မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ အသင်းတို့မှ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


Ministry of Information/ ​နေပြည်တော် / August 19, 2019
image_latest


မန္တလေး ဩဂုတ် ၁၈

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများ အသင်းတို့မှ ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်သှူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က အလှူရှင်များ ကိုယ်စား လှူဒါန်းမှုအကြောင်းကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ အသင်းနှင့် အသင်းဝင်ကုမ္ပဏီ ၂၉ ခုတို့က ရေဘေး အန္တ ရာယ်သင့် ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် လှူဒါန်းငွေကျပ် ၃၅၄၃၀၈၅၀ ကို လက်ခံသည်။

သတင်းစဉ်