ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖိလစ်ပိုင်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌနှင့် တွေ့ဆုံခြင်း


Ministry of Foreign Affairs/ Nay Pyi Taw / August 18, 2019


(၁၈-၈-၂၀၁၉ ရက်၊ မနီလာမြို့)

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်သည် ဖိလစ်ပိုင် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင် များဥက္ကဌ Ms. Ma. Alegria S. Limjoco နှင့်အဖွဲ့အား (၁၄-၈-၂၀၁၉) ရက်တွင် မနီလာမြို့ရှိ Dusit Thani Hotel ၌ ချိန်းဆိုတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်တင်ပို့ရေး၊ နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်းတို့ ပိုမိုထိတွေ့ဖလှယ်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။