ဒေးစွန်ပါစေတီတော်မြတ်ကြီးအနီးရှိ မာန်လျှော့တောင် ဆက်လက် ပြိုကျမှုမဖြစ်စေရန်စုပေါင်းဆောင်ရွက်နေ
ဒေးစွန်ပါစေတီတော်မြတ်ကြီးအနီးရှိ မာန်လျှော့တောင် ဆက်လက် ပြိုကျမှုမဖြစ်စေရန်စုပေါင်းဆောင်ရွက်နေ
Ministry of Information/ ပဲခူးမြို့နယ် / August 12, 2019

ပဲခူး ဩဂုတ် ၁၂
ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ သမိုင်းဝင်ဆုတောင်းပြည့်ဒေးစွန်ပါ စေတီတော်မြတ်ကြီးအနီးရှိ မာန်လျှော့တောင်ပြိုကျနေမှု အစိတ် အပိုင်းအား ဆက်လက်ပြိုကျမှုမဖြစ်စေရေးအတွက် ယနေ့ မွန်းလွဲပိုင်း အချိန်က နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများက ဝါးတုတ်တန်း ရိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မာန်လျှော့တောင်သည် ပဲခူးမြို့နယ် ဘုရားကြီးမြို့ ဝမ်းဘဲအင်း ကျေးရွာအနီး ဒေးစွန်ပါ စေတီတော်မြတ်ကြီးတည်ရှိရာ တောင်တန်း တွင်တည်ရှိပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဩဂုတ်လ (၁၁)ရက်နေ့ နံနက် (၆)နာရီခွဲခန့်က မြေသားများပြိုကျခဲ့ခြင်းဖြစ်ပြီး တောင် အစိတ်အပိုင်း ဆက်လက်ပြိုကျမှုမဖြစ်ပေါ်စေရန်အတွက် ဂေါပကအဖွဲ့များ နှင့် အတူ နယ်မြေခံ တပ်ရင်းများမှ တပ်မတော် သားများက ဝါးတုတ်တန်းရိုက်ခြင်းများဆောင်ရွက် ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)