မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ရိက္ခာပစ္စည်းများ လာရောက် လှူဒါန်း


Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


မော်လမြိုင် ဩဂုတ် ၁၄

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သော မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို ပြည်နယ် အတွင်းရှိ အလှူရှင်များသာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စေတနာရှင်အလှူရှင် များကလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ဖွင့်လှစ်ထားသော ပြည်နယ် ရေဘေးကွပ်ကဲရေးရုံးသို့ လာရောက်လှူဒါန်းလျက်ရှိသည်။

 

ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များထံမှ လှူဒါန်းလက်ခံရရှိသောငွေများမှာ ဩဂုတ် ၉ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျပ်သိန်းပေါင်း (၁၇၉၀) ကျော်ရရှိထားပြီး စားနပ်ရိက္ခာ များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ၊ မုန့်၊ ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်၊ စောင်နှင့် ဆေးဝါး များကိုလည်း ရေဘေးကွပ်ကဲရေးရုံးသို့ လာရောက်လှူဒါန်း ကြသည်။

 

အဆိုပါ လာရောက်လှူဒါန်းသော စားနပ်ရိက္ခာများကို ရေဘေးသင့်ဒေသရှိ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ ခွဲဝေပေးပို့လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)