ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်း အစည်းအဝေးကျင်းပ
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်း အစည်းအဝေးကျင်းပ
Ministry of Information/ ရန်ကုန် / July 27, 2019
နေပြည်တော် ဇူလိုင် ၂၇
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်း စဉ်များ ချမှတ်နိုင်ရေး ညှိနှိုင်းအစည်း အဝေး ကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန် မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် မြန်မာနိုင်ငံ အတွင်း သမိုင်း အစဉ်အဆက် မှီတင်းနေထိုင် လျက်ရှိကြသည့် တိုင်းရင်းသား လူမျိုးများ ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်နေရာ တည်း၌ တစ်စုတစ်စည်းထဲ ထင်ရှားပေါ်လွင်စွာ လေ့လာနိုင် ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓါတ်ခိုင်မာ စေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည် ရွယ်၍ တည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊
နိုင်ငံအကြီးအကဲများက တိုင်းရင်းသားကျေးရွာ ထူထောင်ခြင်း၏ မူလ ရည်ရွယ် ချက်မပပျောက်စေရန် ကလေးများ၊ အမျိုးသား အမျိုးသမီးများ နှင့် သက်ကြီးရွယ်အို များအတွက် အပန်းဖြေရန် သီးသန့်နေရာများ စီစဉ်ပေးသကဲ့သို့ မသန်စွမ်းသူများ၊ အမြင် အာရုံချို့တဲ့သူများအတွက် လည်း စီစဉ်ပေးရန်နှင့် အမြန်ပြီးစီးနိုင်မည့်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်၍ ပြီးစီးမှုအခြေအနေများကို ပြည်သူများသိရှိ အောင် ကြေညာပေးရန် မှာကြားခဲ့ပါကြောင်း၊ ထို့ပြင် ဝင်ငွေပိုမိုတိုးတက်ရရှိရေး ထက် တိုင်းရင်းသား ကျေးရွာ ၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ် ပိုမိုတိုးတက်ရေးကို အလေးပေး ဆောင်ရွက်သွား ရန် မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအဆင့်မြှင့်တင်ရေး ဆောင်ရွက် မည့် Master Plan သည် မူလရည်ရွယ်ချက်ကို အထောက်အကူပြုရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားအားလုံး၏ မူလပြယုဂ် ဖြစ်သည်နှင့်အညီ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို မြန်မာတွင်သာမက တစ်ကမ္ဘာလုံး သိရှိနိုင်အောင် ထုတ်ဖော် ပြသနိုင်မည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာအတွင်း၌ တိုင်းရင်းသား ရိုးရာ တူရိယာပစ္စည်းများ၊ အသုံး အဆောင် ပစ္စည်းများကို ဒီထက်မက စုံလင်စွာပြသနိုင်ပါက တစ်ဖက် တွင် ရိုးရာယဉ်ကျေးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း အကျိုးကျေးဇူး ရရှိသည့်အပြင် အခြားတစ်ဖက်တွင်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အတွက် လည်ပတ်စရာ ခရီးစဉ်တစ်ခု တိုးလာမည်ဖြစ်ပါ ကြောင်း။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးအဖွဲ့များ၊ မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင် များ အသင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ စာပေနှင့်ယဉ်ကျေး မှု အသင်းအဖွဲ့များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပြည်ထောင် စု တိုင်းရင်းသားကျေးရွာ ရေရှည်တည်တံ့ရန်နှင့် ဖွဲ့ဖြိုး တိုးတက်ရန် တစ်တပ် တစ်အား ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းပြော ကြား လိုပါ ကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ယခုပြသထားသည့် တိုင်းရင်း သား မျိုးနွယ်စု ၈ မျိုးနှင့် ဆလုံတိုင်းရင်းသား ပြခန်းများအပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသများမှ တိုင်းရင်းသားများ၏ ပြခန်းများ တိုးချဲ့ပြ သနိုင်ရန် စဉ်းစားဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ပြတိုက်ကိုလည်း ခေတ်မီ နည်းပညာများကို အသုံးပြုပြီး ခင်းကျင်းမှုများကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၏ ရည်ရွယ်ချက်ကို မပျောက်ပျက်စေဘဲ အများပြည်သူ လေ့လာအပန်း ဖြေရာ နေရာသာမက ကမ္ဘာလှည့်ခရီးသွားများအတွက်ပါ လေ့လာနိုင် သည့် နေရာဖြစ်လာစေရန် ကြွရောက် လာ ကြသည့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် ဧည့်သည်တော်များ အားလုံးက ကောင်းမွန် သည့် အကြံဉာဏ်များပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဌများနှင့် ဧည့်သည် တော်များက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြား သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီး ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ (ရန်ကုန်)ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)