ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီး မစ္စစ်ကင်မ်ဂျောင်းဆု တို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ
ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီး မစ္စစ်ကင်မ်ဂျောင်းဆု တို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ
Ministry of Information/ ရန်ကုန် / September 05, 2019
ရန်ကုန် စက်တင်ဘာ ၅
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယား သမ္မတ နိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး မစ္စစ်ကင်မ် ဂျောင်းဆု တို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက် ခွာ သွားသည်။
ကိုရီးယား သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့ ဦးဆောင်သောချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့်ဇနီး ဒေါ်ခိုင်နွယ်ဦး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဒေါ်ခင်မိမိကြွယ်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ကိုရီးယား သမ္မတနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa နှင့်ဇနီး နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ထိုသို့ပို့ဆောင်နှုတ်ဆက်စဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကိုရီးယား သမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့အား မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရိုက်ကူး ထားသော မှတ်တမ်း ဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။
(သတင်းစဉ်)
