ်ငန်းများနှင့် နှစ်ရှည်ပင် များအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

လယ်ယာမြေ  အဆင့်မြှင့်တင်ခြင်းကို   မွန် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ဧကကွက် ၁၃၃၅ ဖော်ထုတ် ဆောင်ရွက် ပေးနိုင်ခဲ့သည်။ တောင်သူများ မိုးစပါး/နွေစပါး ရိတ်သိမ်း ရေးရာသီတွင် အဆင်ပြေချောမွေ့စွာနှင့် ဈေးနှုန်းသက်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် ကူဘိုတာ အမျိုးအစား စပါးရိတ်သိမ်းခြွေလေ့Sစက် ၁၂ စီးကို ဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက် ပေးလျက်ရှိသည်။

မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံ

အဆောက်အအုံ တစ်ခုဖြစ်သည့် လျှပ်စစ်ကဏ္ဍ၌ လျှပ်စစ်ဓာတ်အား    ဖြန့်ဖြူးပေးခြင်းများကို ပြည်ထောင်စု ရန်ပုံငွေနှင့်     ပြည်နယ်အစိုးရ ရန်ပုံငွေတို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ 11 KVဓာတ်အား လိုင်းများ၊ 11/0.4 KV ခွဲရုံများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက် ခြင်း၊ ပြုပြင်တည် ဆောက်ခြင်း၊ ဗို့အားမြင့်သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ ပြုပြင် ခြင်းတို့ကို    ဆောင်ရွက်ခဲ့သလို    ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလ) နှင့်   ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာလျှပ် စစ်မီးရရှိရေး နှင့် အိမ်ထောင်စုတိုင်း လျှပ်စစ်မီးရရှိရေးအတွက် စုစုပေါင်းမြို့နယ် ခုနစ်ခုနှင့် မြို့ သုံးခုရှိ ကျေးရွာ ၉၇ ရွာ၊   မီးသုံးစွဲသူ  အိမ်ထောင်စု  ၂၂၂၇၄ တို့ကို မီးလင်းရေး ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ပညာရေးကဏ္ဍ

ပညာရေးကဏ္ဍအနေဖြင့် ၂၀၁၈(ဧပြီလမှ စက်တင်ဘာလ)နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်အထိ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း   ကျောင်းသို့ ရောက်ရှိရေး၊   လူတိုင်း   အခြေခံပညာအဆင့် လက်လှမ်းမီရေးအတွက် အခြေခံပညာကျောင်း

အဆောင်ပေါင်း ၂၆၈ လုံး၊  သိပ္ပံခန်း ရှစ်ခန်းနှင့် ဆရာ/ဆရာမ   ဝန်ထမ်းအိမ်ရာ   ၁၇ ခုတို့ကို တည်ဆောက်ပေးနိုင်ခဲ့သည်။ မြို့ ပြနှင့် ကျေးလက် ပညာရေး  တန်းတူညီမျှရှိရေးအတွက်  အခြေခံ ပညာအထက်တန်းအဆင့်သို့ ကျောင်း    ၁၂ ကျောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်သို့ ကျောင်း ၄၈ ကျောင်း၊ အခြေခံပညာမူလတန်း အဆင့်သို့   ကျောင်း ၁၆ ကျောင်းကို   ကျောင်း အဆင့်    တိုးမြှင့်ဖွင့် လှစ်ခဲ့ပြီး    တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနကို ၆၂ ခုအထိ တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။

ထို့အပြင် အခြေခံပညာကျောင်းများတွင် မွန်စာပေသင်ကြားပေးသည့်    ကျောင်း    ၂၉၂ ကျောင်းရှိပြီး မွန်ပြည်နယ် ဒေသဆိုင်ရာသိမှတ် ဖွယ်ရာများကို မူလတန်းအဆင့်မှ စတင်သင်ကြား နိုင်ရေးအတွက်     ဒေသသင်ရိုးရေးဆွဲခြင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ ၊   ပြည်သူ့လွှတ်တော၊်   တိုင်းရင်းသား စာပေယဉ် ကျေးမှုအဖွဲ့များနှင့် ပညာရေးဌာနတို့ ပူးပေါင်းရေးဆွဲ ပြုစုလျက်ရှိသည်။

ကျန်းမာရေးကဏ္ဍအနေဖြင့် ၂၀၁၈(ဧပြီလမှ စက်တင်ဘာလ)နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်အထိ  မော်လမြိုင်၊  မုဒုံ၊  သံဖြူဇရပ်၊  ရေး၊ ကျိုက်မရော၊ ချောင်းဆုံ၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင် မြို့နယ်တို့တွင် တိုးချဲ့ လေးထပ် လူနာဆောင်၊    တိုးချဲ့   ငါးထပ်    လူနာဆောင်၊   MDR TB   အဆောက်အဦ၊   ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ပြည်နယ်ကုသရေးဦးစီးမှူးရုံး၊ ကျေးလက်ကျန်းမာရေးဌာန၊ Disease Control  Centre  (HIV/AIDS  Prevention) အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက် ခြင်းနှင့် ဆေးရုံများအတွက် လိုအပ်သည့် ဆေးဝါး များကို ငွေကျပ်ကျပ် သန်း ၁၈၀၀ ဒသမ ၂၈၁၁၅၀  ခန့် ဝယ်ယူဖြန့်ဖြူးပေးနိုင်ခဲ့သည်။

ကျန်းမာရေးကဏ္ဍ

  ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော ခွေးရူးပြန်ရောဂါ ကာကွယ် ဆေး ၂၂၄၀၀ နှင့် ပုံမှန်ကာကွယ်ဆေး ၁၁ မျိုးကို မြို့နယ်များသို့ ဖြန့်ဖြူးပေးခဲ့သလို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဘီးလင်းမြို့နယ်ရှိ ငါးဘတ် ချောင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ((S/C) ကို ကျေးလက်ကျန်းမာရေးဌာန  (RHC)အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး ၎င်းအောက်တွင် ကျေးလက် ကျန်းမာရေး ဌာနခွဲ  (S/C)  အသစ်   လေးခု ထည့်သွင်း ဖွဲ့စည်းနိုင်ခဲ့သည်။

မွန်ပြည်နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက်   ၂၀၁၈ ခုနှစ်   (ဧပြီလမှ စက်တင်ဘာလ အထိ) ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈- ၂၀၁၉   ဘဏ္ဍာရေးနှစ်အတွင်း  မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ်မြေသားလမ်းခင်းခြင်း၊ ကုန်ထုတ်မြေ သားလမ်းနှင့် ကျောက်ရောမြေခင်းခြင်း၊ ကုန်ထုတ်မြေသားလမ်းနှင့် ဂဝံလမ်းခင်းခြင်း၊ ကုန်ထုတ်ဂဝံလမ်းခင်းခြင်းတို့ကို   ဆောင်ရွက်ခဲ့ သလို ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား ငါး စင်း၊ ကုန်ထုတ်လမ်းပေါ်ရှိ ဩထ ဃကူလနမအ  ငါး စင်း၊ အဝီစိတွင်းတိမ် ခုနစ်တွင်း၊ အဝီစိတွင်းနက် ၃၀၊   လက်တူးတွင်း  ၁၇ တွင်း၊  မြေသားမိုး ရေလှောင်ကန် ၁၃ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း ၁၅ ခု၊  အခြားနည်း လမ်းဖြင့်  ရေရရှိရေးလုပ်ငန်း ၉၂  ခုနှင့်ရုံးအဆောက်အဦ      သုံးလုံးတို့ကို ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့အတူ  မွန်ပြည်နယ်အတွင်း  ကျေးလက် လမ်းများ     ဖွံ့ဖြိုးရေးအတွက်     ၂၀၁၈  - ၂၀၁၉  ဘဏ္ဍာရေးနှစ်ကုန်အထိ အမာခံလမ်းဖြစ်သည့် ကတ္တရာလမ်း ၄၃/၀ ဒသမ ၆၈ မိုင်၊ ကွန်ကရစ် လမ်း ၁၁/ ၆ ဒသမ ၁၈ မိုင်၊ ကျောက်လမ်း ၁၄/၁            မိုင်၊ မြေသားလမ်း  ၂၃/၃ မိုင်၊ ကွန်ကရစ်တံတား  ၂၂ စင်းနှင့်   ရေပြွန်  ၃၀ တို့ကို   အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ - ၂၀၁၉      ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလွှတ်တော်    ဖွံ့ဖြိုးရေးရန်ပုံငွေ တစ်မြို့နယ်လျှင်        ငွေကျပ် ကျပ်သိန်း ၁၀၀၀ ဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း လမ်းလုပ်ငန်း ၁၃၀ ၊  တံတားလုပ်ငန်း ၂၉ ခု၊   ပညာရေးလုပ်ငန်း ရှစ်ခု၊ အထွေထွေလုပ်ငန်း နှစ်ခု၊ ရေရရှိရေးလုပ်ငန်း ၅၉ ခုနှင့် အခြားလုပ်ငန်း ၃၁ ခုတို့ကို ဆောင်ရွက် ပေးခဲ့သည်။

ကတ္တရာလမ်းများခင်းခြင်းဆောင်ရွက်

မွန်ပြည်နယ်အတွင်း  စည်ပင်သာယာရေး အဖွဲ့အနေဖြင့်    မြို့ /ရပ်ကွက်များ   သန့်ရှင်း သာယာလှပရေးအတွက်  ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်အတွင်း နိုင်လွန်ကတ္တရာခင်းခြင်း ၂/၂ ဒသမ ၆၇ မိုင်၊ ကတ္တရာလမ်းသစ်ခင်းခြင်း ၃၅/၅ ဒသမ ၁၈ မိုင်၊ ကွန်ကရစ်လမ်း သစ်ခင်းခြင်း  ၁၄/၃ ဒသမ ၇၇ မိုင်၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း  ၁၄/၄ ဒသမ ၉၁ မိုင်နှင့် ဈေးအဆင့်မြှင့်တင်ခြင်း ၁၂ ခု၊    ဈေးပြုပြင်ထိန်းသိမ်းခြင်း   ရှစ်ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

မြို့တွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဖြတ်တံတားစုစုပေါင်း ၃၅၈ စင်း၊ ပင်မ ရေမြောင်း ၂၆/၁ ဒသမ ၆၈ မိုင်၊   လမ်းသွယ် ရေမြောင်း ၆၁/၀ ဒသမ ၂၈ မိုင်၊ မြို့သန့်ရှင်း သာယာလှပရေးအတွက် အလုံပိတ်အမှိုက်သိမ်း ယာဉ် ၂၆ စီး၊   အမှိုက်သိမ်းယာဉ်ငယ် ၂၁ စီး၊ သစ်ပင်ဖြတ်ညှိယာဉ် တစ်စီး၊     အမှိုက်ကျင်း ရှင်းလင်းခြင်းအတွက် အသုံးပြုရန် ထွန်စက် နှစ်စီး နှင့် ရေကောင်းရေသန့်ရရှိရေးအတွက် ရေပိုက် လိုင်းတိုးချဲ့ ခြင်း လုပ်ငန်းအဖြစ် မော်လမြိုင်မြို့တွင် ၁၄ ခု၊ သထုံမြို့နယ်တွင် ၁၃ ခု၊ ကျိုက်ထိုမြို့တွင် တစ်ခုနှင့် ရေးမြို့တွင် တစ်ခု၊ နွေရာသီရေရှားပါးမှု အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ရေကား ၂၂ စီးကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အမှိုက်ဖျက်ဆီးမည့်စက်

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ် တွင် အမှိုက်ဖျက်ဆီးမည့်စက် တစ်လုံးကို   တပ်ဆင် ၍ စက်ရုံဝန်ထမ်း ရှစ်ဦးနှင့် ဂေါပကဝန်ထမ်း ရှစ်ဦး တို့ဖြင့် စတင်လည်ပတ်လျက်ရှိပြီး အမှိုက်တန်ချိန် သုံးတန်ကျော် ကြိတ်ခွဲဆောင်ရွက်နိုင်ခဲ့သည်။

မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်      ဒီရေတောများ တည်ထောင်ခြင်းကို ပေါင်မြို့နယ် ထန်းပင်ချောင် ကျေးရွာအနီးရှိ ပြည်နယ်အစိုးရအဖဲ့Gထံမှ  အဆိုပြု

ဒီရေတောဖွဲ့စည်းရန်      သဘောတူခွင့်ပြုချက် ရရှိထားသော ရေလယ်ကျွန်းဧရိယာ ၃၄၅ ဧကနှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် ၁၁၀၅ ဧကကို ထန်းပင်ချောင် အဆိုပြု ကြိုးပြင်ကာကွယ်တော နှင့်   သထုံမြို့နယ်    ဇိုက်ကရဲကျေးရွာအုပ်စု အောင်ကန်သာကျေးရွာအနီးတွင်    ဒီရေတော ကဏန်းထိန်းသိမ်း ရေးဇုန်ဧက ၅၀၀ နှင့် တစ်ဆက် တစ်စပ်တည်းရှိ သည့် ကျွန်းဧရိယာဧက ၁၀၆၄၀၊ ပေါင်မြို့နယ်တွင် ဧရိယာဧက ၁၉၆၀ ကို အောင်ကန် သာ    အဆိုပြုကြိုးပြင်ကာကွယ်တောအဖြစ် ကြိုးဝိုင်း/ကြိုးပြင်တော     ဖွဲ့စည်းခြင်းဆိုင်ရာ

လုပ်ထုံးလုပ်နည်းများ၊   သစ်တောဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းဆောင် ရွက်လျက်ရှိသည်။

ချောင်းဆုံဘိနယ်ရှိ       ပေါ်ထွန်းနေသော မြေနုကျွန်း ၁၃၁ ဒသမ ၁၂ ဧကကို ဘီလူးကျွန်း ကြိုးပြင်ကာ ကွယ်တော  ဖွဲ့စည်းနိုင်ရန်အတွက် အဆိုပြုဆောင်ရွက်ထားပြီး  ထိုကျွန်းပေါ်တွင် သဘာ၀ဘေးကြိုတင် ခံနိုင်ရန်၊    မြေတိုက်စားမှု ထပ်မံမဖြစ်ပေါ်ရန်နှင့်        ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှုတို့ကို တားဆီးသည့် အနေဖြင့် မြေနုကျွန်း ပေါ်တွင် ဒီရေတော စိုက်ခင်း ၁၀၈ ဧက စိုက်ပျိုး ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ဒီရေတောအဖြစ် ဆောင်ရွက်နိုင်ပါက ဒီရေ၊ မုန်တိုင်းနှင့် သဘာ၀ဘေးအန္တရာယ်များ ကာကွယ် ပေးနိုင်ခြင်း၊ ကုန်းတွင်းပိုင်းသို့ ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကို ဒီရေတောပင်များမှ လျှော့ချပေး နိုင်ခြင်း၊    ပင်လယ်ကမ်းရိုးတန်းတွင်   နေထိုင် ကျက်စားသည့် ရေနေသတ္တဝါများ၊ ငှက်များနှင့် ငါး၊ ပုစွန်၊ ကဏန်း စသည့် အခြားသတ္တဝါမျိုးစိတ်များ နေထိုင်ကျက်စားမှု ပွားများလာရေးအတွက် အထောက် အကူပြုနိုင်ခြင်း၊   ဒီရေတောများ   ဖြစ်ထွန်းခြင်းကြောင့် ဒေသအတွက် အသုံးပြုရန် လိုအပ်သော ထင်း၊ တိုင်၊ မျောနှင့် အခြား ဒီရေတော ထွက် ပစ္စည်းများထုတ်လုပ်ထောက်ပံ့ပေးနိုင်ခြင်း စသည့်  အကျိုးကျေးဇူးများ  ရရှိနိုင်မည်ဖြစ်ရာ ဒီရေတောများကို ယခုကဲ့သို့ တိုးချဲ့စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ဒေသဖွံ့ဖြိုးရေးဆောင်ရွက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းကဏ္ဍတွင် ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးလျာထား   ရန်ပုံငွေကျပ်ကျပ်သန်း ၃၂၈၂ ဒသမ ၄၉၈ ဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ၁၇၃ ခု ဆောင်ရွက်နိုင်ခဲ့ သည့်အပြင် ရပ်ရွာပြည်သူလူထုများ၊ အဖွဲ့အစည်း များမှ ဆောင်ရွက်သော   ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း များအတွက် ဘိလပ်မြေ ၅၁၁၂၄ အိတ် ထောက်ပံ့ ပေးခဲ့သည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဒေသ ဖွံ့ ဖြိုးရေးရန်ပုံငွေကျပ်ကျပ် သန်း ၁၉၉၉၉ ဒသမ ၈၄ ဖြင့် မွန်ပြည်နယ်အတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ၂၄ ခု   ဆောင်ရွက်ရန်နှင့်     ဘိလပ်မြေအိတ် တစ်သိန်း ထောက်ပံ့ရန်  လျာထားဆောင်ရွက် လျက်ရှိသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေ၌      ငွေကျပ်ကျပ် သန်း ၁၀၀၀ လျာထားခဲ့ပြီး သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များ၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့များသို့    တာဝန်ပေးဆောင်ရွက်ခဲ့ရာ စုစုပေါင်းလုပ်ငန်း ၅၀ အပြင် ရေသယ်ယာဉ် ၁၀ စီးဝယ်ယူခြင်း၊ မော်လမြိုင်မြို့နယ်    ကင်မွန်းချုံ ရေလှောင်ကန် Down  Stream သစ်ပင်ကြီးများ၊ ချုံနွယ်များရှင်းလင်းခြင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော နှင့် သံဖြူဇရပ်မြို့နယ်များတွင်   ရေတွင်း ၁၆ တွင်းအတွက်    လိုအပ်သည့်    ဂါလန်  ၂၀၀၀ ဆံ့ ရေစုကန်နှင့် အမြင့်တင် အင်ဂျင်နှင့် ပန့်မော်တာ ပြုလုပ်ပေးခြင်း၊ ကျိုက်ထိုမြို့နယ် ဝါးဒတ်ကွင်း ကျေးရွာအုပ်စု ရွာတောင်ပိုင်းတွင် စက်ရေတွင်း တစ်တွင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေကန်ဆောက်လုပ် ခြင်း၊ ချောင်းဆုံမြို့နယ်  မုရစ်ကလေးကျေးရွာ၊ ရွာလွတ်ကျေးရွာနှင့် ကွမ်ရိုက်ကျေးရွာအတွင်း မြေအောက်ရေရရှိရေးအတွက်    ဘူမိရူပဗေဒ တိုင်းတာခြင်းနှင့် သထုံမြို့နယ်   ဇိုက္ကရဲကျေးရွာ အုပ်စု  အောင်ကန်သာကျေးရွာတွင်  မြေသား ရေကန် အသစ် တူးဖော်ခြင်းနှင့် ၂၀၀၀ လီတာဆံ့ ပလတ်စတစ်တိုင်ကီ ဝယ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မြေငှားဂရန် ပေးနိုင်ရေး

၂၀၁၈ - ၂၀၁၉   ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေကျပ်ကျပ်သန်း ၁၁ ဒသမ ၈၀၉၅၀၀ ဖြင့်  မွန်ပြည်နယ် အတွင်းရှိ    မြို့နယ် ၁၀ ခုတွင် ကျေးရွာမြေငှားဂရန်    ဆောင်ရွက်ပေးနိုင်ရေး အတွက် မြို့ဧရိယာနယ်နိမိတ် စစ်ဆေးတိုင်းတာ ခြင်း၊ ကွက်စိပ်ကွက်ကျဲ တိုင်းတာခြင်း၊ နယ်နိမိတ် မှတ်တိုင် စိုက်ထူခြင်းလုပ်ငန်းများအား  စီမံချက် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ရပ်ကွက်/ ကျေးရွာ ၂၈ ခုတွင် တိုင်းတာရန် လျာထားသည့် ဧရိယာ ၅၉၈၅ ဒသမ ၅၆၅ ဧက အနက် ၁၃၁၈ ဒသမ ၈ ဧကကို တိုင်းတာပြီးစီးပြီး ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  (အောက်တို ဘာလမှ ဖေဖော်ဝါရီလအထိ) သထုံခရိုင်အတွင်း လူနေထိုင်ရန် အတွက် ထုတ်ပေးသည့် မြေငှားဂရန် တစ်ခု၊     စက်မှုလုပ်ငန်း   လုပ်ကိုင်ရန်အတွက် ထုတ်ပေးသည့်    မြေငှားဂရန်   ခြောက်ခုနှင့် မော်လမြိုင်ခရိုင်အတွင်း  လူနေထိုင်ရန်အတွက် ထုတ်ပေးသည့် မြေငှားဂရန် ၁၀၅ ခု၊ စက်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ထုတ်ပေးသည့် မြေငှားဂရန် ၂၃ ခုတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ပြန်လည်စွန့်လွှတ်မြေများပေးအပ်

မွန်ပြည်နယ်အတွင်း   ဝန်ကြီးဌာန၊   အဖွဲ့ အစည်းများမှ   ပြန်လည်စွန့်လွှတ်အပ်နှံမြေများ အပေါ် မူလပိုင်ရှင် သို့ ပြန်လည်ပေးအပ်ရန် ဧရိယာ ၁၇၉၆ ဒသမ ၇၂၀၁  ဧကရှိပြီး   မူလပိုင်ရှင်သို့ ပြန်လည်ပေးအပ်ရန် ဧရိယာ ၁၄ ဒသမ ၄၀၄ ဧက ကို မူလတောင်သူများထံသို့ လွှဲပြောင်းပေးအပ် ခဲ့သည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွကရာတွင်        ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေဖြင့် မွန်ပြည်နယ် အတွင်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်မှုကဏ္ဍလုပ်ငန်း  ရှစ်ခု၊ ဝန်ဆောင်မှုလုပ်ငန်း ခြောက်ခု၊ လျှပ်စစ်ကဏ္ဍ လုပ်ငန်း နှစ်ခု၊ ဟိုတယ် ကဏ္ဍ ၁၈ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၉ ခု ခွင့်ပြုခဲ့သလို မွန်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ကိုင်နေသော လုပ်ငန်းရှင် ၃၀ ကို  SME ချေးငွေကျပ်ကျပ်သန်း ၃၂၃၅ သန်းကို ထုတ်ချေးနိုင်ခဲ့သည်။

ထို့ပြင် ဇွန်လနှင့် ဇူလိုင်လတို့တွင် ဖြစ်ပေါ် တတ်သည့် ရေဘေး၊ လေဘေး စသည့် သဘာ၀ ဘေးအန္တရာယ်များ   ဖြစ်ပွားပါက    အချိန်နှင့် တစ်ပြေးညီ ပြန်လည်ထူထောင်ရန် သဘာ၀ဘေး အန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။

သဘာ၀ဘေးအန္တရာယ် ရင်ဆိုင်ကြုံတေ့Gလာ ပါက လျင်မြန်ထိရောက်စွာ တုံ့ပြန်နိုင်ရေး၊ အကာ အကွယ်ပြုနိုင်ရေးအတွက် ချောင်းဆုံမြို့နယ်တွင် Cyclone Shelter သုံးလုံးကို တည်ဆောက်ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ ဆောက်လုပ်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသလို ဘီးလင်း မြို့နယ်၌ Cyclone Shelterတစ်လုံး ထပ်မံ တည်ဆောက်နိုင်ရန် မြေနေရာရွေးချယ်ထားပြီး အသေးစိတ်တွက်ချက်   စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး

မွန်ပြည်နယ်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ        ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) မွန်ကော် မတီဝင်များနှင့်   ဒေသခံ  ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားများကို မုဒုံ၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ချောင်းဆုံနှင့် ရေးမြို့နယ် တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး JMC ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ ပညာရှင်စကားဝိုင်းကို မော်လမြိုင်မြို့တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ ခြင်း၊ ရာသီဥတုသင့်တင့် မျှတခြင်း၊ သံလွင်မြစ်ကြီးနှင့် သာယာလှပသော ကမ်းခြေ သဘာဝတရားများရှိခြင်း၊ တန်ခိုးကြီး အထင်ကရ ဘုရားများနှင့် တိုင်းရင်းသားလူမျိုးတို့၏  ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်း၍ ရှေးမူမပျက် နေထိုင် သော ကျေးရွာများရှိခြင်းတို့ကြောင့်  သဘာ၀ အခြေခံခရီးသွားလုပ်ငန်းအတွက် အလားအလာ ကောင်းများရှိ သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်း ကြောင့်လည်း ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်ရရှိလာမည်ဖြစ်သလို မီးခိုးမထွက်သည့် စက်ရုံဟု တင်စားခေါ်ဝေါ်သည့် ခရီးသွားလုပ်ငန်းများ        ဖွံ့ ဖြိုးတိုးတက်လျှင် မွန်ပြည်နယ်   ဖွံ့ ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့်  “ပိုမိုဖွံ့ ဖြိုးတိုးတက်မှုဆီ ဦးတည်ဖို့ ပူးပေါင်းပါဝင် ကြပါစို့”ဟု   တိုက်တွန်းရေးသား   တင်ပြလိုက်ပါ သည်။ ။

ဆောင်းပါး - နန္ဒာဝင်း၊ ဓာတ်ပုံစုစည်း - အေးသန်း