ဒုတိယဝန်ကြီး ဦးအောင်ထူး မြစ်ကြီးနားမြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် အဆောက်အဦအား စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ


Ministry of Information/ မြစ်ကြီးနား / October 04, 2019
image_latest


နေပြည်တော် အောက်တိုဘာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ယနေ့နံနက် ၁၁ နာရီခွဲတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ကုန်သွယ်ရေးဦးစီးဌာန ၏ ပို့ကုန်၊ သွင်းကုန်ရုံး (မြစ်ကြီးနား) R.C နှစ်ထပ်ရုံး တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိပြီး အဆောက်အဦအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်နန်း ရိပ်သာရပ်ကွက်ရှိ ဒေသထွက် ကုန် အရောင်းပြခန်းသို့ ရောက်ရှိပြီး ပြသထားသော ဒေသထွက်ကုန် များအား ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ် ရပ်ကွက်ရှိ စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်၊ သွင်းကုန် လိုင်စင်ထုတ်ပေးနေမှု၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏ ဒေသတွင်းကုန်ပစ္စည်း ပြခန်းတို့အား ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းကိစ္စရပ်များ၊ ဝန်ထမ်းသက်သာချောင်ချိရေးတို့အတွက် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်