ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမား နှင့်တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / September 19, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၉

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမား အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏အနာဂတ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ကဏ္ဍများ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း လုပ်ငန်းအဖွဲ့ အစည်းအဝေးကို အောက်တိုဘာလအတွင်း နေပြည်တော်၌ ကျင်းပရေးတို့ကို ဆွေးနွေးကြသည်။

(သတင်းစဉ်)