ရတနာပုံတက္ကသိုလ်၊ မြင်းခြံဒီဂရီကောလိပ်၊မန္တလေးဒီဂရီကောလိပ်များ တွင် (အဝေးသင်သင်တန်း) အနီးကပ်ပို့ချသင်တန်းနှင့် အတန်းတင် စာမေးပွဲ ကျင်းပမည်
ရတနာပုံတက္ကသိုလ်၊ မြင်းခြံဒီဂရီကောလိပ်၊မန္တလေးဒီဂရီကောလိပ်များ တွင် (အဝေးသင်သင်တန်း) အနီးကပ်ပို့ချသင်တန်းနှင့် အတန်းတင် စာမေးပွဲ ကျင်းပမည်
Ministry of Information/ နေပြည်တော် / August 29, 2019

နေပြည်တော် ဩဂုတ် ၂၈
ရတနာပုံတက္ကသိုလ်၊ မြင်းခြံဒီဂရီကောလိပ်၊ မန္တလေးဒီဂရီကောလိပ်များ တွင်(အဝေးသင်သင်တန်း) အနီးကပ်ပို့ချသင်တန်းနှင့် အတန်းတင် စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအသုတ်အနေဖြင့် သိပ္ပံအထူးပြုအားလုံး ပထမနှစ်မှ စတုတ္ထနှစ် အထိကို အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ စာမေးပွဲဖြေဆိုရမည် ဖြစ်ပြီး ၎င်းတို့အတွက် အနီးကပ်သင်တန်းမရှိကြောင်း သိရသည်။
ဒုတိယအသုတ်အနေဖြင့် အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာရပ်များ၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉမနှစ်(ဥပဒေပညာ)ကို အောက်တိုဘာ ၁၀ ရက် မှ ၂၄ ရက်အထိ အနီးကပ် သင်တန်းပို့ချပြီး အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ စာမေးပွဲကျင်းပ မည် ဖြစ်သည်။
တတိယအသုတ်အနေဖြင့် အထူးပြုဘာသာရပ် မြန်မာစာ၊ သမိုင်းပထမ နှစ် ကျောင်းသား ကျောင်းသူ များသည် လည်းကောင်း၊ အထူးပြုဘာသာ ရပ် မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်များကို နိုဝင်ဘာ ၆ ရက်မှ ၁၈ ရက်အထိ အနီးကပ်သင်တန်း များ ပို့ချပြီး နိုဝင်ဘာ ၂၀ရက်မှ ၂၈ရက် အထိ စာမေးပွဲများ ကျင်းပ သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ရတနာပုံ တက္ကသိုလ် (အဝေးသင် သင်တန်း)မှ သတင်းရရှိသည်။
အေးသန်း