ယခုပညာသင်နှစ်မှ စတင်၍ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက် ကြောင်း လက်မှတ်ပေးအပ်မည်
ယခုပညာသင်နှစ်မှ စတင်၍ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက် ကြောင်း လက်မှတ်ပေးအပ်မည်
Ministry of Information/ နေပြည်တော် / August 30, 2019

နေပြည်တော် ဩဂုတ် ၂၉
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ပေးအပ်သွား မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၌ ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်သည် အခြေခံပညာအထက်တန်းဆင့် ပြီးဆုံး အောင် သင်ယူလေ့လာခဲ့သော ကျောင်းသားအား ချီးမြှင့် ပေးအပ်မည့် အထောက် အထား လက်မှတ် တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာအဆင့်၌ တက္ကသိုလ် ဝင်စာမေးပွဲဖြင့် တက္ကသိုလ် ဆက်လက်တက်ရောက် ခွင့်ကို ဆုံးဖြတ်နေခြင်းဖြစ်ကြောင်း၊ နှစ်စဉ် တက္ကသိုလ် ဝင်တန်းအောင်ချက်ကို ကြည့်မည်ဆိုပါက သုံးပုံ တစ်ပုံ ဝန်းကျင်သာ စာမေးပွဲအောင်မြင်ပြီး ကျန် သုံးပုံ နှစ်ပုံသော ကျောင်းသားများသည် တက္ကသိုလ် ဆက်လက် တက်ရောက်ခွင့်မရဘဲ အခွင့်အလမ်းဆုံးရှုံးနေသည်ကို တွေ့ရပါကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောကြားသည်။
"၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မြင်တဲ့ ကျောင်းသားတွေအတွက်လည်း အသက် မွေးဝမ်းကျောင်း သင်တန်း တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိဖို့၊ လိုက်လျော ညီထွေတဲ့ ကျွမ်းကျင်မှုတွေရရှိပြီး လူမှုဘ၀မြင့်မား လာရေးကို ဆောင်ရွက်ပေးနိုင်ဖို့၊ တစ်ဦးချင်းဝင်ငွေရရှိပြီး မိသားစု ဝင်ငွေ မြင့်မား လာကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီလက်မှတ်ကို ပေးအပ်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပညာတွေ ဆက်လက် သင်ယူနိုင်ဖို့၊ လူတစ်ယောက်အနေနဲ့ ထားရှိအပ်တဲ့ "စံ" သတ်မှတ်ချက် တွေ ပြည့်မီအောင် ပိုမိုကြိုးစား လာနိုင်ဖို့ ၊ ကျောင်းသည် အရည်အသွေး အာမခံမှုရှိတဲ့ သင်ကြား၊ သင်ယူရာနေရာ ဖြစ်ပြီး အမျိုးသား ပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ လည်း ရည်ရွယ်တာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြား သည်။
အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ် ပေးနိင်ရေးအတွက် ပညာရှင်များစွာဖြင့် အကြိမ်ကြိမ် စိစစ်ဆွေးနွေး တိုင်ပင်မှုများလည်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံ ပညာ အထက်တန်း ကျောင်း(ခွဲ)များ၊ တွဲဖက် အထကများ၊ ကိုယ်ပိုင်ကျောင်း (ယာယီ)များ၊ ကိုယ်ပိုင် ကျောင်း (စမ်းသပ်)များ အပါအဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အခြေခံပညာ အထက်တန်း ဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရေးကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ် သည်။
"ကျောင်းအခြေပြု (School Base) အစီအစဉ်နဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အခြေခံပညာအထက် တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ကို ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နဲ့ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးတွေက လက်မှတ်ရေးထိုး ပေးအပ် သွား မှာဖြစ်ပါတယ်"ဟု ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။
အခြေခံပညာအထက်တန်းကျောင်းများ၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် တို့ရှိ လေ့ကျင့်ရေး အထက်တန်းကျောင်းများ၊ တပ်မတော် အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်း (ယာယီ)များသည် မိမိတို့ကျောင်းတွင် အရည် အသွေး အာမခံ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူ ကိုသာ အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ် သွားမည်ဖြစ်ကြောင်း သိရ သည်။
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ ကိုယ်ပိုင် ကျောင်း(စမ်းသပ်)များ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် အရည်အသွေး စိစစ်ရေးအဖွဲ့ကို ကျောင်း များတွင် ဖွဲ့စည်းပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူကို ပင်မကျောင်းများသို့ တင်ပြပြီး သက်ဆိုင်ရာပင်မကျောင်း များမှ အခြေခံပညာ အထက်တန်း ဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသွားမည်ဖြစ်သည်။
အဆိုပါလက်မှတ်ကို ကျောင်းများတွင် ဖွဲ့စည်းထား သော အရည်အသွေးစိစစ်ရေးအဖွဲ့က အကဲဖြတ် ပေးအပ် သွားမည်ဖြစ်သည်။ အဖွဲ့တွင် ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး လက်ရှိတွင် ဒသမတန်း (Grade 11) ၏ အတန်းပိုင်များ၊ ဘာသာရပ်မှူး၊ ဘာသာပြဆရာများသည် အဖွဲ့ဝင်၊ အတန်းမှူးသည် အတွင်းရေးမှူးအဖြစ် ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာ အထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ကို ကျောင်းခေါ်ကြိမ်ပြည့်မီခြင်း၊ ပညာရည် စစ်ဆေး အကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက်တတ်မြောက်မှု အဆင့်သတ်မှတ်ခြင်း၊ စာပေ၊ အနုပညာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ စာကြည့်တိုက်ဆိုင်ရာ ကဏ္ဍများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်းလိုက်နာခြင်း၊ အားကစားနှင့်ကာယ လှုပ်ရှားမှုများ ဆောင် ရွက်ခြင်း၊ ကျောင်းကောင်စီအသင်း အဖွဲ့များနှင့် လူမှုရေးအသင်း များတွင် ပါဝင်ဆောင်ရွက် ခြင်းစသည့် ကဏ္ဍခုနစ်ရပ်ဖြင့် ထည့်သွင်းစဉ်းစား ပေးအပ် သွားမည်ဖြစ်သည်။
အဆိုပါ အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-နန္ဒာဝင်း
ဓာတ်ပုံ- ထိန်နန်နော်