ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များ


Ministry of Information/ ​နေပြည်တော် / July 25, 2019
image_latest


၂၀၁၅ ခုနှစ်  အထွေထွေရွေးကောက်ပွဲအပြီး နိုင်ငံတော်၏ တာဝန်များကို  ရယူထမ်းဆောင်ခဲ့သည့်   အစိုးရ၏ သက်တမ်းမှာ ယခုဆိုလျှင်  သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။ လက်ရှိ နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံ့ တာဝန်များကို လွှဲပြောင်းလက်ခံပြီးနောက်ပိုင်း နိုင်ငံရေး၊  လူမှုရေးနှင့် စီးပွားရေးပြုပြင ပြောင်းလဲ မှုများပြုလုပ်၍    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်    ကြိုးစားဆောင်ရွက်နေချိန်           ဖြစ်သည်။

ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ဗဟိုအစိုးရ၏ မူဝါဒ၊ရည်မှန်းချက်၊ လမ်းညွှန် ချက်များနှင့်အညီ အောက်ခြေအထိ လိုက်ပါပြောင်းလဲ ဆောင်ရွက်ခဲ့သည်မှာ သုံးနှစ် ပြည့်မြောက် ပြီဖြစ်သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်များအထဲမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲ မှုများကို ထုတ်နုတ်တင်ပြရလျှင် မဏ္ဍိုင် ၃ ရပ် နှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံ ကျသော  ရပ်ကွက်၊ ကျေးရွာအုပ်စု   အုပ်ချုပ်  ရေးမှူးများကို ၂၀၁၆ ခုနှစ် ရပ်ကွက်၊ ကျေးရွာ အုပ်စု  အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေနှင့်အညီ ရွေးချယ်ပြီး အုပ်ချုပ်ရေးမှူးများအားလုံး   လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရန်  အုပ်ချုပ်ရေးဥပဒေ၊ လယ်ယာမြေ ဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ဥပဒေနှင့်  Financial Management များ နားလည်ရန် စာတွေ့လက်တွေ့   သင်တန်းများ ပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် သင်တန်း များ မြို့နယ်အသီးသီးတွင် ပို့ချခြင်း၊ တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)ရုံးများဖွင့်လှစ်၍ ပြည်သူ များ၏ အခြေခံလိုအပ်ချက် ဝန်ဆောင်မှုလုပ်ငန်း များကို   လာဘ်ပေးလာဘ်ယူ   ကင်းရှင်းစွာဖြင့် ဆောင်ရွက်ပေးခြင်း၊ ဌာနအလိုက် ဆောင်ရွက် လျက်ရှိသည့်    လုပ်ငန်းများနှင့်   ပတ်သက်၍ ဖြေလျှော့ပေးနိုင်သည့် လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ဆောင်ရွက် ပေးခြင်းနှင့်   မြို့မြေငှား     ဂရန်နှင့်ပတ်သက်၍     မြေယာအရှုပ်အရှင်း  ပြဿနာမရှိပါက ရက်ပေါင်း ၆၀ အတွင်းထုတ်ပေး နိုင်ရေး ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင် နိုင်ခဲ့သည်။

တရားရေးမဏ္ဍိုင်

တရားရေးမဏ္ဍိုင် နှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်သော အမှုသည်များ၊ ပြည်သူများ တရားရုံး သတင်းအချက်အလက်များ  အလျင် အမြန်သိရှိနိုင်ရန် ရုံးတိုင်းတွင်  Information Counter များ ဖွင့်လှစ် ပေးခြင်း၊ အမှုများ တရားစွဲ တင်ရာတွင်  အဆင်ပြေချောမွေ့  လွယ်ကူရန် Intake Counter   များ ထားရှိခြင်းတို့ကို     ရုံး     ၃၃ ရုံးတွင် ဆောင်ရွက်ပေးထားခြင်း၊ မှုခင်းစီမံ ခန့်ခွဲမှုအစီအစဉ်  (Case  Management Program CMP) ကို  တိုင်းဒေသကြီးအတွင်းရှိ ပဲခူးခရိုင်တရားရုံးနှင့်  မြို့နယ်တရားရုံး တို့တွင် ကျင့်သုံးဆောင်ရွက်ခြင်း၊ တရားရုံးက ဦးဆောင်သည့်  စေ့စပ်ဖြေရှင်းရေးစနစ်ကို တရားရုံးများ   တွင် ဆောင်ရွက်ရန် စီစဉ်ခြင်းနှင့် ဆင်းရဲနွမ်းပါးသော ပြည်သူများ ရာဇဝတ်မှုဖြင့် စွပ်စွဲခံရသည့် အခါ  အမျိုးသမီးများနှင့်  ကလေးသူငယ်များ နစ်နာမှုဖြစ်စေသည့်အခါ ဥပဒေရေးရာ အကူအညီ ပေးနိုင်ရန် အတွက် တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် မြို့နယ်ဥပဒေ ဆိုင်ရာ  အထောက် အကူပေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး  ဥပဒေအထောက်အကူပြုလုပ်ငန်းများ ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် CMP   စနစ်     ကျင့်သုံးသည့်အတွက်  အမှုပြီးပြတ်မည့် အချိန် ကို  ခန့်မှန်း သတ်မှတ်နိုင်၍   အများပြည်သူတို့ အနေဖြင့်   မှုခင်းအခြေအနေကို    ပွင့်လင်း     မြင်သာစွာ  သိရှိနိုင် သည့် အပြင် ကျူးလွန်ခံရသူများ၊  သက်သေများ၊  ရှေ့နေများနှင့်  တရားရုံး ဝန်ထမ်းများ၏ ဝန်ထုပ် ဝန်ပိုးလျော့နည်းပြီး အမှု ရွှေ့ဆိုင်းမှုကြောင့် ဖြစ်ပေါ်သည့်အချိန် ဖြုန်းတီးမှုကို  သိသာထင်ရှားစွာ  လျော့ကျကြောင်း  သိရသည်။

ဥပဒေပြုရေးမဏ္ဍိုင်

ဥပဒေပြုရေးမဏ္ဍိုင်နှင့်  ပတ်သက်၍ ပဲခူး တိုင်းဒေသကြီး  လွှတ်တော်အနေဖြင့်  တိုင်းဒေသကြီး စည်ပင် သာ ယာရေးဥပဒေနှင့်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းပေး နိုင်ခဲ့သည်။   ပဲခူးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ    ပြဋ္ဌာန်းနိုင်ခဲ့သည့်  အတွက် တစ်ပိုင်တစ်နိုင်  ငါးလုပ်ငန်း လုပ်ကိုင် သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိခဲ့သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သည်နိုင်ငံတော်မှ    ချမှတ်ထားသော ရည်မှန်းချက် နှင့်အညီ တိုင်းဒေသကြီးအတွင်း  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး တို့ကိုရှေးရှုသည့်   ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ပြည်သူလူထု၏   လူနေမှုဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့်  ဒေသဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်း များ၊  မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများ စိုက်ပျိုးမှု၊ ဖြန့်ဖြူးရောင်းချမှု မရှိရေးနှင့် သုံးစွဲမှု များကို တားဆီးနှိမ်နင်းရေး၊ ကျေးလက်ဒေသနှင့် မြို့ ပြဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍    ပဲခူးတိုင်း ဒေသကြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ မွန်၊ ကရင်၊ ရှမ်း၊ ပအိုဝ်းနှင့် ကယားလူမျိုးများ၏ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ငြိမ်းချမ်းရေး အထောက် အကူပြုစီမံကိန်း ပါဝင်ပတ်သက်သူများနှင့်  တွေ့ဆုံဆွေးနွေးပွဲ များကို  ကျင်းပပြုလုပ်နိုင်ခဲ့ပြီး  တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များ ထင်သာမြင်သာရှိရေးနှင် ဌာနဆိုင်ရာ လုပ်ငန်းများ  အဆင်ပြေချောမွေ့  ရေးအတွက်   e-Government  စနစ်ကို အကောင်အထည် ဖော်လျက် ရှိပြီး  တိုင်းဒေသ ကြီးအတွင်း ဌာနဆိုင်ရာများ၏ ဘဏ္ဍာငွေ သုံးစွဲမှု အခြေအနေ(Citizen’s Budget)ကို ပြည်သူများသိရှိနိုင်ရန် eBago  Application အား Download  ပြုလုပ်၍ ဝင်ရောက်လေ့လာ နိုင်ရန် ဆောင်ရွက်ပေးထားသည်။

အစိုးရသက်တမ်း တတိယ (၁)နှစ်တာကာလ အတွင်း ပဲခူးတိုင်းဒေသကြီး  အစိုးရအဖွဲ့သည် ကျေးလက်လမ်းတံတား၊ ကုန်ထုတ်လမ်းတံတား၊ ရေရရှိရေးလုပ်ငန်းနှင့် မီးလင်းရေးလုပ်ငန်းများ အတွက် ၂၀၁၈ ခုနှစ်   ပထမခြောက်လတွင်  ငွေကျပ်ကျပ် ၂၃၃၉ ဒသမ ၆၄၉၂ သန်းနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေး နှစ်တွင် ငွေကျပ်ကျပ် ၈၆၆၀ ဒသမ ၄၅၆၅၃ သန်း အသုံးပြု၍ ဆောင်ရွက်ပေး ခဲ့သည်။ မြစိမ်း ရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်ပြီး   နိုင်ငံတော်မှ  အရင်းမပျောက်လည်ပတ် ရန်ပုံငွေအဖြစ် စီမံကိန်း ကျေးရွာ တစ်ရွာလျှင် ငွေကျပ်ကျပ်  သန်း  ၃၀ ထောက်ပံ့ပေးလျက်ရှိရာ ပဲခူး တိုင်းဒေသကြီးတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်အထိ မတည်ငွေမှာ ငွေကျပ်ကျပ်သန်း ၁၄၁၀၀ အထိရှိပြီ ဖြစ်သည်။

ပြည်သူ့အကျိုးပြုလုပ်ငန်းများ

ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်ပတ်သက် ၍ ၂၀၁၈ ခုနှစ် ပထမခြောက်လတွင် သင်တန်းသား ၇၀၀ ကို  ငွေကျပ်ကျပ်သန်း ၄၀ ဒသမ ၇၀ အကုန်အကျ ခံ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို  ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် (ဧပြီလမှ  စက်တင်ဘာလအထိ)    ဘဏ္ဍာရေးနှစ်အတွင်း ဝါးလက်မှုထည်သင်တန်း၊ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်းသင် တန်း၊  အခြေခံအပ်ချုပ်စက်သင်တန်း၊ အခြေခံ   လျှပ်စစ်သွယ်တန်းမှုသင်တန်း၊ လူသုံး ကုန်ထုတ်လုပ်မှု သင်တန်းနှင့်      တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း အပါအဝင် သင်တန်းကြိမ်ရေ  ၁၁ ကြိမ် ဖွင့်လှစ် သင်ကြား နိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အခြေခံအပ်ချုပ်စက် သင်တန်းလေးကြိမ်၊ အခြေခံ လျှပ်စစ်သွယ် တန်းမှုသင်တန်းနှစ်ကြိမ်၊ လူသုံး ကုန်ထုတ်လုပ်မှုသင်တန်း နှစ်ကြိမ်၊ တန်းဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုသင်တန်း သုံးကြိမ် ဖွင့်လှစ်သင်ကြားခဲ့ပြီး စားသောက်ကုန်၊ လူသုံး ကုန်၊ အလှကုန်များအား (ဓာတု/ဇီ၀) ဓာတ်ခွဲ စမ်းသပ်မှု ၂၉ ကြိမ် ဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့တွင် ချည်မျှင်နှင့် အထည်လိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်းနှင့် အသက်မွေးဝမ်းကျောင်း ကာလတို သင်တန်းများကို သင်ကြားပို့ချလျက် ရှိသည်။ နိုင်ငံ့ဝန်ထမ်းများအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာ  ၁၆ လုံးနှင့် အခန်းပေါင်း ၃၂၀ ကို ထပ်မံဆောက်လုပ်လျက် ရှိသည်။

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့်  ၂၀၁၈  (Mini Budget) ဘဏ္ဍာရေးနှစ် သုံးနှစ်တာ ကာလ အတွင်း မြို့ ပြ/ကျေးလက် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း၊ ဂဝံလမ်း၊ မြေလမ်း စုစုပေါင်း ၃၁၃ မိုင် ၁ ဒသမ ၃၃ ဖာလုံကို ခွင့်ပြု ငွေကျပ်ကျပ် ၂၆၄၀၂ ဒသမ ၀၇၂၆၄၉ သန်း၊ မြို့ ပြ/ ကျေးလက်တံတား၊ ကွန်ကရစ် တံတား၊ သစ်သား တံတား၊ ရေပြွန်နှင့် အခြားလုပ်ငန်း စုစုပေါင်း ၁၂၁၁ ခုကို ခွင့်ပြုငွေကျပ်ကျပ် ၂၆၅၄ ဒသမ ၆၈၁၀၄၄ သန်း၊  မြို့ ပြ/ကျေးလက် ရေပေးရေးစက်ရေတွင်း၊ တွင်းတိမ်၊  ရေကန်အဆင့်မြှင့်ခြင်းနှင့်  အခြား လုပ်ငန်း စုစုပေါင်းလုပ်ငန်း ၁၁၇ ခုကို  ခွင့်ပြု ငွေကျပ်ကျပ်  ၆၀၂ ဒသမ  ၆၈၈၇၁  သန်းတို့ဖြင့်  အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကွေ့မရေလမ်း ကောင်းမွန်ရေး (ဧရာဝတီမြစ်)အတွက် ငွေကျပ်ကျပ် သန်း ၁၀၀ ၊ ရှားပင်ကုန်းကျေးရွာ(ဧရာဝတီမြစ်) ကမ်းပြိုကာကွယ်ရေးအတွက် ငွေကျပ်ကျပ် ၅၀၈  ဒသမ ၆၄၉ သန်း၊ လယ်တီကျေးရွာ(မြစ်မခမြစ်)ကမ်းပြို ကာကွယ်ရေးအတွက် ငွေကျပ်ကျပ်၂၀၃  ဒသမ ၄၅၀ သန်း၊  လှေဆွဲမြောင်းကျေးရွာနှင့်    ချောင်းကျိုး ကျေးရွာ(စစ်တောင်းမြစ်)  ကမ်းပြိုကာကွယ် ရေးအတွက် ငွေကျပ် ကျပ် ၂၉၁ ဒသမ ၄၀၆ သန်း၊  မလွှပင်ကျေးရွာ(စစ်တောင်းမြစ်)    ကမ်းပြို ကာကွယ်ရေးအတွက်  ငွေကျပ်ကျပ်၂၀၃  ဒသမ ၀၆၈ သန်း၊  ဆင်ရွာအနီး (သိုင်းချောင်း) တံတားကမ်းပြို ကာကွယ်ရေးအတွက် ငွေကျပ် ကျပ် ၁၄ ဒသမ ၈၃၆ သန်း အသုံးပြုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးလက် ရေလွှဲဆည်ငယ်၊ ရေတံခါးနှင့် ကျေးရွာဒေသခံများ    ဆက်သွယ်သွားလာမှု  အဆင်ပြေရန် လုပ်ငန်းပေါင်း  ၁၇ ခုကို  ၂၀၁၈- ၂၀၁၉ Mini ဘဏ္ဍာရေးနှစ်အထိ ငွေကျပ်ကျပ်  ၇၁၀ ဒသမ ၁၀၆ သန်းဖြင့်  ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ စက်တင်ဘာလအထိ)  ဒေသ္တရစီမံကိန်း ဥပဒေတွင် ဒေသ္တရစီမံ ကိန်းရည်မှန်းချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၏  စုစုပေါင်းထုတ်လုပ်မှုနှင် ဝန်ဆောင်မှု တန်ဖိုး(ဂျီဒီပီ)ကို     နှစ်အလိုက ဈေးနှုန်းအရ ငွေကျပ်ကျပ်ဘီလီယံ ၈၅၇၂ ဒသမ ၃၁၆ နှင့် ၂၀၁၅ - ၂၀၁၆ ခုနှစ် ပုံမှန်ဈေးနှုန်းအရ  ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်  လျာထားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ နှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ဒေသန္တရ စီမံကိန်းရည်မှန်းချက်တွင်  လယ်ယာ ကဏ္ဍကြီး  (လယ်ယာ၊  သားငါးနှင့်   သစ်တော ကဏ္ဍ)တွင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး  (စွမ်းအင်၊  သတ္တုနှင့်  တွင်းထွက်ပစ္စည်း၊ စက်မှုလက်မှု၊ လျှပ်စစ် ဓာတ်အားနှင့် ဆောက်လုပ် မှု ကဏ္ဍ)တွင်  ၁၁ ဒသမ ၂  ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍကြီး (ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေး ကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊   အခြား ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု ကဏ္ဍ)တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပထမသုံးလပတ် ကုန်အထိ (အောက်တိုဘာလမှ ဒီဇင်ဘာလအထိ) ငွေကျပ်ကျပ်ဘီလီယံ ၂၉၉၅ ဒသမ ၂၁၆  အကောင် အထည်ဖော်နိုင်ခဲ့ပြီး   ရည်မှန်းချက်အပေါ်တွင် ၃၄ ဒသမ ၉ ရာခိုင်နှုန်း    အကောင်အထည်ဖော်နိုင် ခဲ့၍ ယခင်နှစ်  အလားတူ    ကာလအခြေအနေထက် ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း  သိရသည်။

ချိတ်ဆက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်း  ၂၀၁၉  ခုနှစ ယနေ့အထိ အသေးစားလုပ်ငန်းရှင်  ၁၇၀၆   ဦး နှင့် အလတ်စား လုပ်ငန်းရှင် ၂၄၇ ဦး  စုစုပေါင်း ၁၉၅၃ ဦးတို့ကို SME Member Card  များ ထုတ်ပေးနိုင်ခဲ့သည်။ ထို့ပြင် MSME လုပ်ငန်း ရှင်များအား လုပ်ငန်းတူ၊ တည်နေရာတူအလိုက် Cluster  များ  ၄၇ ဖွဲ့  ဖွဲ့စည်းပေးနိုင်ခဲ့ပြီး အပေါင် ပစ္စည်းရှိသည့်  MSME လုပ်ငန်းရှင်များအနေဖြင့် ပန်အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ ODA Loan အဖြစ် ထောက်ပံ့သည့် JICA Two Step Loan ကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊   ချေးငွေ ကာလ အများဆုံး ငါးနှစ်၊ အများဆုံး ချေးငွေကျပ်ကျပ် သိန်း   ၅၀၀၀   အထိ   ပုဂ္ဂလိက ဘဏ် ခြောက်ဘဏ် တွင်   တိုက်ရိုက်ချေးယူနိုင်ရန် ချိတ်ဆက်ဆောင် ရွက်ပေးခဲ့သည်။

လမ်းဦးစီးအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း   ကတ္တရာ၊ ကွန်ကရစ်ခင်း ခြင်း ၁ ဖာလုံ၊ ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာ လမ်းချဲ့ ခြင်း ၂ ဖာလုံ၊ ၁၂ ပေမှ ၁၈ ပေအကျယ် ကျောက်လမ်းခင်းခြင်း ပေ ၂၉၈၀ ၊ ၁၈ ပေအကျယ် ဒီဇိုင်းတိုင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းခင်းခြင်း  ၄ မိုင်   ၅  ဖာလုံ၊ Topping ခင်းခြင်း ၁ မိုင် ၁ ဖာလုံ၊ ပေ ၆၀၀ အရှည် ၂၄ ပေအကျယ် သံကူကွန်ကရစ် တံတား တစ်စင်း  တည်ဆောက်ခြင်း၊   သံကူကွန်ကရစ် တံတားသုံးစင်းတည် ဆောက်ခြင်း၊    Box   Culvert တည်ဆောက်ခြင်း ငါးစင်း၊  ဘေလီ တံတားတည်ဆောက်ခြင်း  သုံးစင်း၊ ကျောက်စီ မြေကာနံရံ ပေ ၈၄၀ တည်ဆောက်ခြင်း၊   အုတ်စီ

ရေမြောင်းပြုလုပ်ခြင်း ၆ ဖာလုံ၊ ရေမြောင်းတူးခြင်း ၅ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်ရေမြောင်းနှင့် ပလက် ဖောင်း ပြုလုပ်ခြင်း ၂ ဖာလုံ၊ ကွန်ကရစ်လမ်းပခုံး ခင်းခြင်း ၂ ဖာလုံ၊ Guard Railတပ်ဆင်ခြင်း ၄၀၉၈ ပေ၊ ဂဝံလမ်းပခုံးခင်းခြင်း ၂ မိုင်   ၁ ဖာလုံ၊   တံတား ခုနစ်စင်းအတက်၊  အဆင်းဖြေညှိခြင်း၊ ပေ ၄၀ အကျယ် မြေသားတာပေါင်   တည်ဆောကခြင်း ၁ မိုင် ၁ ဖာလုံစသည့်   လုပ်ငန်းများကိ ပြီးစီးအောင် ဆောင်ရွက်ပေး နိုင်ခဲ့သည်။

တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ပေး

လျှပ်စစ်ဓာတ်အား   ဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် ၂၀၁၈ ခုနှစ်တွင် က၀မြို့   ကဝခွဲရုံနှင့် ပဲနွယ်ကုန်း ခွဲရုံတို့ကို ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခွဲရုံမှ ၁၀  အမ်ဗွီအေခွဲရုံသို့ တိုးမြှင့်ခြင်း၊ ဖြူးမြို့ ဖြူးဓာတ် အားခွဲရုံရှိ ၃၃/၁၁ ကေဗွီ  ၁၀ အမ်ဗွီ အေခွဲရုံအား  ၂၀ အမ်ဗွီအေခွဲရုံသို့ တိုးမြှင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ခြောက်လ  Mini  ဘတ်ဂျက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃၀ ဒသမ ၈၇ မိုင်၊ ၄၀၀  ဗို့ ဓာတ်အားလိုင်း ၄၄ ဒသမ ၂၁ မိုင်နှင့် ၁၁/ ဒသမ ၀၄ ကေဗွီ ထရန်စဖော်မာ   ၈၇  လုံးတို့ကို   တိုင်း ဒေသကြီး ရန်ပုံငွေဖြင့်    တည်ဆောက်ပေးနိုင်ခဲ့ သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ဆည်ရေသောက်စနစ် ပြုပြင် ခြင်း၊  ရေနုတ်မြောင်းတူးဖော်ခြင်းနှင့်  ရေပေး ကာကွယ်ရေး တာတမံပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း ၁၂၆ ခုကို ၂၀၁၈ - ၂၀၁၉  Mini  ဘဏ္ဍာ ရေးနှစ်အတွင်း ငွေကျပ်ကျပ် ၂၂၇၇ ဒသမ ၅၁၁ သန်း ဖြင့် အကောင်အထည်ဖော်    ဆောင်ရွက်ပေးနိုင်ခဲ သည်။   

ခရီးသွားလုပ်ငန်းများ  ဖွံ့ ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ သမိုင်းဝင်   ကေတုမတီနန်းမြို့ ဟောင်းနှင့်  ကမေ႓ာဇသာဒီနန်းတော်ကဲ့သို့သော ခရီးသွားများ   စိတ်ဝင်စားသည့်နေရာများကို အခြေခံ၍ အခြားခရီးစဉ် အသစ်များနှင့်  ချိတ ဆက်ကာ ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည့်  Master Plan ကို ရေးဆွဲ စီမံဆောင်ရွက်လျက်ရှိသည်။

ဆင်ပြတိုက်ရန်ဖွင့်ရန် ဆောင်ရွက်လျက်ရှိ

 တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်နှင့် ရေတံခွန်များကို    အပန်းဖြေစခန်းများအဖြစ် ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းခဲ့ပြီး ပဲခူး မြို့နယ်ရှိ အလိုင်နီရေလှောင်တမံ၊ ဒိုက်ဦးမြို့နယ် ရှိ ဘောနီရေလှောင်တမံ၊ မင်းလှမြို့နယ်ရှိ မုက္ခာ ရေလှောင်တမံ၊ တောင်ငူမြို့နယ်ရှိ ဆိတ်ဖူးတောင် ရေလွှဲဆည်(ပသိရေ လှောင်တမံ)၊   ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ ညောင်ကိုင်းရေလှောင်တမံ တို့ကို အပန်းဖြေစခန်း များအဖြစ် တည်ဆောက် ဖွင့်လှစ်နိုင်ရေး ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင် များ ဖိတ်ခေါ်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်   ပဲခူးတိုင်းဒေသကြီးတွင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းရှစ် ခုနှင့် ဆင်ဆေးရုံတစ်ခု ဖွင့်လှစ်ထားရှိပြီး ဖြစ်သည့်အပြင်    ပြည်ဒေသ     နတ်မှော်ဆင်စခန်းတွင်    ဆင်ပြတိုက် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ကျေးလက်မီးလင်းရေး

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဒိုက်ဦးမြို့နယ် ၌ ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမ ပြည်သူများနှင့် Talent Technology ကုမ္ပဏီ တို့ ပူးပေါင်းပြီး Solar   Mini  Grid ဖြင့် ဆောင်ရွက်သည့်    ကျေးလက်မီးလင်းရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းတောင်းမြို့နယ် သရက် လိန်ကျေးရွာအုပ်စု တက်သစ်ကျွန်းကျေးရွာတွင် NEP စီမံကိန်း Solar Mini Grid ဖြင့် ဆောင် ရွက်သော ကျေးလက် မီးလင်းရေးများကို ဆောင် ရွက်ပေးခဲ့သည်။

သဘာ၀ဘေးအ္တရာယ်နှင့်   ပတ်သက်၍ တိုင်းဒေသကြီးအတွင်း တာအိ၊ တာလျှော ဖြစ်ပေါ် သည့်နေရာများ တွင် တုတ်တန်းရိုက်၍ သဲအိတ်ချ ကာကွယ်ခြင်း၊    ရေမြုပ်ရေလွှဲတန်းပြုလုပ်ခြင်း နှင့် ပိုးတာတည် ဆောက်ခြင်း၊  တာကျိုးပေါက် အား ယာယီပိတ်ဖို့ခြင်းလုပ်ငန်း ၁၃ ခုကို ၂၀၁၈ - ၂၀၁၉ Mini     ဘဏ္ဍာ ရေးနှစ်တွင်   ငွေကျပ်ကျပ် ၃၃၄ ဒသမ ၅၃၈ သန်းနှင့် ၂၀၁၈-၂၀၁၉   ဘဏ္ဍာ ရေးနှစ်တွင် လုပ်ငန်းငါးခုအ တွက် ငွေကျပ်ကျပ် ၅၇၀ ဒသမ   ၁၆၀   သန်းတို့ဖြင့်   ဆောင်ရွက်ပေးခဲ့သည်။

အိမ်ရာအကွက်ပေါင်း  ၇၆ ကွက်ကို အကွက်ချ

ထို့ပြင် ဆွာချောင်းရေလှောင်တမံ   ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့သည့် ရေတာ ရှည်မြို့နယ် သိုင်း၀ကျေးရွာအုပ်စုရှိ ကျွန်းတောစု ကျေးရွာကို  သိုင်း၀ကျေးရွာနှင့်   ဘောင်တုတ် ကျေးရွာအကြား မြေနေရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် မြေဖို့ခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့် ပြိုလဲနေအိမ် ၄၈ လုံးအတွက် အကွက်ပေါင်း ၄၈ ကွက်အား မြေနေရာတိုင်းတာ သတ်မှတ် ပေးပြီး နေအိမ် ၃၆ လုံးကို ဆောက်လုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ် မတ် ၄ ရက်အထိ အိမ်ရာ အကွက်ပေါင်း  ၇၆ ကွက်ကို အကွက်ချတိုင်းတာပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်၍   လျှပ်စစ်မီး သွယ်တန်းရေး၊   ရေရရှိရေးနှင့် အလက(ခွဲ)ကျောင်းဆောင် ဆောက်လုပ်နိုင်ရေး တို့ကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်း(ပင်မ) ရေလှောင်တမံအက်ကြောင်းဖြစ်ပေါ်မှုနှင့် ပတ်သက်၍  တမံအတွင်းဘက်ခြမ်းနှင့် အပြင်ဘက်ခြမ်း များတွင် စက်ယန္တရားကြီးများဖြင့်   အပေါ်ယံ မြေသားများ ရှင်းလင်းခြင်း၊ ကျောက်များဖယ်ရှား တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တောင်နဝင်း (ပင်မ)တမံတွင်  တမံထိပ်ပိုင်းနှင် အတွင်းပိုင်းကို Geophysics ပညာရှင်များဖြင့် မြေသား တူးဖော် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်း    ဂျပန် နိုင်ငံ၏  JICA ODA LOAN အကူအညီ ဖြင့် မြောက်န ဝင်းဆည်နှင့်   တောင်နဝင်းဆည် ရေသောက်စနစ်     အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို ၂၀၁၄ - ၂၀၁၅ မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ၊ ဝဲကြီးဆည် ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၅ - ၂၀၁၆ မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ၊ တောင်ညို ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းကို ၂၀၁၅-၂၀၁၆ မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်အထိ ဆောင်ရွက်လျက်ရှိပြီး က္ဘာ့ဘဏ် အကူအညီ ချေးငွေ (Batch-1 ) ဖြင့် ဆွာချောင်း ရေလှောင်တမံ  ဆည်ရေသောက်စနစ်   အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို  စီမံဆောင်ရွက် လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ ခြမ်း)တွင် ဘောန ဆည်ရေသောက်စနစ်   အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် အနောက်ခြမ်းတွင် သဲကောဆည်ရေ သောက်စနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ရန် လျာထားလျက်ရှိပြီး ပထမဦးစား ပေးအနေဖြင့် ဘောနီဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို     ကမ႓ာ႔ဘဏ် အကူအညီချေးငွေ  (Batch-2) ဖြင့် KRC (Korea Rural  Community   Corpora-tion)  အဖွဲ့နှင့်   ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆည်ရေသောက်စနစ်ပြုပြင်ခြင်း

အချုပ်အားဖြင့်ဆိုရလျှင် ပဲခူးတိုင်းဒေသကြီး အတွင်း ဆည်ရေသောက်စနစ်ပြုပြင်ခြင်း လုပ်ငန်း ၏  အဓိက အခန်းကဏ္ဍဖြစ်သော   ရေလှောင် တမံများ၏   ဆည်ရေသောက်ဧရိယာများတွင် ဆည်အလိုက်၊ မြောင်းအလိုက်၊ လက်တံအလိုက် ဆည်ရေစီမံခန့်ခွဲမှုအသင်း (WUA) ဖွဲ့စည်းနိုင် ရေး  ပဏာမကွင်း ဆင်းမှုနှင့် ရေအသုံးပြုသူ တောင်သူအဖွဲ့ (WUG) များအား စနစ်တကျ ဖွဲ့စည်းဆောင်ရွက် ပေးလျက်ရှိသည်။

ရေသောက်စနစ်တစ်ခုလုံးအတွက် (WUG) အဖွဲ့အစည်းများ၊ WUG  WUA  (Water User Association) များ ဖွဲ့စည်းတည်ထောင်ပြီးပါက ၎င်းအဖွဲ့အစည်းများ၏    ညှိနှိုင်းဦးဆောင်စီမံမှု များဖြင့်   သီးနှံပုံစံချ မှတ်ခြင်း၊    ရေစနစ်တကျ သုံးစွဲခြင်း၊ ရေခွန်များပေးဆောင်ခြင်း၊ တူးမြောင်း ပြုပြင်ခြင်းဖြင့် သီးထပ်သီး ညှပ်များ အောင်မြင်စွာ စိုက်ပျိုးနိုင်ကာ ဒေသတွင်း တောင်သူလယ်သမားများ၏  လူမှုစီးပွားဘ၀ တိုးတက် မြင့်မားလာနိုင် မည်ဖြစ်သည်။

ပြည်သူလူထုမှ လေ့လာသိရှိနိုင်

e-Government  စနစ်အား   အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြင့် အစိုးရ၏ လုပ်ငန်းဆောင် ရွက်မှုများကို ပြည်သူများ သိရှ လာနိုင်ခြင်း၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းများ ပိုမို လျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက် နိုင်ခြင်း၊ ဘဏ္ဍာငွေ သုံးစွဲမှုအခြေအနေ(Citi-zen’s Budget)ကို Ebago  Application အား Download   ပြုလုပ်၍   လေ့လာနိုင်ပြီ ဖြစ်သဖြင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုကို ပြည်သူလူ ထုမှ လေ့လာသိရှိနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

တိုင်းဒေသကြီးအတွင်း MSMEs ဒေသ တွင်းထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို Knowle-dge Sharing  နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲများကို   ကျင်းပပြုလုပ် သည့်အတွက် MSME လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်လာခြင်း၊ MSMEs အချင်းချင်း ထုတ်ကုန်အရည်အသွေးနှင့် တီထွင်ဆန်း သစ်မှုများကို သိရှိလာခြင်း၊    ပေါင်းစည်းလုပ်ကိုင် ဆောင်ရွက်မှုများမှ International Market အတွင်းသို့ ဝင်ရောက်နိုင်ခြင်းစသည့်   အကျိုး ကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်၏   အဓိကကျသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီ   ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးဥပဒေ၊ မြေယာဥပဒေများကို စာတွေ လက်တွေ့ သင်ကြားပေး လျက်ရှိပြီး ပြည်သူများ ယုံကြည်အားကိုးထိုက်သော အုပ်ချုပ်ရေးဝန်ထမ်း များဖြစ်လာရန် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းများ ဆောင်ရွက်နေမှုကို ကြိုဆိုပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။          ။

ဆောင်းပါး - ကျော်သူထက် ၊  ဓာတ်ပုံစုစည်း - ကိုကိုစိုးညွန့်