ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် အခြေခံပညာမူလတန်းကျောင်းများ၌ နွားနို့နှင့်ကြက်ဥတိုက်ကျွေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019


ဘားအံ ဩဂုတ် ၉

 ကရင်ပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်းများ၌ နို့တိုက်ကျွေးသည့် အခမ်းအနားကို အပတ်စဉ် ကျင်းပလျက်ရှိရာ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၁၀ နာရီကျော်က ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လှာကဒေါင်ကျေးရွာအုပ်စု၊ မင်္ဂလာရွာသစ် အခြေခံပညာမူလတန်းကျောင်း၌ နွားနို့နှင့်ကြက်ဥကို တိုက်ကျွေးခဲ့ကြသည်။

 ရှေ့ဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်၊ ခရိုင်ဦးစီးမှူးဒေါက်တာ ခင်ငယ်အောင်နှင့် မြို့နယ်ဦးစီးမှူးဒေါက်တာစောဖောင်ဟိတို့က နို့သောက်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မူလတန်းကျောင်းသား/သူ ၈၆ ဦးတို့အား နွားနို့နှင့်ကြက်ဥတို့ကို တိုက်ကျွေးခဲ့ကြသည်။

 မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဘားအံမြို့ပေါ်နှင့်ပတ်ဝန်းကျင်ဒေသများရှိ အခြေခံပညာမူလတန်း ကျောင်းများအား ရက်သတ္တပတ် (၁)ပတ်လျှင် (၁)ကျောင်းနှုန်းဖြင့် အပတ်စဉ်တိုက်ကျွေးလျက်ပြီး နို့နှင့်ဥအမျိုးမျိုးကို စားသုံးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ရည်ထက်မြတ်၍ အရိုးနှင့်သွားများသန်မာစေကာ ခန္ဒာကိုကျန်းမာကြံခိုင်ကြီးထွားစေသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။