အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင် နိုင်ရေးအတွက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်း


Ministry of Information/ ​နေပြည်တော် / August 13, 2019
image_latest


ရန်ကုန် ဩဂုတ် ၁၂

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင် မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် အားလုံးဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးစေလို ကြောင်း၊ မိမိတို့ အားကစား နည်းများ၏ အားသာချက်၊ အားနည်းချက် ရေှ့ဆက်ဆောင်ရွက်ရမည့် အရှေ့တောင်အာရှ၏ မျှော်မှန်းချက်များကို ဝန်ကြီးဌာနအနေဖြင့် ကူညီရ မည့်ကိစ္စရပ် များကို အဖွဲ့ချုပ်များက ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်က အကြိမ် (၃၀) မြောက် အရှေ့ တောင်အာရှအားကစား ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ အားကစား နည်း ၅၆ မျိုးကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း ၂၇ မျိုးကို ပဏာမလျာထားပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာအားကစားအဖွဲ့ချုပ်များအနေဖြင့် သတ်မှတ်ထားသည့် နေ့ရက်အတွင်း By Name / By Event များ အမြန်ဆုံးပေးပို့ နိုင်ရေး၊ အားကစားနည်းအလိုက် မြန်မာအားကစား အဖွဲ့ များ ယှဉ်ပြိုင် ရမည့်နေ့ရက်များနှင့် ပြိုင်ပွဲကျင်းပမည့်နေရာများ၊ တည်းခိုမည့် ဟိုတယ် များ၊ ပြိုင်ပွဲများကျင်းပရာတွင် လေးနေရာခွဲ၍ ကျင်းပသွားမည်ဖြစ် ပါ ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ မြန်မာအားကစား အသင်းများ နိုင်ငံ တကာနှင့် ပူးပေါင်းလေ့ကျင့်မှုသွားရောက် လေ့ကျင့်နိုင်ရေး လျာထား ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမ လျာထားသည့် အားကစားနည်း ၂၇ နည်းမှအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးများက မိမိတို့ အားကစားသမားစခန်းသွင်း လေ့ကျင့်နေသည့်ကာလအတွင်း တိုးတက်မှုနှင့် အားနည်းချက်/အားသာချက် အခြေအနေများ၊ ပူးပေါင်း လေ့ကျင့်မှု ပူးတွဲလေ့ကျင့် နိုင်ရေး အစီအစဉ်များ၊ နိုင်ငံခြား နည်းပြ ခန့်ထား တာဝန်ပေးနိုင်ရေး၊ ပြိုင်ပွဲကာလသုံးလကျော် အားကစား နည်းအလိုက် လေ့ကျင့်ရေးသုံး အသုံးအဆောင်ပစ္စည်းများ၊ ပြိုင်ပွဲအတွက် အထောက်အကူပြု ပစ္စည်းများရရှိနိုင်ရေး အခြေအနေများကို အဖွဲ့ချုပ် တာဝန်ရှိသူများကအသေးစိတ်ဆွေးနွေးတင်ပြ ပြီး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ အဖွဲ့ချုပ်များမှာလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်စေလိုကြောင်း၊ တင်ပြထားသည့် အားကစား အထောက်အကူပြုပစ္စည်းများ အချိန်မီရရှိနိုင်ရေးအတွက် ဆောင်ရွက် နေပါ ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲအတွက် အဖွဲ့ချုပ်များ အနေဖြင့်ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် အချက်အလက်များကို အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်