စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများ ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများ ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Sagaing Region Government/ မုံရွာမြို့ / August 27, 2019

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ (၂၇)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် စစ်ကိုင်းမြို့၌ ကျင်းပပြုလုပ်သော ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများ ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြပွဲတွင် ခင်းကျင်းပြသထားသော ကျောက်စိမ်းတွဲများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။